အပိုင်း ၁၆

4.5K 172 6
                                    

Unicode font

အပိုင်း ( ၁၆ )

အခန်း ( ၃၉ )

နယုန်သည် ရုံးခန်းထဲမဝင်ခင် အပြင်မှာ ရှိနေတဲ့ သင်္ကြန်နဲ့ အသစ်ခေါ်ထားတဲ့ Secretary မင်းသာထက်ကို ပြုံးပြလိုက်ပြီး။

"မင်းသာထက် မနေ့က ကိုယ်ပြောထားတာ ဒီနေ့စလုပ်တော့နော်၊ မခင်သင်္ကြန်မိုးက သဘက်ခါနောက်ဆုံးဆိုတော့ ဒီနေ့လုပ်ထားလိုက်တာကောင်းတယ်"
"ဟုတ်ကဲ့ ကိုနယုန်၊ ဒါဆို ကျွန်တော် အခုသွားလိုက်မယ်"

မင်းထက်သာ ထွက်သွားတာကို အူကြောင်ကြောင် ကြည့်နေတဲ့ သင်္ကြန်ကို

"မခင်သင်္ကြန်မိုး ခဏ…"

ခေါ်ပြီးတာနဲ့ ရုံးခန်းထဲ ဝင်သွားလို့ နောက်ကနေ လိုက်ဝင်ခဲ့ရသည်။

"မင်းသာထက်က ဘယ်သွားတာလဲဟင်"

နယုန်က သင်္ကြန်ရဲ့လက်ကို ဆွဲကိုင်လိုက်ပြီး

"အပြင်ထွက်စေချင်လို့ ခိုင်းလိုက်တာလေ၊ သူ ရှိနေရင် သင်္ကြန်နဲ့ အေးအေးဆေးဆေး စကားမပြောရမှာစိုးလို့၊ သင်္ကြန် ဘာဖြစ်နေတာလဲ၊ မောင့်ကို စိတ်ကောက်နေတာလား"

သင်္ကြန်သည် နယုန်ကို အ့ံဩသွားမိသည်။ ညက ဖုန်းပြောတုန်းက ခဏပဲပြောလို့ စိတ်ကောက်ချင်နေတာကို သိသွားတာများလား။ လူချင်းတွေ့ရတာလဲ မဟုတ်ပဲ ဘယ်လိုသိတာလဲ။ နယုန်စုတ်လေးဟာ အင်မတန်လည်တဲ့ ကောင်လေးပါ။

"မကောက်ပါဘူး"
"ဒါဆို ဘာဖြစ်နေတာလဲ၊ သင်္ကြန် အလုပ်နားခါနီးကျမှ ခုလိုဖြစ်နေတာ မောင် ဘယ်လိုစိတ်ချမလဲကွာ၊ မကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်း ပြော၊ အရင်ကဆို ခုလိုမေးစရာ မလိုအောင် ပြောပြနေကျပဲလေ၊ ရုံးမပိတ်ခင်က အကောင်းကြီးကို၊ မနေ့က တစ်နေကုန်လည်း မတွေ့ရတော့ အခုလို ဖြစ်နေတာ ဘာကြောင့်လဲဆိုတာ မောင် မသိလိုက်ဘူး၊ မဝေမွန်တို့နဲ့ သွားတွေ့ပြီးတော့ ဘာဖြစ်လာတာလဲ"

ဟုတ်ပါရဲ့။ သူနဲ့တွေ့တောင် မတွေ့ရပဲ ကိုယ့်ဘာသာ တစ်ဖက်သတ် ကြိတ်ပြီး စိတ်ကောက်ချင်နေမိတာဟာ ရယ်စရာတော့ ကောင်းသား။ ပြီးတော့ သူလည်း စိတ်ဆိုးအောင် ဘာမှမလုပ်ထားပဲလေ။

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Onde histórias criam vida. Descubra agora