အပိုင်း ၂၂

5.2K 163 2
                                    

Unicode font

ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]
အပိုင်း ( ၂၂ )

အခန်း ( ၅၄ )

"အင်း… အဲ့ဒီတော့ လေတိုက်ရောလား၊ ဆက်ပြောလေဟယ်"
"အေးလေ… နားထောင်နေတဲ့လူတွေ ဆန့်တငင်ငင်ဖြစ်အောင်"

ဝေမွန်က ဖုန်းထဲကနေ မျက်စောင်းလှမ်းထိုးခဲ့လို့ ရယ်လိုက်ကြသည်။ ညနေပိုင်းမှာ မဗိုက်ဟာ ကိုရန်နိုင်လစ်တာနဲ့ video call ခေါ်ခဲ့လို့ ပြောနေကြခြင်း ဖြစ်သည်။

"ငါသိတယ်… နင်တို့နှစ်ယောက်လက်ချက်ဆိုတာ… "
"အမ်… ငါမဟုတ်ဘူး လုံးဝအာမခံတယ် မေမိုး နင်မလား"
"ဟုတ်မနေဘူး၊ ငါက ဘာကိတ်စနကြောင့် Black rose ကို သွားပြောရမှာလဲ၊ စဉ်းစဉ်းစားစားလေး ပြော…"

အမယ်… ဒီနှစ်ကောင်ဟာ မသိရင်ခက်မယ်။ ဝေမွန်က ညစ်ကျယ်ကျယ်အပြုံးနဲ့

"ပြီးရောလေ… ငါက ကျေးဇူးတင်ကြောင်း ပြောမလို့ပါဆို၊ နင်တို့ မဟုတ်ရင်လည်း… "

ဘာမှကျေးဇူးတင်ချင်လို့ မဟုတ်မှန်း သိနေသော မေမိုးနဲ့ သင်္ကြန်က မှင်သေသေရုပ်နဲ့သာ ဆက်ကြည့်နေရင်း

"အရစ်ရှည်မနေနဲ့ မဗိုက် ပြောမှာဖြင့် ပြောစမ်း"
"ဟီး… သူ ပြန်ရောက်လာတော့… ရှင်းပြတာပေါ့ဟယ်၊ အဲ့ဒီအစ်မနဲ့ ကျောင်းပြီးခါနီးမှ ကြိုက်ခဲ့တာတဲ့၊ အစကတည်းက အစ်မတွေက စကားများလွန်းလို့ နားငြီးလို့ စိတ်မရှည်ရတဲ့ကြားထဲ ရည်းစားက ပိုဆိုးတယ်တဲ့၊ တအားရစ်တာတဲ့၊ ဘယ်လိုတွေ ရစ်တာလဲမေးတော့ မမှတ်မိတော့ဘူးတဲ့၊ ဘာမဟုတ်တဲ့ကိစ္စနဲ့လည်း ရှာကြံရစ်တတ်လွန်းလို့ စိတ်ညစ်ခဲ့ရတာပဲ မှတ်မိတော့တယ်တဲ့၊ သူနဲ့ကြိုက်ပြီးကတည်းက မိန်းမတွေကို စိတ်ကုန်သွားလို့ ရည်းစားမထားဖြစ်တော့တာဆိုပဲ… ငါက မိန်းမ မဟုတ်တာကျနေတာပဲ"

ကျေနပ်တော်မူနေပုံက။ ဒေါ်ဒေါ်ဗိုက်ဟာ အိမ်ထောင်ကျပြီးမှ မူလကီတွန်ဂျီ ပိုများလွန်းလှသည်။

"နင်ကရော… နင်ကတော့ မရစ်ဘူးတဲ့လား"
"ဟမ်… ငါ ? ငါက… ဘယ်မှာရစ်နေလို့လဲ"
"ဪ… အင်း… အဲ့ဒီတော့… "
"သဝန်တိုနေတာဆို ဟုတ်လားတဲ့"

မေမိုးနဲ့ သင်္ကြန်မှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပဲ ပြုံးစိစိ ဖြစ်သွားတော့သည်။ ကိုရန်နိုင်ဟာ မိန်းမတွေကြားမှာ ကြီးခဲ့ပေမယ့် မိန်းမအကြောင်း မသိဆုံးလူသားကြီးပါ။ ဒီနေရာမှာတော့ ရိုးတာထက်ကို အ,တဲ့အပိုင်းကိုတောင် ကျော်လွန်သွားတော့သည်။ လှည့်ပတ်မေးလို့ ရရဲ့သားနဲ့ ဗြောင်ကြီးသွားမေးတော့ အီစီကလီ အီတလီမာယာမက ဝန်ခံမှာတဲ့လား။ သူကတော့ အချစ်ခံချင်ပြီး သူများကိုတော့ မစာမနာ မချစ်ချင်ယောင်ဆောင်ဦးမှာပါ။

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Tempat cerita menjadi hidup. Temukan sekarang