အပိုင်း ၂၃

5.2K 166 4
                                    

Unicode font

ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]
အပိုင်း ( ၂၃ )

အခန်း ( ၅၇ )

"အား… ရှက်လိုက်တာ၊ ငါ အရမ်းငိုက်နေတာလားဟင်၊ ပုံဆိုးပန်းဆိုးကြီးဖြစ်နေတာလား"

နယုန်က ပြန်မဖြေနိုင်သေး။ သူ့ဘာသာ အသံမထွက်ပဲ မျက်ရည်ထွက်မတတ် ရယ်နေလို့ လက်မောင်းကို ထုပစ်လိုက်တော့သည်။ လှုပ်နိုးခံရလို့ နိုးလာချိန်မှာ ဘုရားခန်းထဲမှာ သူတို့နှစ်ယောက်သာ ရှိနေတော့သည်။ သတိ်ထားနေတဲ့ကြားကနေ ဘယ်လိုလုပ် သတိလက်လွှတ် ဖြစ်သွားမှန်းမသိ။

"ဖွားတို့ ဘာပြောသွားသေးလဲ၊ ငါ… ဆူခံရတော့မှာလား"
"မဆူပါဘူး၊ ဖွားက ရယ်နေတာ၊ မေမေက အရမ်းပင်ပန်းနေတယ် ထင်တယ်၊ ပြန်အိပ်ခိုင်းလိုက်ဦးလို့ပဲ ပြောသွားတာ"

တော်ပါသေးရဲ့။ စိတ်မဆိုးကြလို့။ တရားထိုင်ချိန်မှာ ငိုက်ရုံမက နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်ပျော်သွားရတယ်လို့။ ဒါနဲ့များ မနက်ထနိုင်တယ်၊ တရားထိုင်နိုင်တယ်ဆိုပြီး လေထွားခဲ့မိသေး။ အိပ်ပျော်နေချိန်မှာ ဟောက်နေမလားမသိ။ ရှက်လိုက်တာနော်။ လူကြီးတွေကို ဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ။ ထုံးစံအတိုင်း ဘာမှမဖြစ်သလို ဟန်ဆောင်နေရမှာပေါ့လေ။ သင်္ကြန်တို့ ဖြစ်လိုက်ရင် သူများနဲ့မတူပါဘူးဆို။

အိပ်ခန်းထဲရောက်မှ ကုတင်ပေါ် ဘိုင်းခနဲ လှဲချပစ်လိုက်ရင်း

"စိတ်လေပါတယ်ကွာ၊ စိတ်သာလေတာ လူက အိပ်ချင်နေတုန်း၊ မနက်စာ စားချိန်ရောက်ပြီလား၊ အောက်ဆင်းရတော့မှာလားဟင်"
"ရပါတယ်၊ မ အိပ်ချင်ရင် ပြန်အိပ်လေ၊ ဘာမှမဖြစ်ပါဘူး၊ မနေ့က နေ့ရောညပါ အရမ်းပင်ပန်းသွားလို့ဆိုတာ လူကြီးတွေ နားလည်မှာပါ"

နယုန်စုတ်ဟာ ပြုံးစိစိရုပ်ကြီး ဖြစ်နေလို့ မျက်စောင်းထိုးပစ်လိုက်တော့သည်။

"ဟွန်း… ရုပ်ကြီးကနော်"
"ဟား… ဟား… ဘာကြောင့်လဲ မသိဘူး၊ ဒီရက်ပိုင်း အလိုလိုနေရင်းကို ပျော်နေတာ သိလား မ၊ မနဲ့ အရမ်းလက်ထပ်ချင်ခဲ့တာ မှန်ပေမယ့် ဒီလောက်ထိ ပျော်ရမယ်မှန်း မသိခဲ့ဘူး၊ မနေ့တုန်းက မ အရမ်းလှတယ် သိလား၊ သူများတွေက မောင့်ရဲ့သတို့သမီးလေးကို အရမ်းလှတယ်လို့ ပြောသံကြားတိုင်း ပီတိတွေဖြာရတာ ခဏခဏပဲ"

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Dove le storie prendono vita. Scoprilo ora