အပိုင်း ၂၈

6.4K 191 6
                                    

Unicode font

ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]
အပိုင်း ( ၂၈ )

အခန်း ( ၇၂ )

"သမီး ဘယ်တော့ပြန်မှာလဲ"
"ရှင်… ဘာဖြစ်လို့လဲ အမေ"

အမေ ထိုသို့မေးလာကတည်းက ပြန်စေချင်လို့ဆိုတာ သဘောပေါက်သောကြောင့် ရင်တုန်သွားကာ အမြန်မေးလိုက်မိသည်။

"ဒီမှာနေတာ ဘယ်နရက်ရှိနေပြီလဲ၊ ပြန်သင့်ပြီလို့ မထင်ဘူးလား"
"မထင်ပါဘူး၊ အမေကလည်း ဖွားဖွားကို တစ်လနှစ်လလောက် နေမယ်လို့ ခွင့်တောင်းခဲ့ပါတယ်"
"အမေ လက်မခံဘူး သမီး၊ မနက်ဖြန်ပြန်တော့"
"မပြန်ချင်သေးပါဘူးဆို"

ရံှု့မဲ့ကာ ပြန်ပြောလိုက်တော့။

"နယုန်လည်း ရုံးဆင်းတိုင်း ဒီကိုလာနေရတာ သနားပါတယ်၊ ကြာရင် ပတ်ဝန်းကျင်ကလည်း တစ်မျိုးထင်နေကြတော့မယ်"
"ထင်ချင်ရာ ထင်ပါစေ အမေရာ၊ အ​ဲ့ပတ်ဝန်းကျင်ကြီးကို ဂရုစိုက်လို့"

သင်္ကြန်စကားကို မကြိုက်ပုံနှင့် အမေမျက်နှာက တည်တင်းသွားတော့သည်။

"သင်္ကြန် စကားတတ်တိုင်း အမေကို လျှောက်ပြောမနေနဲ့၊ ဒီနေ့ နယုန်လာရင် တစ်ခါတည်း ပြန်လိုက်သွားတော့၊ မလိုက်ရင် ငါကိုယ်တိုင် လိုက်ပို့မှာ"
"အမေ သမီးက ကိုယ်ဝန်ကြီးနဲ့လေ၊ စိတ်ချမ်းသာအောင် ထားရမယ့်အချိန်မှာ အမေက သမီးဘက် မပါဘူးလား"
"ဘာကို ပါရမှာလဲ၊ စိတ်က နင်တစ်ယောက်ပဲ ရှိတာလား၊ နင်တစ်ယောက်တည်း ချမ်းသာနေလို့ ဖြစ်မလား၊ နင့်ယောကျာ်းကိုလည်း ထည့်တွက်ဦးလေ၊ နယုန်က အသက်ငယ်ပေမဲ့ နားလည်မှုရှိလို့ တော်သေးတယ်၊ ကိုယ့်ထက် ငယ်တယ်ဆိုတိုင်း မ​ေလးမစား မလုပ်နဲ့ သမီး၊ ဘယ်လို ဆက်ဆံရေးမဆို mutual respect ဆိုတာ ရှိသင့်တယ်"
"အိုမား… အခုဖြစ်တာက နယုန်နဲ့ မဟုတ်ဘူးလေ၊ သမီးတို့ လင်မယားက ဘာမှမဖြစ်ဘူး၊ သူ့ကြီးမေက အရင်ရန်စတာ၊ ကြီးမေကြောင့် ဖြစ်တာ"
"ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် ကိုယ်ရွေးချယ်ခဲ့ပြီးပြီပဲ၊ သင်္ကြန် နယုန်ကို သမီးဘာသာ ရွေးချယ်ခဲ့တာနော်၊ အမေ သဘောတူပြီး ပေးစားခဲ့တာ မဟုတ်ဘူး၊ အစကတည်းက မယူဖို့ တားခဲ့သားပဲ၊ အဲ့ဒီတုန်းက နင် ဘယ်လိုပြန်ပြောခဲ့လဲ၊ ပြန်ပြောစမ်း"
"အမေကလည်း… "

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Donde viven las historias. Descúbrelo ahora