Unicode font
အပိုင်း ( ၄ )အခန်း ( ၇ )
"မမ ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ"
"ဘယ်သူနဲ့ ပြောပြောပေါ့၊ နင်ဘာလုပ်မလို့လဲ"သားတိုးက သီဟသူနဲ့ ဖုန်းပြောနေတာကို မသင်္ကာသလို စစ်ဆေးမေးမြန်းနေလို့ ဘုနဲ့ဘောက် ပြန်ဖြေလိုက်သည်။ သူက များ အသက်က ရှစ်နှစ်လောက်နဲ့ လူကြီးတွေကိစ္စဝင်ပါစရာ လား။ သင်္ကြန်ကို မကြည်သလို မျက်မှောင်ကုပ်ကာ မျက်လုံး လှန်ကြည့်ခဲ့တဲ့ပုံစံက အဖေစိတ်ဆိုးရင် လုပ်နေကျပုံမျိုးနဲ့ တူ သလိုလို။ လူတိုင်း စိတ်ဆိုးရင် ဒီလိုလုပ်နေကျပဲကို ဘာတွေ လျှောက်ထင်နေမှန်းမသိ။ အဖေဝင်စားတာဟုတ်ဟုတ်မဟုတ်ဟုတ် ကိုယ့်မောင်လေးကို ချစ်တာပါပဲလေ။
"မမ ရည်းစားမထားနဲ့နော်၊ ယောကျာ်းလဲ မယူနဲ့၊ သားကြီးလာရင် ဆရာဝန်လုပ်ပြီး မမကို ရှာကျွေးမှာ"
သားတိုးဟာ အဖေလိုပဲ သင်္ကြန်ကို အလွန်နမြောတွန့်တိုတတ်သည်။ အဖေရှိတုန်းက အဖေက သမီးရှင်ဆိုတော့ သားရှင်သူငယ်ချင်းတွေက ခမည်းခမက်တော်ဖို့ စနှောက်ခံရတိုင်း အကြီးအကျယ် စိတ်ဆိုးတတ်သူပါ။ ပြီးတော့ သမီးကြီးလာရင် အိမ်ထောင်မပြုပဲ အဖေနဲ့ တသက်လုံးအတူနေလို့ ပြောတတ်ပါသေးသည်။ သင်္ကြန် သားတိုးကို ချစ်စနိုးမျက်စောင်းထိုးလိုက်ပြီး။
"မယုံပါဘူးနော်၊ ကြီးလာရင် မိန်းမယူမှာကြီးကို၊ အခု တောင် ကောင်မလေးတစ်ယောက်ကို ကြိတ်ကြွေနေတာလေ"
"ဟင် ဘယ်ကောင်မလေးကို ကြွေလို့လဲ"
"အမယ် ငါမသိဘူးများ ထင်နေလား၊ နင် ပိုးသားဖြူ ဆို တဲ့ကောင်မလေးကို စာအုပ်ငှားငှားပေးနေတာလေ"
"ဟာ မမကလဲ၊ အဲ့ဒါက သူနေမကောင်းလို့ ကျောင်းမလာနိုင်လို့ ငှားပေးတာလေ"
"သိဘူး၊ စာမေးပွဲဖြေဖို့ ဒီလောက် နီးနေတာတောင် နင်ပဲ မျက်နှာရချင်လို့ ငှားပေးတာမလား၊ စေတနာတွေဝေဖြာပြီး"သင်္ကြန် သိသိကြီးနဲ့ သူစိတ်ဆိုးအောင် ဆက်စနေလိုက်သည်။
"မဟုတ်ပါဘူး၊ သားက စာတွေသေချာမှတ်ထားလို့ဆို ပြီး သူ့အမေကိုယ်တိုင် လာငှားလို့ ကူညီပေးလိုက်တာပါ၊ ပြီး တော့ အဲ့ဒီစာတွေက ကျက်ပြီးသားမို့လေ"
ESTÁS LEYENDO
🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]
Romanceအချစ်ဆိုတာကြီးက ခက်သားကွယ် မဖြစ်နိုင်ဘူး၊ မဖြစ်သင့်ဘူးဆိုတာ သိသိရက်နဲ့ အကျိုးနဲ့အကြောင်းကိုလည်း ဆက်စပ်နိုင်ခဲ့သားနဲ့ ရှေ့ဆက်တိုးရင်မှားမယ်မှန်း ကြိုမြင်နေခဲ့သားနဲ့ ချစ်ရသူရဲ့ဖျားယောင်းမှုကနေ မလွတ်မြောက်နိုင်ပဲ မိုက်မဲမိခဲ့တဲ့ မိန်းမသားတစ်ယောက်ဟာ ကျွ...