Unicode font
ချစ်ရသော ယုန်ဖြူလေး [ Ohh! My boy ]
အပိုင်း ( ၂ )အခန်း ( ၃ )
နယုန်ဖွားရဲ့သင်္ကြန်ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့။ နှစ်သစ်မဂၤလာ အခါသမယမှာ နယုန်ဖွားတို့ တစ်မိသားစုလုံး အာရုဏ်ထကာ ဆွမ်းကပ်၊ တရားထိုင်ပြီးကြပါပြီ။ သူတို့မိသားစုဟာ ဘာသာတရားကိုင်းရိှုင်းကြသူများဖြစ်ပြီး မြန်မာ့ယဥ်ကျေးမှုကိုလဲ အင်မတန်နှစ်သက်မြတ်နိုးတန်ဖိုးထားကြသူများဖြစ်သည်။
ဟိုးဘိုးဘေးဘီဘင်လက်ထက်ကတည်းက တစ်ပါတ်လျှင် အနည်းဆုံးနှစ်ရက်လောက်ကတော့ မိသားစုလိုက် အာရုဏ်ဆွမ်းကပ်ကာ တရားထိုင်ခဲ့ကြပါသည်။ နေ့လယ်နေ့ခင်းဆို အလုပ်ကိုယ်စီနဲ့ မိသားစုတွေ တစ်စုတစ်စည်းထဲ တရားထိုင်ချိန် မရမှာစိုးသောကြောင့် အာရုဏ်ချိန်မှာ ဘုရားရှိခိုး၊ တရားထိုင်ကြတာ နယုန်တို့မိသားစုရဲ့အစဥ္အလာကြီးတစ်ခု ဖြစ်နေတော့သည်။
နယုန်တို့မွေးပြီးနောက်ပိုင်းမှာတော့ အပါတ်စဥ် စနေ၊ တနဂၤနွေ အာရုဏ်ချိန်တိုင်း တရားထိုင်ဖို့နေ့ရက်ကို တသမတ်ထဲ သတ်မှတ်ခဲ့ကြလေသည်။ ရုံးဖွင့် ကျောင်းဖွင့်တဲ့ရက်တွေဆိုအဆင်မပြေမှာစိုးလို့ ထိုသို့သတ်မှတ်ခဲ့ခြင်းပင်။ ကလေးတွေဖြစ်တဲ့ နယုန်တို့ မောင်နှမနှစ်ယောက်ကလဲ လူကြီးတွေနဲ့အတူ တရားထိုင်ခြင်းကို စိတ်ပါဝင်စားစွာ လုပ်ခဲ့ကြလေသည်။
နယုန်ဖှားနဲ့လပွညျ့ဝနျးတို့ မောင်နှမနှစ်ယောက်ဟာ အသက်သုံးနှစ်ကှာပြီး တစ်ယောက်နဲ့တစ်ယောက် အလွန်ချစ်ကြပါသည်။ နယုနျ လူပျိုပေါက်စဖွစျလာခြိနျကစပွီး တစျဦးတညျးသော အစျကိုဖွစျသူ ချစ်သူရည်းစားထားမှာကို လပွညျ့ အင်မတန် စိုးရိမျကာ သဝနျတိုခဲ့လေသည်။ နယုန်ဆယ်တန်းဖြေပြီးချိန်မှာတော့ ညီမလေးက သူသဘောတူတဲ့မိန်းကလေးနဲ့သာ လက်ထပ်ရန် ကတိတောင်းခဲ့ပါသေးသည်။
နယုန်တို့ တစ်မိသားစုလုံး မြန်မာဆန်ဆန် ဝတ်ဆင်ကြပေမယ့် သူက လူငယ်ပီပီ တီရှပ်တွေ၊ ဂျင်းတွေဝတ်တာကို လူကြီးမိဘတွေက ပြောဆိုတားမြစ်ခြင်းမရှိပါ။ အချိန်အခါ၊နေရာဒေသအလိုက် ဝတ်ဆင်ဖို့သာ ဆုံးမလေသည်။ သူ႕ညီမလေး လပြည့်ဝန်းကတော့ အများအားဖြင့် မြန်မာဆန်ဆန်လုံချည်နဲ့ ဝမ်းဆက်လေးများကိုသာ သဘောကျနှစ်သက်စွာ ဝတ္ဆင်တတ္ပါသည္။ မိန်းမတို့ဘုန်း ဆံထုံးဆိုတဲ့ ဆိုရိုးအတိုင်း တင်ပါးဖုံးတဲ့ နူးညံ့ဖြောင့်စင်းတဲ့ ဆံပင်ရှည်ကြီးနဲ့ ရိုးရိုးယဉ်ယဉ်လေး လှပသူလဲ ဖြစ်သည်။ လပြည့်ကို တွေ့တဲ့သူတိုင်းက ကျက်သရေရှိလွန်းလို့ နှစ်ခါပြန်ငေးယူရလေသည်။
