အပိုင်း ၂၄

4.9K 168 0
                                    

Unicode font

ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]
အပိုင်း ( ၂၄ )

အခန်း ( ၆၀ )

စနေ၊ တနဂင်္ံနွေနေ့ ရုံးပိတ်ရက်တွေဟာ ပျင်းဖို့ကောင်းလွန်းပါသည်။ အရင်လို သူငယ်ချင်းတွေနဲ့ တွေ့ဖိုလည်း မလွယ်ကူတော့။ ဝေမွန်က သင်္ကြန် မင်္ဂလာမဆောင်ခင်ကတည်းက သားလေးမွေးထားပြီးပြီမို့ မအားတော့သလို ယောက္ခမအိမ် နေနေရတဲ့သင်္ကြန်ကလည်း အရင်လို လစ်ခနဲ ထွက်မလည်ရဲ။ မေမိုးတစ်ယောက်သာ အရင်အတိုင်း မပြောင်းလဲရှိနေဆဲ။ Chat group ထဲကနေ ပျင်းတယ်လို့ အော်နေလေရဲ့။

ဒီအိမ်ရဲ့အစဉ်အလာဖြစ်သော ရုံးပိတ်ရက်မနက်မှာ မိသားစုလိုက် တရားထိုင်ကာ မနက်စာစားပြီးနောက် ဘာလုပ်ရမယ်မှန်း မသိ။ အရင် အမေတို့နဲ့နေတုန်းက ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာ တစ်ခါမှကို မစဉ်းစားမိခဲ့သလိုပင်။ နယုန်တို့အိမ်ရှိ ခြံစောင့်၊ ဒရိုက်ဘာ၊ အိမ်အကူတွေက မိသားစုလေးယောက်ထက်ကို ပိုများပါသည်။ ထမင်းချက်၊ သန့်ရှင်းရေးအတွက် အိမ်အကူတေွ ရှိပြီးသားမို့ သင်္ကြန်မှာ ဘာမှလုပ်စရာ မရှိပါ။ လုပ်ရင်တောင် တလွဲတချော်တွေမို့ လူကြီးတွေ စိတ်တိုင်းမကျ ဖြစ်နေဦးမည်။

"သင်္ကြန်ရေ… ကြီးမေ ပြောစရာရှိလို့ ထိုင်ပါဦး"
"ရှင်… ဟုတ်"

အပေါ်ထပ် အခန်းသို့သွားဖို့ လှေကားနား ယောင်လည်လည် လုပ်နေတဲ့ သင်္ကြန်ဟာ ကြီးမေရဲ့ ထိုင်ပါဦးဆိုသော ဖိတ်ခေါ်သံကြောင့် ကြီးမေရှေ့မှာ ထိုင်လိုက်ရသည်။ နယုန်က ဘယ်ကနေ ပေါ်လာမှန်းမသိ။ သင်္ကြန် နဘေးနားမှာ လာဝင်ထိုင်လို့ ကြီးမေက သူ့တူကို တစ်ချက်ကြည့်လိုက်ပေမယ့် ဘာမှမပြော။

"ဟိုတနေ့က ကိစ္စပြောမလို့… သင်္ကြန်ရဲ့အိမ်က သန့်ရှင်းရေးလုပ်ဖို့ အမြဲတမ်း services ခေါ်တာလား"

အမ်…ဒီကိစ္စလား။ ထိုနေ့ကတည်းက ဘာမှမပြောလို့ ပြီးသွားပြီထင်နေတာ။ ဒီနေ့မှ အစဆွဲထုတ်ပြန်ပြီ။

"ဟုတ်… အိမ်မှာက အသက်ကြီးတဲ့ လူတွေများလို့ ခေါ်ရတာ အန်တီ"
"ဘယ်လို… အိမ်အကူထားတာကို အသက်ကြီးတဲ့လူကို ရွေးခေါ်တာလား"
"ဟုတ်ဘူး အန်တီ… ဒေါ်ကြီးက သင်္ကြန်ငယ်ကတည်းက နေလာတော့ အသက်ကြီးလာတာပါ၊ အငယ်တစ်ယောက်တော့ ခေါ်ထားပါတယ်၊ နေ့တိုင်း သန့်ရှင်းရေးလည်း လုပ်ပါတယ်၊ ဒါပေမဲ့ မီးဖိုချောင်ကူတာကအစ သူတစ်ယောက်တည်းဆိုတော့ သန့်ရှင်းရေး သေချာမလုပ်နိုင်မှာစိုးလို့ တစ်ပါတ်တစ်ခါ ခေါ်လိုက်တာ အန်တီ"
"နောက်ထပ်လူတစ်ယောက် ထပ်ငှားလိုက်တာ ပိုကောင်းတာပေါ့၊ ကိုယ့်အိမ်ကို သူစိမ်းတေ​ွ ဝင်ထွက်သွားလာနေတာ အန္တရာယ်များတယ်လေ၊ ပြီးတော့ စရိတ်လည်း ပိုကုန်တာပေါ့"
"ဟုတ်… လူစိမ်းတွေ ခေါ်တာမကောင်းဘူးမှန်း တွေးမိပါတယ် အန်တီ၊ ဒါပေမဲ့ အိမ်မှာ ခေါ်ထားတဲ့လူကလည်း သူစိမ်းပါပဲ၊ အိမ်သော့အပ်ပြီး သွားရတာထက်စာရင် အိမ်မှာလူရှိတုန်း ခေါ်ရှင်းခိုင်းလိုက်တာ ပိုကောင်းတယ်လို့ ထင်လို့ပါ၊ Service company က လွှတ်တာဆိုတော့ စိတ်တော့ချရမှာပါ၊ ပြီးတော့ အိမ်ကို လာနေကျလူတွေပဲ လွှတ်ပေးတာ၊ စရိတ်ကတော့ သေချာတွက်ကြည့်ရင် အတူတူလောက်ပါပဲ အန်တီ၊ နေစရိတ်၊ စားစရိတ်၊ အသုံးစရိတ်တွေကို သေချာတွက်ချက်ကြည့်ရင်… "

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Hikayelerin yaşadığı yer. Şimdi keşfedin