အပိုင်း ၁၉

4.5K 155 0
                                    

Unicode font

အပိုင်း ( ၁၉ )

အခန်း ( ၄၆ )

"မောင်က သင်္ကြန်ကို မဝေမွန်တို့နဲ့ လည်နေပြီထင်နေတာ"
"သူက လည်မလား၊ ကိုဝင်းကြည်နဲ့ကို သူ့ယောကျာ်းက ခွင့်ပြုမနေဘူး"

သင်္ကြန်သည် ကားပေါ်တက်ထိုင်ပြီး ခါးပတ်ပတ်နေရင်း နှုတ်ခမ်းထော်၍ ပြန်ဖြေလိုက်သည်။ ဟွန်း… ချစ်သူရှိရဲ့သားနဲ့ အတူမလည်ရတဲ့အဖြစ်၊ ဒီကြားထဲ သူက မွေးနေ့ကိုပါ မေ့နေသေး။ ချစ်ချင်စရာလေးပါ့။ တွေ့ဆုံတုန်းခဏ စိတ်မကောက်ချင်လို့ အေးဆေးနေပေးနေတာကို။ စပြောလာတဲ့စကားက စိတ်မကောက်ကောက်ချင်အောင်လို့။ ဘယ်မှမသွားဘူးဆိုတာ သိသိကြီးနဲ့။

"ဗျာ… ကိုဝင်းကြည်က ဘယ်သူလဲ"

နယုန်က ကားမောင်းထွက်လာရင်း မေးလိုက်သည်။

"ဟမ်… ကိုယ်ဝန်ကြီးနဲ့လို့ ပြောတာလေ ခိ နင် မသိဘူးလား"
"ဪ… ဟုတ်လား၊ မောင်မသိဘူး"
"နင် တကယ် မကြားဖူးဘူးလား၊ ငါလ​ဲ ဟာသပြောတာ ကြားဖူးတာပါ၊ လင်မယားနှစ်ယောက် ရန်ဖြစ်လို့ ယောကျာ်းက အိမ်ပေါ်ကဆင်းပြီး တခြားရွာမှာနေသွားတာတဲ့၊ တစ်လလောက်နေတော့ မိန်းမက ယောကျာ်းကို စာရေးပြီးခေါ်တာ၊ သူ့မှာကိုယ်ဝန်ရှိနေလို့ အမြန်ပြန်လာဖို့ ရေးတာကို ကျွန်မ ကိုဝင်းကြည်နဲ့ဖြစ်နေပြီ၊ အမြန်ပြန်လာပါလို့ သတ်ပုံမှားရေးလိုက်မိလို့ ယောကျာ်းက ကိုဝင်းကြည်နဲ့ဖြစ်နေတာကို သူ့ကို ပြန်ခေါ်စရာလားဆိုပြီး မပြန်ဘူးတဲ့"

နယုန် မျက်လုံးများပိတ်ကျအောင် ရယ်လိုက်မိရင်း။

"ကိုယ်ဝန်ကြီးနဲ့လို့ ရေးတာကို ကိုဝင်းကြည်နဲ့လို့ သတ်ပုံမှားပြီးရေးမိတာပေါ့၊ မတို့ အဲ့လိုဟာသတွေကို ဘယ်ကသိတာလဲ"
"ဟမ်… ဒီလိုပဲသိတာပဲ၊ တစ်ဆင့်စကား တစ်ဆင့်နားပေါ့၊ ဒါနဲ့ နင် ဘုရားတင်ဖို့ ဘာပန်းလာဝယ်တာလဲ"

နောက်ခန်းသို့ လှည့်ကြည့်မလို လုပ်နေတဲ့ သင်္ကြန်ရဲ့ ပါးကိုလက်ဖဝါးလေးနဲ့ကိုင်ကာ တားလိုက်ပြီး။

"ဒီမျက်နှာလေးကို လွမ်းနေခဲ့တာ၊ ပါးလေးကို နမ်းချင်ခဲ့တာ"

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Where stories live. Discover now