ခြံထဲဆင်းကာ မနက်ခင်းနေခြည်နုနုအောက်မှာ ကော်ဖီထိုင်သောက်ရင်း သတိရမိနေတာက မမသႀကၤန်ကိုပါ။ ခုချိန်ဆို ဘာလုပ်နေမလဲ။ အိပ်ရာထပြီလား။ အခါကြီးရက်ကြီးမို့ ဘုရားသွားကျောင်းတက် လုပ်နေတာလား။ ဒါမှမဟုတ် အိပ်ရာထဲမှာပဲ ရှိနေသေးတာလား။ ကြည့်ရတာတော့ အိပ်ပုတ်လေးဖြစ်လောက်သည်။ သႀကၤန္အကြောင်း တွေးမိရုံနဲ့ သူ့နုတ်ခမ်းတွေက အလိုလိုၿပံဳးလာမိတော့သည်။
မမသင်္ကြန်နဲ့ဆိုရင်ရော ညီမလေးလပြည့်နဲ့ လူကြီးတွေ သဘောတူပါ့မလား။ မုန့်ဆီကြော်က ဘယ်မှာနေမှန်းမသိ ကြိုတွေးကာ စိတ်ပူနေတဲ့ကိုယ့်အဖြစ်မို့ သဘောကျကာ ပြုံးလိုက်မိပြန်သည်။ သင်္ကြန်နဲ့တွေ့မှပဲ ခပ်အေးအေးနေတတ်တဲ့သူ တစ်ယောက်ထဲ အရူးလို ပြုံးနေမိပါလား။
စတွေ့ချိန်တုန်းက မမသႀကၤန္ကို သူ့ထက်အသက်ကြီးတယ်လို့ကို မထင်။ ကျော်ထက်ဦးပြောတဲ့ အိမ်နားကအမကြီးကို ထွေထွေထူးထူး မစဥ်းစားမိခဲ့။ မမသႀကၤန္ကို တွေ့နေချိန်မှာတောင် ကျော်ထက်ပြောတဲ့ သူတို့ထက်လေးနှစ်လောက်ကြီးတဲ့ အမကြီးမှန်း မရိပ်မိခဲ့သေးပါ။ ထိပ်နားကနေ စကောက်ထားတဲ့ ရွှေညိုရောင်ဆံပင်လိမ်ကောက်ကောက်လေးများက ပုခုံးပေါ်ဝဲနေပြီး ဝင်းဝါနေတဲ့ မျက်နှာလေးဟာ ဘယ်လိုချစ်ဖို့ကောင်းမှန်းမသိ။ သူမမျက်နှာဟာ ခပ်သွယ်သွယ်ပုံမျိုးဖြစ်ပေမယ့် မျက်လုံးအိ်မ်ခပ်ကြီးကြီးဝိုင်းဝိုင်း၊ ထင်းနေတဲ့နှာတံ၊ နုတ်ခမ်းထူစုစုလေးက နှင်းဆီဖူးလေးလို ရဲနေသေးသည်။ မြင်သာအောင် ပြောပြရရင် သင်္ကြန်ရဲ့မျက်နှာကျဟာ အန္ဒိယမင်းသမီးတွေလိုမျိုးပါ။
အန်တီနုကြောင့် စိတ်ညစ်ညူးနေတာကို မနည်းဟန်ဆောင်နေရပုံနဲ့ အရွဲ့တိုက်ချင်တဲ့ ဂျစ်တစ်တစ်ပုံစံလေးက သူမကို ပိုပြီး နုငယ်စေသလားမသိ။ ကျော်ထက်အမေ အန်တီနုက အတော်ပွားနိုင်တယ်ဆိုတာ သူငယ်ချင်းတွေအားလုံး အကြောင်းသိပြီးသားဆိုပေမယ့် နယုန်ဖွားကတော့ စကၤာပူမှာ ကျောင်းတက်ပြီး ပြန်လာတာ မကြာသေးသလို၊ ဘယ်သူငယ်ချင်းအိမ်မှလဲ သိပ်မလည်ဖြစ်တော့ သိပ်မသိပေ။
