အပိုင်း ၃၀/ ဇာတ်သိမ်းပိုင်း

15.7K 340 10
                                    

Unicode font

ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]
အပိုင်း ( ၃၀ )/ ဇာတ်သိမ်းပိုင်း

အခန်း ( ၇၇ )

"ဘယ်လိုလဲ၊ ငွေဆောင်မှာ အရမ်းပျော်ခဲ့လား၊ နင်တို့ ဓါတ်ပုံတွေ ကြည့်ပြီး ငါတောင် သွားချင်နေတာ"

သင်္ကြန် ငွေဆောင်ကပြန်ရောက်တော့ အပြေးအလွှား ဝယ်ခဲ့ရသော လက်ဆောင်ပစ္စည်းများကိုပေးရင်း မေမိုးတိုက်ခန်းမှာ ဆုံမိကြသည်။

"ငါကတော့ ခရီးထွက်ဖို့ဆို စဉ်းစားရပြီ၊ အရင်က ကလေးတစ်ယောက်တည်းဆိုတော့ နိုင်သေးတယ်၊ အခုက နှစ်ယောက်၊ သားကြီးက အရမ်းဆော့တာ၊ ကြီးလေ ဆော့လေ၊ ငါ မနိုင်တော့ဘူး၊ အပန်းဖြေခရီးမဟုတ်ပဲ အမောဆို့ခရီး ဖြစ်မှာ သေချာတယ်၊ အငယ်တောင် အရမ်းဆော့လာပြီလေ၊ ကြည့်ပါလား အခုတောင် ဆွဲနေပြီ၊ သားရေ ငြိမ်းငြိမ်း… အန်တီမေမိုးရဲ့ပန်းအိုးကြီး ကျကွဲသွားရင် ဘယ်လိုလုပ်မလဲ၊ မလုပ်ရဘူးနော်"

ဝေမွန်သည် သားအငယ်လက်ထဲက ပန်းအိုးကို အမြန်ဆွဲယူကာ စားပွဲပေါ်ပြန်တင်လိုက်ရသည်။ သူမ ပြောတာ ဖြစ်နိုင်ပါသည်။ သူ့သားလောက် မဆော့တဲ့ သင်္ကြန်ရဲ့သမီးကိုတောင် မနည်းလိုက်ထိန်းခဲ့ရတာကို။ ဒါတောင် နယုန် ထိန်းကူပေးခဲ့လို့သာ။ သူမကတော့ အစ်မလုပ်သမျှကို အတုခိုးကာ လိုက်လုပ်ချင်တဲ့သားကိုသာ ထိန်းခဲ့ရလို့တော်သေးသည်။ ရွှေဖရုံသီး ဝတုတ်မလေးကိုသာ ထိန်းရ၊ ပွေ့ချီရဆိုရင် လေးရက်အတွင်း ဗလထွက်လာလောက်သည်။

သုံးညအိပ်ခရီးမို့သာ တစ်ပါတ်လောက်သာဆို အလေ့အကျင့်မရှိသော သူမ လက်ပန်းကျနိုင်သည်။ ကိုယ်မွေးထားသော ကလေးနှစ်ယောက်အတွက် လုံးလုံးလျားလျား တာဝန်ယူဆောင်ရွက်ပေးရသော မိခင်ဘဝကို လက်တွေ့ကျကျ ရင်ဆိုင်ရသော လေးရက်ခရီးဟာ သူမကို တော်တော်ကြီး အမြင်မှန်ရစေခဲ့ပါသည်။ မိုးလင်းကနေ မိုးချုပ်ထိ ကလေးအတွက် ဦးစားပေးခဲ့ရပြီး ကိုယ့်အတွက်ဆိုတာ နောက်ဆုံးပိတ် ဖြစ်ခဲ့ရသည်။ ဒါတောင် အစားအသောက်က ဟိုတယ်မှာ အဆင်သင့်စားသောက်ရုံမို့။ ချက်ပြုတ်ကျွေးမွေးရမည်ဆိုလျှင် မလွယ်ကြောပါ။

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Nơi câu chuyện tồn tại. Hãy khám phá bây giờ