အပိုင်း ၁၃

4.4K 177 1
                                    

Unicode font

ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]
အပိုင်း ( ၁၃ )

အခန်း ( ၃၃ )

နယုန် လက်မှာပတ်ထားတဲ့နာရီကို ကြည့်လိုက်တော့ နှစ်နာရီခွဲနေပါပြီ။ စက်ရုံကနေ ပြန်လာနေပေမယ့် ရုံးမှာ အရေးတကြီးကိစ္စမရှိသလို သင်္ကြန်လည်း ရုံးမတက်သောကြောင့် ပြန်သွားချင်စိတ်မရှိပေ။ သင်္ကြန်နဲ့အတူရှိနေတဲ့ ရုံးတက်ချိန်တွေမှာ နေသားကျနေခဲ့ပြီပဲ။ သူမ မရှိတဲ့ရုံးခန်းထဲမှာ တစ်ယောက်ထဲ မနေချင်တော့ပါ။

သင်္ကြန်ဟာ မနေ့တုန်းက ဇွတ်အတင်းခိုးပြေးဖို့ လုပ်လိုက်လို့ လန့်သွားပုံပေါ်သည်။ အဲ့လိုတွေဇွတ်လုပ်ဖို့ ရည်ရွယ်ချက်မရှိပေမယ့် ဝမ်းနည်းစိတ်နဲ့​သူမကို ဆုံးရှုံးရမှာ ကြောက်စိတ်တွေကြောင့် ခိုးပြေးဖို့ကို ဘယ်လိုစိတ်ကူးမိသွားမှန်းမသိ။ သူမ ငိုမှသာ အသိစိတ်ဝင်လာခဲ့ပြီး သတိလက်လွှတ်ဖြစ်သွားတဲ့ ကိုယ့်စိတ်ကို မနည်းထိန်းလိုက်ရပါသည်။

နယုန် သက်ပြင်းချရင်း ကားကိုလမ်းဘေးချရပ်ကာ သင်္ကြန်ဆီသို့ ဖုန်းခေါ်လိုက်သည်။ ရင်ထဲမှ တထိတ်ထိတ်နဲ့ ဖုန်းမကိုင်မှာ စိုးရိမ်နေမိသည်။ မနေ့ညတုန်းကလဲ လုံးဝဖုန်းမကိုင်ခဲ့လို့ စိတ်ပူနေခဲ့ပေမယ့် အခုတော့ သူမက ချက်ချင်းကိုင်ပါသည်။

"ဟယ်လို…"
"မ အိပ်နေတာလား"
"အင်း… အိပ်မပျော်သေးပါဘူး၊ ဘာပြောမလို့လဲ ပြောလေ"
"အပြင်ခဏ ထွက်ခဲ့ပါလား၊ မောင် ပြောစရာ ရှိလို့"
"အခုပြောလိုက်လေ၊ အပြင်မထွက်ချင်ဘူး"
"ခဏပဲ၊ မောင် မကို ခိုးမပြေးဘူးလို့ ကတိပေးတယ်၊ ခဏပဲ ထွက်ခဲ့ပါနော်၊ မနေ့ညတုန်းက မောင်ဖုန်းခေါ်တာလဲ မကိုင်ဘူး၊ အင်တာနက်လဲ မသုံးဘူး၊ မနက်ရောက်မှ နေမကောင်းလို့ဆိုပြီး ဖုန်းဆက်လာမှ စိတ်ပူတာ နည်းနည်းလျော့သွားတာ"
"ဟင်… နေမကောင်းလို့ စိတ်မပူတော့တာ?"

သူ့ကို စိတ်ဆိုးနေပေမယ့် စကားကို အထအန လိုက်ကောက်ချင်သေးလို့ ပြုံးလိုက်မိသည်။

"အင်းလေ… တစ်ညလုံး ဖုန်းမကိုင်တော့ မောင့်ကိုမုန်းသွားပြီထင်ပြီး စိတ်ပူနေခဲ့ရတာလေ၊ ခဏပဲ ထွက်ခဲ့နော်၊ မောင် အခုမှ စက်ရုံကပြန်လာတာ၊ မ မရှိတော့ ရုံးကိုလည်း ပြန်မသွားချင်ဘူး၊ လာခဲ့နော်၊ တွေ့နေကျနေရာမှာ မောင် စောင့်နေမယ်"

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Donde viven las historias. Descúbrelo ahora