နယုန်ဖွားဆိုတဲ့ သူ့ဘ၀မှာ မိန်းကလေးမရှားခဲ့ပါ။ သူ့ဘက်က မဆွတ်ခင် ညွှတ်နေကြတဲ့ မိန်းမလှလေးတွေ ပေါများခဲ့သူပါ။ သို့သော် ဘယ်မိန်းကလေးနဲ့မှ ပတ်သက်ဖို့ စိတ်မ၀င်စားခဲ့။ သူ့ဘ၀မှာ အရေးအကြီးဆုံးက သူ့မိသားစုဆိုတော့ မိန်းမလှလေးတွေကို သဘောကျကာ အလှကြည့်ရုံကလွဲလို့ ချစ်သူရည်းစားထားပြီး အချိန်ဖြုန်းဖို့ စိတ်ကိုမကူးမိခဲ့တာပါ။ မဟုတ်သေးဘူး။ အခုလို ချစ်တယ်လို့ ဖွင့်ဟဝန်ခံရလောက်အောင်ထိ ရင်မခုန်ခဲ့ဖူးတာလဲ ဖြစ်နိုင်ပါသည်။
ဆယ်တန်းအောင်ပြီးတာနဲ့ စင်္ကာပူမှာ ကျောင်းသွားတက်တဲ့ နယုန်ဟာ ကျောင်းပြီးခါနီး MBA ဆက်တက်ဖို့ စိတ်ကူးထားသော်လည်း အခြေအနေတွေက မပေးလာခဲ့ပါ။ နယုန်တို့မိသားစုမှာ ဖိုးဖိုးက နယုန် စင်္ကာပူသွားခါနီးမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဖွားဖွား၊ ဖေေဖ၊ မေမေ၊ ဖေဖေရဲ့အစ်မတော်စပ်သူ အဒေါ်အပျိုကြီး ကြီးမေ ပြီးတော့ နယုန်တို့မောင်နှမနှစ်ယောက်သာ ရှိလေသည်။ ဖေဖေရဲ့ညီကတော့ လက်ထပ်ပြီးကတည်းက အမွေခွဲပေးကာ သီးသန့်နေသူမို့ တစ်မိသားစုလုံးမှာ ယောကျာ်းသားဆိုလို့ နယုန်နဲ့ ဖေဖေနှစ်ယောက်သာ ရှိတော့သည်။ ဘထွေးရဲ့အမျိုးသမီးက လက်မထပ်ခင်ကတည်းက ယောက္ခမတွေနဲ့ မတည့်သူမို့ အိမ်ပေါ်ကို တက်မနေခဲ့သလို ဒီဘက်ကလဲ သဘောတူပြီး ပေးစားတာ မဟုတ်တဲ့အတွက် ခေါ်ထားဖို့ စိတ်ကူးကို မရှိခဲ့ပါ။ အခါကြီးရက်ကြီးနဲ့ ပွဲလမ်းသဘင်တွေ ရှိမှသာ မေးထူးခေါ်ပြောရုံလောက်သာ အဆက်အဆံရှိခဲ့ပါသည်။ သူ ကျောင်းပြီးချိန်တွင် ဖခင်ဖြစ်သူ ဦးနှောက်သွေးကြောပြတ်ကာ ဆုံးပါးသွားသောကြောင့် အိမ်ရဲ့စီးပွားရေးကို ဆက်လက်ဦးဆောင်လုပ်ကိုင်ရန် မြေးအကြီးဆုံးဖြစ်တဲ့ သူ့ပုခုံးပေါ်သာ လုံးလုံးလျားလျားကျရောက်လာခဲ့တော့သည်။ အခုဆို ဒီအိမ်ကြီးမှာ အားကိုးအားထားပြုစရာ ယောကျာ်းသားဆိုလို့ သူတစ်ယောက်သာ ရှိတော့တာမလား။
