Unicode font
အပိုင်း ( ၈ )အခန်း ( ၁၉ )
ရုံးမှာ အလုပ်ပါးချိန် သင်္ကြန်ဆီဖုန်းခေါ်လိုက်တော့ City Mart မှာ ဈေးဝယ်နေတယ်ဆိုလို့ အပြေးလာခဲ့မိသည်။ နယုန် ရောက်သွားချိန်အထိ သင်္ကြန်ဟာ တစ်ယောက်ထဲ ပစ္စည်းအစုံအလင် ထည့်ထားသော တွန်းလှည်းလေးတွန်းပြီး ပတ်ကြည့်နေတာ မပြီးသေး။
"မမ… ဘာတွေဝယ်နေတာလဲ၊ ဒီထဲမှာလဲ ပစ္စည်းတွေနဲ့ ပြည့်နေပြီ"
"ဟုတ်ပါ့၊ တစ်လစာ အိမ်သုံးပစ္စည်းတွေ ဝယ်နေတာလေ"
"ဪ… ဒါကြောင့်အများကြီးဖြစ်နေတာကိုး""အင်း… ဒါတောင် မစုံမှာစိုးလို့ ဘာလိုသေးလဲလို့ လျှောက်ပတ်ကြည့်ရင်း စဉ်းစားနေတာ၊ ဒေါ်ကြီးမှာတာတွေတော့ အားလုံးပါပြီ၊ တစ်ခါတလေ ဒေါ်ကြီးကလဲ မေ့တတ်လို့၊ ဪ… သတိရပြီ၊ အန်ကယ်ထွန်းအတွက် shaving cream ၊ ဟိုတနေ့က ကုန်ခါနီးနေပြီလို့ ပြောသံကြားတယ်၊ သတိရတုန်း သားတိုးအတွက်မျက်နှာသစ်ဆေးပါ ဝယ်သွားမှပါ"
"ကျွန်တော် တွန်းပေးမယ်"နယုန် သင်္ကြန်နဘေးနားကနေ တွန်းလှည်းလေးတွန်းကာ လိုက်လာရင်း စိတ်ကူးတွေယဉ်နေမိသည်။ သူ့ရဲ့အိမ်ရှင်မလေးဖြစ်တဲ့အချိန်ကျရင်လည်း ယခုလို အတူဈေးဝယ်ထွက်ရမည်။ အဲ့ဒီအချိန်ဆို နှစ်ယောက်ထဲမဟုတ်တော့ပဲ သုံးယောက်ဖြစ်မလား၊ လေးယောက်များဖြစ်နေမလား။ ကလေးက တစ်ယောက်ထဲယူရင် နည်းလို့ အနည်းဆုံးနှစ်ယောက်တော့ ယူမှပါ။ နှစ်ယောက်ဆိုတော့ တိုင်ပင်ဖော်ရတာပေါ့။ သင်္ကြန်ကလဲ မောင်နှမနှစ်ယောက်ရှိတာဆိုတော့ ကလေးနှစ်ယောက်ယူဖို့ကို သဘောတူလောက်မှာပါ။
နော်… မောင်တို့ ကလေးနှစ်ယောက် ယူမယ်နော် သင်္ကြန်။ ဆော့စ်ပုလင်းကိုင်ပြီး Expired date ကို သေချာကြည့်နေတဲ့ သင်္ကြန်ခမျာ သူစိတ်ကူးယဉ်နေသမျှကို မသိရှာ။ သူ့မှာသာ လစ်ချိန်တိုင်း သူမမျက်နှာလေးကို ခိုးခိုးငေးပြီး စိတ်ကူးတွေ ယဉ်နေရတာ အမော။
အိမ်သုံးပစ္စည်းတွေ စုံလင်အောင်ဝယ်ကာ ကားထဲသွားထားပြီးမှ ကော်ဖီဆိုင် ထိုင်ကြသည်။
YOU ARE READING
🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]
Romanceအချစ်ဆိုတာကြီးက ခက်သားကွယ် မဖြစ်နိုင်ဘူး၊ မဖြစ်သင့်ဘူးဆိုတာ သိသိရက်နဲ့ အကျိုးနဲ့အကြောင်းကိုလည်း ဆက်စပ်နိုင်ခဲ့သားနဲ့ ရှေ့ဆက်တိုးရင်မှားမယ်မှန်း ကြိုမြင်နေခဲ့သားနဲ့ ချစ်ရသူရဲ့ဖျားယောင်းမှုကနေ မလွတ်မြောက်နိုင်ပဲ မိုက်မဲမိခဲ့တဲ့ မိန်းမသားတစ်ယောက်ဟာ ကျွ...