Unicode font
ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]
အပိုင်း ( ၂၅ )အခန်း ( ၆၂ )
"နယုန်… နင် ဒီရက်ပိုင်း တော်တော်အလုပ်ရှုပ်နေလား"
မေးလာတဲ့လေသံက မကျေနပ်တဲ့ပုံမို့ Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေသော နယုန် သင်္ကြန်ကို ကြည့်လိုက်မိသည်။ ဘာဖြစ်နေလို့လဲ။ ညနေစာစားတုန်းက အကောင်းကြီးကို။ အခန်းထဲရောက်ပြီး ကုတင်ပေါ်မှာ သူမက ဖုန်းကြည့်၊ သူက Laptop ဖွင့်ကြည့်ပြီး အနည်းငယ်ကြာချိန်မှ ဘာများမကျေနပ်စရာ ရှိသွားတာလဲ။
"ဒီနေ့ သားတိုးလေး စာမေးပွဲစဖြေတဲ့နေ့လေ၊ နင့်ရဲ့တစ်ဦးတည်းသောယောက်ဖ စာမေးပွဲဖြေတာကို ဖြေနိုင်လား၊ မဖြေနိုင်ဘူးလားဆိုတာ တစ်ခွန်းတောင် မမေးဘူး"
"ဟာ… sorry မ… မောင် မေ့သွားလို့ပါ"
"သိသားပဲ၊ လူမှုရေးကို မရှိဘူး၊ မုန်းဖို့ကောင်းတယ်"
"ဟင်… စိတ်ကောက်သွားတာလား၊ မ… သားတိုးက ဖြေနိုင်မယ်ဆိုတာ မောင်သိပြီးသားပါ"
"ဟင်… သိသိမသိသိ၊ ငါ့မောင် စာကြိုးစားတာ နင်ပဲသိတာမဟုတ်ဘူး၊ ငါလည်းသိတယ်၊ ဒါပေမဲ့ မေးသင့်တယ်လို့ မထင်ဘူးလား၊ လူမှုရေးလေ"
"ဪ… ဟုတ်၊ မ သားတိုး စာမေးပွဲဖြေနိုင်လား"
"ကြည့်… ရွဲ့နေတာပေါ့လေ၊ အမြင်ကတ်တာဟယ်"ပြောပြီးတာနဲ့ ကျောပေးကာ အိပ်သွားလို့ နယုန်မှာ အူကြောင်ကြောင် ဖြစ်သွားမိသည်။ ဒီလိုကိစ္စလောက်လေးနဲ့ စိတ်ကောက်တတ်တဲ့လူမျိုး မဟုတ်ပဲ။ ဘာများဖြစ်နေလို့ပါလိမ့်။
"မ… ဘာဖြစ်လို့ စိတ်ဆိုးတာလဲကွာ၊ မောင် တကယ်အလုပ်ရှုပ်နေလို့ မေ့သွားတာပါ၊ အလေးအနက်မထားလို့ မဟုတ်ပါဘူး"
"လေသံကိုက… စိတ်မရှည်တဲ့ အသံကြီးနဲ့၊ နင် အရမ်းပြောင်းလဲသွားတယ် သိလား၊ အရင်ကနဲ့ မတူတော့ဘူး၊ ဒါကြောင့် ပြောကြတာ၊ ယောကျာ်းတွေက ယူပြီးရင် အချိုးပြောင်းတယ်ဆိုတာ အမှန်ပဲ"ဟင်… ပြဿနာက ပိုကြီးသွားရော။ နယုန် တံတွေးမျိုချကာ ဘာပြောရမလဲ စဉ်းစားမရတော့။ အိမ်မှာတော့ ဘယ်သူနဲ့မှ စကားမများဘူးဆိုတော့ ရုံးမှာများ ဖြစ်လာတာလား။
"မ… ပြောင်းပါဘူး၊ တကယ် မေ့သွားလို့ sorry ပါ၊ မောင်တို့ company အသစ်အတွက်… "
"သိတယ်၊ နင်အလုပ်ရှုပ်နေမှန်း သိတယ်၊ ဆင်ခြေတွေ လာပေးမနေနဲ့၊ ရုံးကနေ တကူးတက သွားမေးခိုင်းနေလို့လား၊ အခု တွေ့တုန်းလေး သားတိုးဖြေနိုင်လားလို့ မေးလိုက်ဖို့တောင် မအားဘူးလား၊ ဘာလဲ နင်က ငါနဲ့အမေတူအဖေကွဲမောင်ဆိုပြီး ဂရုမစိုက်တာလား၊ ငါကတော့ နင့်ကိုချစ်လွန်းလို့ နင့်အိမ်မှာ လိုက်နေခဲ့ရပြီး နင်ကတော့ ငါ့မိသားစုကို လေနဲ့တောင် ဂရုမစိုက်ချင်ဘူး"
VOUS LISEZ
🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]
Roman d'amourအချစ်ဆိုတာကြီးက ခက်သားကွယ် မဖြစ်နိုင်ဘူး၊ မဖြစ်သင့်ဘူးဆိုတာ သိသိရက်နဲ့ အကျိုးနဲ့အကြောင်းကိုလည်း ဆက်စပ်နိုင်ခဲ့သားနဲ့ ရှေ့ဆက်တိုးရင်မှားမယ်မှန်း ကြိုမြင်နေခဲ့သားနဲ့ ချစ်ရသူရဲ့ဖျားယောင်းမှုကနေ မလွတ်မြောက်နိုင်ပဲ မိုက်မဲမိခဲ့တဲ့ မိန်းမသားတစ်ယောက်ဟာ ကျွ...