တစ်မိသားစုလုံးဟာ သားအငယ်ဖြစ်တဲ့ဖေဖေ့ရဲ့ညီကို ယောင်လို့တောင် မတမ်းတကြပဲ အသက်နှစ်ဆယ့်တစ်နှစ်ကျော် နယုန်ကိုသာ အလွန်အားကိုးကြလေသည်။ ကျောင်းပိတ်ရက် ပြန်လာတိုင်း ဖေဖေနဲ့အတူ အလုပ်ထဲလိုက်လေ့လာခဲ့လို့ ဒီလုပ်ငန်းတွေဟာ သူနဲ့ မစိမ်းပေမယ့် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဦးဆောင်ပြီး လုပ်ဖို့ကျပြန်တော့ စိုးရိမ်စိတ်တွေ ရှိနေပါသေးသည်။ ဘာပဲဖြစ်ဖြစ် မှားရင်းနဲ့ မှန်လာမှာပဲလေဆိုတဲ့ စိတ်မျိုးနဲ့ လုပ်လာခဲ့တာ ငါးလကျော်ခဲ့ပါပြီ။ အခုအချိန်မှာတော့ အလုပ်နဲ့ပတ်သက်ပြီး အရင်လောက် စိုးရိမ်ပူပန်မှုတွေ မရှိတော့ပေမယ့် သတိတော့ထားနေရပါသေးသည်။ ဖေဖေရှိစဉ်ကထက် မတိုးပွားလာပဲ ယုတ်လျော့သွားမှာ အင်မတန်မှ စိုးရိမ်မိပါသည်။
လုပ်နေရင်းနဲ့ ပိုနားလည်လာတာက သူတို့ဆွေမျိုးတွေဟာ ချမ်းသာကြွယ်၀တဲ့သူတွေ ပေါများပေမယ့် ငွေရေးကြေးရေး၊ စီးပွားရေးနဲ့ပတ်သက်လျှင် ကိုယ့်မိသားစုနဲ့ကိုယ် သီးသန့်ရပ်တည်ကြသူများဆိုတော့ တစ်ခုခုဖြစ်လာရင် မည်သူ့အကူအညီမှ တောင်းဖို့ မဖြစ်နိုင်။ မဖြစ်နိုင်တာထက် သူ ကိုယ်တိုင်လည်း မည်သူ့ဆီမှာမှ အောက်ကျခံပြီး အကူအညီတောင်းလိုစိတ်မရှိပါ။ ဒါကြောင့်ပဲ သူ့ဘ၀ဟာ အခြားလူငယ်တွေလိုမျိုး မပေါ့ပါးသလို ပိုပြီးကြိုးစားရပါသည်။ ငယ်စဉ်ကတည်းက လူကြီးမိဘတွေရဲ့ ဆိုဆုံးမမှုအောက်မှာ ပေါ့ပေါ့တန်တန်မနေခဲ့တဲ့သူဆိုတော့လည်း တစ်ခါတလေ အလုပ်လုပ်ရတာ စိတ်ဖိစီးမှု အနည်းငယ်လောက်သာ ရှိခဲ့လေသည်။
အလုပ်ပိနေသောကြောင့် သူငယ်ချင်းတွေနဲ့ တွေ့ဆုံလည်ပတ်တာမျိုး အရင်ထဲက သိပ်မရှိခဲ့ပေမယ့် နောက်ပိုင်း တစ်လတစ်ခါတောင် တွေ့ဖြစ်ဖို့မလွယ်။ ဖုန်းနဲ့ အွန်လိုင်းကျေးဇူးကြောင့် အဆက်အသွယ် မပြတ်ခဲ့ပါ။ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်မှာတော့ ကျော်ထက်က ဘာစိတ်ကူးပေါက်သည် မသိ။ သူငယ်ချင်းတွေ မဆုံတာကြာလို့ ရေကစားထွက်ကြမယ်ဆိုလို့ သူ့မှာ လူကြီးတွေကို ခွင့်တောင်းပြီး လိုက်ခဲ့ရသည်။ ဖွားဖွားက အချိန်ရတုန်း အိမ်မှာ အေးအေးဆေးဆေး တရားထိုင်စေချင်ပေမယ့် သူကိုယ်တိုင်ကလည်း လူငယ်ပီပီ ပျော်ချင်စိတ်လေးတော့ ရှိသေးတယ်ဆိုတာ ရိပ်မိတဲ့မေမေက သင်္ကြန်နောက်ဆုံးရက်မှာ ထွက်ခွင့်ပေးခဲ့ပါသည်။
