အပိုင်း ၉

5.4K 221 1
                                    

Unicode font

အပိုင်း ( ၉ )

အခန်း ( ၂၁ )

"နင်မှာတာတွေ အားလုံးပါတယ်နော်၊ နယုန်ရဲ့ ရှပ်ကလဲ တော်မှာပါ၊ သားတိုးနဲ့ အန်ကယ်ထွန်းကတော့ ဝတ်နေကျ size ပဲဆိုတော့ အဆင်ပြေတယ်၊ ဪ ကော်ဖီလဲပါတယ်နော်"

ဟုတ်သားပဲ။ ဝေမွန် ပြန်လာတော့မယ်ဆိုတော့ အိမ်သားတွေအတွက် အဝတ်အစားတွေ မှာတဲ့အချိန်မှာ နယုန်အတွက်လည်း ရှပ်တစ်ထည် ဝယ်ခိုင်းခဲ့တာကို မေ့နေလိုက်တာ။ အခုတော့ ဘယ်လိုပေးလို့ ရတော့မှာလဲနော်။ နယုန်စုတ်ရယ် ငါ့ကို ကြိုက်နေခဲ့ရင်တောင် ဖွင့်မပြောပါနဲ့လား။

"ဟဲ့… သင်္ကြန် ငါပြောနေတာကြားလား"
"ဟင်… အင်း… ကြားပါတယ်"
"ဪ… အေး၊ နင်ကလဲ ကြားရင် ပြန်ပြောလေဟယ်၊ ငါ မနက်ဖြန်မှ နင့်ဆီလာခဲ့မယ်နော်၊ ပစ္စည်းတွေလဲ မနက်ဖြန်မှပဲ တစ်ခါထဲ ယူခဲ့တော့မယ်၊ အခုတော့ နားလိုက်ဦးမယ်"
"အေး… နားလေ၊ မနက်ဖြန်မှ တွေ့ကြတာပေါ၊ ငါ နင့်ကို လာကြိုပေးမလို့ပဲ…"
"ရပါတယ်၊ မမ လာကြိုတယ်လေ၊ သူ့ပစ္စည်းတွေပါလို့၊ အိမ်ရောက်တာနဲ့ ချက်ချင်းယူသွားရော ဟား ဟား… "
"အေးပါ ဒါဆိုလဲ နားတော့လေ၊ မနက်ဖြန်မှ တွေ့မယ်"
"အိုကေ… ဘိုင်"

သင်္ကြန် ဖုန်းကို မွေ့ရာပေါ်ပစ်ချကာ လူကလဲ အရုပ်ကြိုးပြတ်လှဲချလိုက်တော့သည်။ ဘာဖြစ်နေမှန်းမသိ။ ရင်ထဲမှာ ဟာတာတာနဲ့ နေလို့ထိုင်လို့ မကောင်း။ နယုန်ကို ပြောဆိုပစ်ပြီးမှ သနားနေမိသည်။ တကယ်ဆို ကောင်းကောင်းပြောလဲ ရရဲ့သားနဲ့။ အခုမှသာ နောင်တရနေမိပေမယ့် အဲ့ဒီအချိန်တုန်းက စိတ်တွေက ကယောင်ချောက်ချားနဲ့ ဒီထက်တောင် ပိုပြောချင်စိတ်တေွ အပြည့်နဲ့ပါ။

အင်းလေ… ကိုယ်လည်း ပြောဆိုပစ်ပြီးပြီပဲကို။ ထားလိုက်တော့ပေါ့။ နောက်ထပ် ပတ်သက်စရာအကြောင်းလည်း မရှိတော့ပဲ။ ဝေမွန်လည်း ပြန်ရောက်လာပြီဆိုတော့ အစားထိုး သူငယ်ချင်းလည်း မလိုအပ်တော့ဘူးလေ။ ကိုယ့်စိတ်ကို ဘယ်လိုလှည့်တွေးတွေး မရ။ မျက်နှာတွေနီရဲပြီး မျက်ရည်ဝဲနေတဲ့ သူ့ကို မြင်ယောင်မိတိုင်း သူမပါ ငိုချင်လာမိသည်။ ဘာဆိုင်လို့ ငိုရမှာလဲလေ။ အဲ့လိုတွေးပေမယ့် ငိုချင်စိတ်က တားမရ။

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Donde viven las historias. Descúbrelo ahora