အပိုင်း ၅

5.7K 220 3
                                    

Unicode font

အပိုင်း ( ၅ )

အခန်း ( ၁၀ )

"မမ..."

အတိတ်ကိုပြန်တွေးရင်း ငေးမောကာ ငြိမ်သက်နေတဲ့ သင်္ကြန် သားတိုးအသံကြားမှ စိတ်နဲ့ကိုယ် ပြန်ကပ်တော့သည်။

"ဘာတုန်း... လာပြန်ပြီ၊ ပြော... ဘာကိတ်"
"မမ ဘာစားချင်လဲ၊ မာလာရှမ်းကော စားမလား"

သူ့ကြောင့် အဆူခံရလို့ လာချော့ပုံက။ သင်္ကြန် ကျေနပ်သွားကာ ပြုံးချင်ပေမယ့် ဆက်ပြီးစူပုတ်ထားရင်း

"မစားချင်ပါဘူး၊ ဒီမှာ ပုခုံးမှာရိုက်ခံရတာ ခုထိ နာနေတုန်း..."
"ဥုံဖွ... မနာတော့ဘူး၊ မနာတော့ဘူးနော်၊ ထပါ... ကိုယ့်အစ်မ အစားပုတ်မှန်း သားအသိဆုံးပါ၊ ပဲများမနေနဲ့တော့၊ အင်္ကျီလဲပြီး ထွက်ခဲ့၊ အောက်ထပ်မှာ စောင့်နေမယ်နော်"

သားတိုးက သူမပုခုံးကို ပွတ်ပေးပြီး ထပ်ပြောတော့ မျက်စောင်းထိုးလိုက်ပြီး

"သနားလို့ လိုက်စားပေးတာကိုနော်..."

စိတ်ကောက်နေမှန်းသိလို့ ချော့တာကို ပဲများနေသေးတဲ့ အစ်မကိုကြည့်ပြီး သားတိုး ရယ်ကာခေါင်းယမ်းလိုက်မိသည်။ အခုလို စိတ်ဆိုးစိတ်ကောက်တတ်တာကပဲ မမရဲ့ဆွဲဆောင်မှုတစ်မျိုး ဖြစ်ပါသည်။ ဒီအိမ်ကလူတွေကလည်း မစိတ်ကောက်လေး စိတ်ကောက်နေရင် မချော့ပဲ မနေနိုင်တဲ့လူတွေချည်းပါပဲ။ စာကြည့်စားပွဲရှေ့က နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ မမအဖေနဲ့ အမေရဲ့ဓါတ်ပုံကို တစ်ချက်ကြည့်လိုက်မိပြီး ထွက်လာခဲ့တော့သည်။

သားတိုး မမအခန်းထဲရောက်တိုင်း ထိုဓါတ်ပုံကို မကြည့်ပဲ မနေနိုင်ပါ။ သူ သိတတ်စအရွယ်ကတည်းက ထိုဓါတ်ပုံကို နေ့တိုင်းကြည့်ခဲ့ရလို့ အကျင့်ဖြစ်နေတာများလား။ "ဒါ မမအဖေလေ၊ အဖေက မမကို အရမ်းချစ်တာ၊ အရမ်းလဲ အလိုလိုက်တာ၊ တစ်ခါတလေ အဖေ့ကို အရမ်းသတိရတာပဲ၊ အဲ့လိုသတိရတိုင်း သားတိုးကို ဖက်လိုက်ရင် အလွမ်းပြေသွားတာ၊ သားတိုးက အဖေနဲ့အရမ်းတူတာ သိလား" ဆိုပြီး မမက သူ့ကိုပွေ့ချီကာ ထိုဓါတ်ပုံရှေ့ကို ခေါ်သွားပြီး ခပ်တိုးတိုး ပြောပြတတ်သည်။

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Opowieści tętniące życiem. Odkryj je teraz