တကယ်တမ်းတွေ့ကြတော့လည်း အပေါင်းအသင်းသိပ်မရှိ ချစ်သူရည်းစားမရှိအရှုပ်အရှင်းကင်းတဲ့ သူအပါအဝင် ကျော်ထက်နဲ့ မြတ်ဘုန်းမင်း ဒီသုံးယောက်သာ တွေ့ဆုံရပြီး တခြားသူငယ်ချင်းတွေက သူ့အစီအစဉ်နဲ့သူ။ အနီးကပ်မှ ချိန်းတဲ့သူတို့ကို ဘယ်သူမှ အဖက်မလုပ်ကြတော့ ကျော်ထက်အိမ်ဘေးက အစ်မကြီးနဲ့အတူ ရေကစားလိုက်ဖို့ ဖြစ်လာတော့သည်။ အဲ့ဒီနေ့မှာပဲ အလုပ်ပိနေတဲ့ဦးနှောက်ကြောင့် ငြိမ်သက်နေတဲ့ သူ့ရဲ့နှလုံးသားလေးက ထိုအစ်မကြီးကြောင့် ပူနွေးလှုပ်ရှားလာခဲ့ရတော့သည်။
အခုတော့ မအားတဲ့ကြားထဲကနေ ကျော်ထက်အိမ်ကို ချောင်းပေါက်မတတ် လည်ရတော့မယ်လေ။ မမသင်္ကြန်ရေ ခင်ဗျားလေးကတော့ လူကို ငချွတ်လေးလို ဆက်ဆံခဲ့ပေမယ့် အဲ့ဒီငချွတ်လေးက ခင်ဗျားလေးကို ချစ်နေမိပြီဗျာ။ သူဟာ ယောကျာ်းလေးပီပီ မိန်းမလှလေးများမြင်ရင် စိတ်ဝင်တစား ငေးမောတတ်သလို သဘောကျကာ ရင်လဲခုန်ခဲ့ဖူးပါသည်။ သို့သော် ယခု သင်္ကြန်ကို ကြည့်မိသလိုမျိုး ချစ်စနိုးခံစားချက်တွေနဲ့ ဂရုတစိုက်ခိုးခိုးပြီး ဘယ်သူ့ကိုမှ မကြည့်ခဲ့ဖူးပါ။ ဤကဲ့သို့ ရင်ထဲမှာ တသိမ့်သိမ့်နဲ့ ဘယ်လို feeling လို့ ဖော်ပြလို့ မရတဲ့ ချစ်တယ်ဆိုတဲ့ ခံစားချက်မျိုးလဲ တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးပေ။
အင်း မနက်ဖြန်လဲ ရုံးပိတ်ရက်ဆိုတော့ အချိန်ရတုန်း ကျော်ထက်အိမ်ကို သွားလည်ဦးမှလို့ စိတ်ကူးကမဆုံးသေး လက်တွေက ဖုန်းကို တန်းပြီးကိုင်လိုက်မိသည်။ ကြိုက်မရှက်ဆိုတာ ဒါမျိုးများလား။
သႀကၤန္က သူ့ကို ဘာမှမပြုစားခဲ့သော်လည်း ထိုသို့မပြုစားတာကမှ ပြုစားတာထက်ပိုပြီး ဆွဲဆောင်နေသလိုပင်။ သူမကို ဘာကြောင့် ချစ်မိသွားမှန်း သူကိုယ်တိုင်လဲ မသိတတ်တော့။ ဒီအကြောင်းတွေကို ကျော်ထက်ကို ဖွင့်ပြောပြလို့ မဖြစ်သေးပါ။ ဘယ်သူ့ကိုမှ ဖွင့်ပြောမပြခင် သူ့ခံစားချက်တွေ ဒီထက်ပိုပြီး သေချာအောင် အတည်ပြုချင်ပါသေးသည်။
===============
VOCÊ ESTÁ LENDO
🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]
Romanceအချစ်ဆိုတာကြီးက ခက်သားကွယ် မဖြစ်နိုင်ဘူး၊ မဖြစ်သင့်ဘူးဆိုတာ သိသိရက်နဲ့ အကျိုးနဲ့အကြောင်းကိုလည်း ဆက်စပ်နိုင်ခဲ့သားနဲ့ ရှေ့ဆက်တိုးရင်မှားမယ်မှန်း ကြိုမြင်နေခဲ့သားနဲ့ ချစ်ရသူရဲ့ဖျားယောင်းမှုကနေ မလွတ်မြောက်နိုင်ပဲ မိုက်မဲမိခဲ့တဲ့ မိန်းမသားတစ်ယောက်ဟာ ကျွ...