အပိုင်း ၁၂

4.8K 179 6
                                    

Unicode font

အပိုင်း ( ၁၂ )

အခန်း ( ၃၁ )

"ဘဏ်သွားတာလဲ ကြာလိုက်တာကွာ၊ မောင်တောင် ပြန်ရောက်နေတာ နာရီဝက်လောက်ရှိတော့မယ်"

ရုံးခန်းထဲ ပြန်ရောက်တာနဲ့ စက်ရုံကနေ ပြန်ရောက်နေပြီဖြစ်သော သူဌေးမင်းက ဆီးကြိုပြီး ဆူလေတော့သည်။

"မောင့်အတွက် secretary ပါဆိုမှ၊ တစ်ရုံးလုံး အလုပ်ကို ဝိုင်းပြီး ကူပေးနေရတယ်"

သင်္ကြန်က အိတ်ကိုစားပွဲပေါ်တင်ကာ ခုံမှာထိုင်လိုက်ရင်း။

"အယ်… ဘယ်လိုကြီး ပြောလိုက်တာတုန်း နယုန်ဖွားရယ်၊ ဘာမှမကူရပါဘူး၊ တခါတလေမှ တကယ်လိုအပ်လို့ လိုက်ပို့ပေးရတာကို၊ ဒါ ရှင့် Company နော်"
"ဘာပဲဖြစ်ဖြစ်လေ၊ မောင်ပြောနေတာ ဘာမှားလို့လဲ၊ သင်္ကြန်ကလဲ သူတို့ကားလိုတိုင်း ဘာလို့လိုက်ပို့ပေးနေရတာလဲ၊ ဆီဖိုးလည်း ထုတ်ပေးတာလဲမဟုတ်၊ ထုတ်ပေးရင်လည်း သင်္ကြန်ရဲ့ JD ထဲ အဲ့လိုတွေ လုပ်ဖို့မပါဘူးလေ၊ နောက်ခါ ဒီကအလုပ်တွေကိုပစ်ပြီး မလိုက်ပို့ပေးနဲ့၊ တခါတလေလဲ ငြင်းဦးမှပေါ့"
"Yes… boss နောက်တစ်ခါဆို ငြင်းလိုက်ပါ့မယ်၊ အခုက ရုံးက ကားတွေက… "
"မရှိလို့ လိုက်ပို့ပေးတာကို သိတယ်၊ နားလည်တယ်၊ ဒါပေမယ့် အဆင်ပြေအောင် ကြိုပြီးစီစဉ်ပေးဖို့က Admin နဲ့ သက်ဆိုင်ရာဌာနက ကြိုပြီးညှိကြ၊ စီစဉ်ထားကြရမှာလေ၊ သူတို့ဘာသာ သေချာမလုပ်ပဲ ကားလိုတိုင်း သင်္ကြန်ကိုပဲ အကူအညီတောင်းနေတာတော့ မဟုတ်သေးဘူးလေ၊ တစ်ခါနှစ်ခါလဲ မကတော့ဘူး၊ ဒီရုံးမှာ ကိုယ်ပိုင်ကားနဲ့ ရုံးတက်တာက သင်္ကြန်တစ်ယောက်တည်း မဟုတ်ဘူးလေ"
"အဲ့လိုကြီး မပြောပါနဲ့ မောင်ရယ်၊ သင်္ကြန် ကိုယ်တိုင်ကလည်း လိုက်ပို့ပေးချင်လို့ပါ၊ တခြားလူတွေကို ထည့်ပြောမနေပါနဲ့၊ ရှင်လဲ တနေ့တခြား အဖိုးကြီးနဲ့တူလာပြီ၊ ဒီမှာ လူက ပူလိုက်အေးလိုက်နဲ့ ခေါင်းကိုက်နေရတဲ့ကြားထဲ"

သင်္ကြန် ခုံမှာ ခပ်လျောလျော မှီချလိုက်ပြီး မျက်လုံးမှိတ်ကာ အနားယူနေလိုက်သည်။ နယုန် ဘာကြောင့်ပြောနေရလဲဆိုတာ နားလည်ပါသည်။ သို့သော် တခြားဝန်ထမ်းတွေကို ထည့်ပြောနေတာကိုတော​့ မကြိုက်ပါ။ ကို်ယ့်သဘောနဲ့ကိုယ် ကူညီပေးတာကို။ တခြားလူတွေကို ထည့်တွက်နေစရာ မလိုပါ။

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Onde histórias criam vida. Descubra agora