Unicode font
အပိုင်း ( ၁၅ )အခန်း ( ၃၇ )
"ငါ့သူငယ်ချင်းလေး သနားပါတယ်ဟယ်၊ နင်တို့အဖွဲ့တွေ ဝိုင်းပြီးအော်နေကြတော့ ရှက်နေရှာမှာ"
"ဟုတ်တယ်၊ မဝေမွန်က ရှက်နေတာ၊ မောင်က မအော်ဘူးနော်၊ ကိုရန်နိုင်သူငယ်ချင်းတွေပဲ အော်တာ၊ မောင်က လက်ခုပ်တီးတဲ့အထဲပဲပါတာ၊ အဲ့ဒီအချိန်တုန်းက စဉ်းစားမိသေးတယ်သိလား၊ မောင်သာဆိုရင် လူကြားထဲမှာ နမ်းရဲပါ့မလားလို့၊ သူများတွေ ဝိုင်းကြည့်နေကြတာ ရှက်စရာကြီး၊ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ၊ နမ်းရမှာပေါ့"ရုပ်ကြီးကိုက ပြုံးဖြီးဖြီးကြီးနဲ့ စိတ်ကူးတွေ ယဉ်နေြပန်ပြီ။ သူဟာ ထိုသို့သော အပြုအမူများနဲ့ အရမ်းချစ်ကြောင်းကို ဖော်ပြတတ်သူပါ။ ဒါတွေကြောင့်မို့လည်း သူ့ကိုယုံကြည်နေမိတာဖြစ်မည်။ သူမကတော့ ချစ်ပေမယ့် ကိုယ်သူငယ်ချင်းကို သနားစိတ်၊ ရယ်ချင်စိတ်တွေနဲ့ စိတ်ကူးယဉ်ဖို့ သတိကို မရမိပါ။ သင်္ကြန် အဝေးကနေပဲ မျက်စောင်းလှမ်းထိုးလိုက်ရင်း
"အတော်ကို စိတ်ကူးယဉ်တတ်တယ်နော်"
"မတတ်နိုင်ဘူးလေ၊ သူ့ဘာသာအော်တိုယဉ်မိတာကို၊ မဝေမွန် ကံကောင်းပါတယ်၊ ကိုရန်နိုင်က အရမ်းချစ်တဲ့ပုံပဲ"
"ဟုတ်လား၊ နင် ဘယ်လိုသိ၊ ကိုရန်နိုင်ပြောပြလို့လား"
"မဟုတ်ပါဘူး၊ ကိုရန်နိုင်နဲ့ စကားမပြောဖြစ်တာတောင် ကြာပြီ၊ သူ ပြန်ရောက်လာတာတော့ ကြားတယ်၊ မောင်လဲ အလုပ်တွေနဲ့ မအားနေလို့ ဘယ်သူနဲ့မှ တကူးတက မဆက်သွယ်ဖြစ်ဘူး၊ ကိုရန်နိုင်က ဖိတ်စာပို့တဲ့အချိန်မှ ဖုန်းဆက်ခဲ့တာ၊ သူ မအားလို့ ဖိတ်စာတောင် အိမ်မှာ တခြားလူလာပို့သွားတာ"
"ဒါများ… သိလဲမသိပဲနဲ့၊ ဘာအရမ်းချစ်တာလဲ"
"ချစ်ပါတယ်၊ ချစ်လို့ပဲ သူ့ကိုမယူချင်တဲ့ မိန်းကလေးကို လူကြီးတွေအားကိုးနဲ့ အတင်းယူတာပေါ့၊ မနေ့တုန်းကလဲ တစ်လောကလုံးမှာ အပြုံးဖြီးဆုံးသတို့သားဖြစ်နေတာကို မတွေ့ဘူးလား၊ ကိုရန်နိုင်လို လူမျိုးနဲ့လက်ထပ်ရတာ မဝေမွန် ကံကောင်းပါတယ်"
"ဟုတ်လား၊ သူက သဘောကောင်းလား"
"ကောင်းတာပေါ့၊ ကိုရန်နိုင်က ခပ်တည်တည်နေတတ်ပေမယ့် စိတ်ရင်းကောင်းတယ်၊ ဘယ်သူ့ကိုမဆို ကူညီဖို့လည်း ဝန်မလေးဘူး၊ ဟော့ဟော့ရမ်းရမ်းလည်း မရှိဘူး"
"အမယ်… ဒီလောက်ကတော့ လူတိုင်းနီးပါး ကောင်းပါတယ်ဟယ်၊ ငါ့သူငယ်ချင်းကမှ ပိုပြီးစိတ်ထားကောင်းတာ၊ နင့် မိတ်ဆွေကြီးက သဘောကောင်းမကောင်းထက် လူတွေက အသားမဲတာကို အရင်မြင်ကြမှာ၊ ငါ့သူငယ်ချင်းဖြူဖြူနုနုလေးနဲ့ရတာ သူက ပိုကံကောင်းတာပေါ့၊ နှစ်ယောက်သား တွဲသွားရင် ကျီးကန်းဘဲဥချီထားတဲ့အတိုင်းပဲ ဖြစ်နေတာကိုများ"
BẠN ĐANG ĐỌC
🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]
Lãng mạnအချစ်ဆိုတာကြီးက ခက်သားကွယ် မဖြစ်နိုင်ဘူး၊ မဖြစ်သင့်ဘူးဆိုတာ သိသိရက်နဲ့ အကျိုးနဲ့အကြောင်းကိုလည်း ဆက်စပ်နိုင်ခဲ့သားနဲ့ ရှေ့ဆက်တိုးရင်မှားမယ်မှန်း ကြိုမြင်နေခဲ့သားနဲ့ ချစ်ရသူရဲ့ဖျားယောင်းမှုကနေ မလွတ်မြောက်နိုင်ပဲ မိုက်မဲမိခဲ့တဲ့ မိန်းမသားတစ်ယောက်ဟာ ကျွ...