အပိုင်း ၆

4.7K 185 1
                                    

Unicode font

အပိုင်း ( ၆ )

အခန်း ( ၁၃ )

"မမသင်္ကြန်… ဘယ်သွားမလို့လဲ"
"ဪ… ကျော်ထက်၊ အပြင်သွားမလို့၊ မေမိုးလာခေါ်မယ်ဆိုလို့ ထွက်စောင့်နေတာ"

အိမ်ရှေ့ခြံတံခါးဝမှာ ရပ်နေတဲ့ သင်္ကြန်ကို ကျော်ထက်ဦးက ကားအရှိန်လျော့ကာ တကူးတက နုတ်ဆက်နေလို့ ပြန်ဖြေရင်း သူ့ဘေးမှာ ထိုင်နေတဲ့ အန်တီနုကိုပါ ပြုံးပြလိုက်သည်။

"သင်္ကြန်ကို မတွေ့တာတောင်ကြာပြီ"
"ရှင်… ဟုတ် အန်တီနု၊ သားအမိနှစ်ယောက်လုံး လှနေရော၊ ဘယ်သွားကြမလို့လဲ"
"ကျွန်တော့်သူငယ်ချင်းမွေးနေ့… ဪ… မမသင်္ကြန် သိပါတယ်၊ နယုန်ဖွားလေ၊ ဒီနေ့ မွေးနေ့ ဆွမ်းကပ်တာ သွားမလို့ မမ"
"ဪ… ဒါဆို တာတာ့နော်"

ကျော်ထက်တို့သားအမိ ထွက်သွားတော့မှ စဉ်းစားနေမိသည်။ နောက်တစ်ပါတ် စနေနေ့က သူ့မွေးနေ့လို့ ပြောထားတာ ဟုတ်သား။ ဒီနေ့ စနေနေ့လေ။ ဒါနဲ့ နယုန်ဟာ အိမ်မှာလဲ ဆွမ်းကပ်မှာကို ဘာလို့ သင်္ကြန်တို့ကို အိမ်ကို မဖိတ်ပဲ တကူးတက သီးသန့်ကြီး အပြင်မှာ လိုက်ကျွေးရတာလဲ နားမလည်နိုင်။

"ဝေး… ဘာတွေ စဉ်းစားနေတာလဲ၊ တက်… သွားမယ်"

မေမိုးနဲ့ ဝေမွန် ရောက်လာတော့ သူတို့ကားနဲ့အတူလိုက်လာပြီး စကားတွေ လျှောက်ပြောရင်း နယုန်ဖွားကို မေ့သွားတော့သည်။

"ငါ နောက်တစ်ပါတ် စကင်္ံာပူသွားတော့မှာနော်"
"အေးပါ၊ ခဏပဲမလား"
"ဘယ်နရက်နေရမလဲဆိုတာ သေချာမသိသေးဘူး"
"နင့်ယောင်းမက ကျန်းမာတယ်မလား"
"အင်း… နှလုံးရောဂါရှိတာကလွဲလို့ တခြားဘာမှ မဖြစ်အောင် ဂရုစိုက်တယ်တဲ့၊ ငါ့အစ်ကိုက သိတဲ့အတိုင်း၊ သူ့မိန်းမကုိ ခပ်သဲသဲဆိုတော့… Nurse နဲ့ပဲ စိတ်မချဘူးတဲ့၊ တစ်ခုခုဖြစ်သွားမှာ အရမ်းစိုးရိမ်နေတာ၊ ကလေးတောင် မယူခိုင်းတာကို သူ့မိန်းမက ဇွတ်ယူတာ၊ သူ့ယောကျာ်းအတွက် ကလေးတစ်ယောက်တော့ မွေးပေးချင်တယ်တဲ့"

ဝေမွန်က မောင်နှမသုံးယောက်ထဲမှာ အငယ်ဆုံးသမီးပါ။ အစ်မနဲ့ အစ်ကိုက အိမ်ထောင်ကျပြီး သူ တစ်ယောက်သာ အပျိုဆိုတော့ အစ်ကို၊ အစ်မတို့ရဲ့ လိုအပ်တာမှန်သမျှ လိုက်လုပ်ပေးရတဲ့ တောက်တိုမယ်ရ ခိုင်းဖတ်လေးဖြစ်နေတော့သည်။ အခုလဲ စကင်္ံာပူမှာ အိမ်ထောင်ကျတဲ့ အစ်ကိုရဲ့အမျိုးသမီး မီးဖွားတော့မှာမို့ မီးနေစောင့်ဖို့ သွားရပြန်ဦးမည်။

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Unde poveștirile trăiesc. Descoperă acum