အပိုင်း ၂၆

6.3K 196 10
                                    

Unicode font

ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]
အပိုင်း ( ၂၆ )

အခန်း ( ၆၆ )

"ဒါ ဘာကြီးလဲ"

အခုမှ ရုံးကပြန်ရောက်တဲ့သင်္ကြန်က ကုတင်ပေါ်မှာ အထုပ်တစ်ထုပ် တင်ထားတာတွေ့လို့ မေးလိုက်သည်။ မနေ့ညက အိပ်ရေးပျက်လို့ထင်။ စိတ်တိုင်းမကျမှုတွေ များသလို အလကားနေရင်း ပင်ပန်းကာ မူးချင်သလိုလို၊ အန်ချင်သလိုလိုနဲ့။ လူရောစိတ်ပါ အဆင်မပြေနိုင်ခဲ့။

"သားတိုးအတွက်လေ"

သားတိုးအတွက်ဆိုလို့ ကုတင်ပေါ် တက်ထိုင်ကာ ထိုအထုပ်ကို ဖွင့်ကြည့်လိုက်သည်။

"ဟင်… ဂိမ်းစက်ကြီးလား"

ပြောဆိုခံထားရလို့ နယုန်စုတ်ဟာ အစွမ်းကုန် ဖားနေတော့တာပဲ။ ပြောလိုက်တဲ့နေ့ထဲက ယောက်ဖအတွက် မုန့်တွေဝယ်ပို့ပေးရတာနဲ့၊ စာကြည့်နေရင် အနှောင့်အယှက်ဖြစ်မှာစိုးလို့ သားတိုးဆီ တောက်လျှောက်မဆက်ပဲ အမေ့ဆီ ဖုန်းဆက်ပြီး ဖြေနိုင်လားဟု နေ့တိုင်း မေးရတာနဲ့ ရွဲ့နေသလား ထင်ရသည်။ အခုလည်း သူ့ကို ဘယ်သူက လက်ဆောင်ပေးခိုင်းတာ မှတ်လို့။

ဆယ်တန်းဖြေပြီးလို့ လက်ဆောင်ပေးတာဆိုတော့ နည်းနည်းတော့ အိုဗာတင်းသလို။ သားတိုးကတော့ ယောက်ဖပေးတဲ့လက်ဆောင်ကို ဝမ်းသာအယ်လဲ လက်ခံမှာပါ။ အစ်မကိုချစ်တော့ ယောက်ဖကိုပါ ချစ်ပေးလေသည်။

"နင် ပုံမှန်နေလို့ မရဘူးလား"
"ဗျာ… ဘာကိုပြောတာလဲ မ"

ကြီးမေနဲ့ ပြဿနာဖြစ်ပြီးကတည်းက နယုန်ဟာ သူမကို မျက်နှာတောင် အငြိုးမခံနိုင်အောင် ပြာပြာသလဲ ဂရုစိုက်နေခဲ့သည်။ မနေ့ညနေက သင်္ကြန်တို့ ပြဿနာဖြစ်ချိန်တွင် အိမ်မှာ ဖွားဖွားနဲ့ မေမေ မရှိချိန်မို့ မသိတာလား။ မသိချင်ယောင်ဆောင်နေကြတာလားတော့ မသိ။ ခုချိန်ထိ ဘာမှမပြောကြသေး။

"ငါ ပြောလိုက်မှ ဒါတွေကို လုပ်ပေးနေတာ၊ အဲ့ဒါ ပုံမှန်မဟုတ်လို့ပဲပေါ့"
"ဟာ… မဟုတ်ပါဘူး၊ ဒါ သားတိုးကို မောင်တို့ ယူခါစကတည်းက ဆယ်တန်းဖြေပြီးရင် ဝယ်ပေးမယ်လို့ ပြောထားလို့ ဝယ်ပေးတာပါ၊ အထင်မလွဲပါနဲ့၊ မောင်က ပုံမှန်ပါ"
"ငါကတော့ ပုံမှန်မဟုတ်ဘူး၊ နင့် ကြီးမေနဲ့ စကားများထားပြီး စိတ်တွေက ဘယ်လိုမှ အဆင်မပြေဘူး၊ ဖွားဖွားတို့က ဘာလို့ မသိချင်ယောင်ဆောင်နေကြတာလဲ၊ တစ်ခုခုပြောမယ့် အချိန်ကို စောင့်နေတာပါဆို"
"သင်္ကြန်… မောင် ပြောတာ သေချာနားထောင်"

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Onde histórias criam vida. Descubra agora