အပိုင်း ၇

4.6K 185 1
                                    

Unicode font

အပိုင်း ( ၇ )

အခန်း ( ၁၆ )

နယုန် သင်္ကြန် ဖုန်းခေါ်လာမှာကို စောင့်မျှော်နေခဲ့သော်လည်း ခေါ်မလာခဲ့။ မဝေမွန်သွားလိုက်တာ လေးရက်တောင်ရှိနေပြီပဲ။ အပြင်မထွက်ပဲ အိမ်တွင်းအောင်းနေပုံရသည်။

လုပ်လက်စအလုပ်တွေကို ခဏထားလိုက်ပြီး အင်တာနက်ဖွင့်ကြည့်လိုက်မှ သင်္ကြန် အသစ်တင်ထားတဲ့ပုံကို ကြည့်ပြီး ရယ်လိုက်မိတော့သည်။ သူမဟာ ပျင်းတိုင်း တစ်ယောက်ထဲရှိတဲ့ မောင်လေးကို နှိပ်စက်နေပုံပါ။ သားတိုးရဲ့ ငယ်ထိပ်ကဆံပင်ကို ကြက်တောင်စည်းပေးထားပြီး ပါးကိုဆွဲညစ်ကာ မောင်နှမနှစ်ယောက် ကျီစယ်နေပုံကို တင်ထားသည်။ သူတို့နှစ်ယောက်ကြားမှာ ဘော်ဘီဆိုတဲ့ နားရွက်ထောင်လေးနဲ့ ခွေးကလဲ မော့ကြည့်ကာ ပါနေသေးသည်။

ပုံရဲအောက်က comment တွေကို ဖတ်ကြည့်လိုက်တော့ "ကလေးကို အနိုင်ကျင့်နေတယ်" "ဟေ့ ငါ့မောင်လေးကို မနိုင်စားနဲ့" "သူငယ်ချင်းကောင်း ယောင်းမကြီး" စသည်ဖြင့် မဝေမွန်တို့က ပြောထားကြတော့ နယုန်လဲ "ကျွန်တော့်ယောက်ဖကို အနိုင်မကျင့်နဲ့" လို့ ရေးလိုက်ချင်တော့သည်။ အဲ့လိုသာ comment ပေးလိုက်ရင် ဘယ်လိုနေမလဲမသိ။

သို့သော် လက်တွေ့မှာတော့ ပုံကို Like တောင် မပေးရဲ။ အိမ်ကလူတွေ သိသွားမှာ စိုးရိမ်ပါသည်။ သိသွားခဲ့ရင် သင်္ကြန်နဲ့ အချစ်ဇာတ်လမ်းလေး မစရသေးခင် ဇာတ်သိမ်းပိုင်းကို တန်းရောက်သွားရလိမ့်မည်။ အဲ့လို လုံးဝအဖြစ်မခံနိုင်ပါ။ နယုန်မှာ ရှေ့ဆက်မတိုးလို့မရဘူးဆိုတာ သိသိရက်နဲ့ မဆင်ခြင်နိုင်တော့ပေ။

"မမ မနက်ဖြန်ဘယ်သွားချင်လဲ"

သင်္ကြန် ဝေမွန်နဲ့ Video call ပြောနေရာမှ နယုန်ပို့လာတဲ့ message လေးကို ဖွင့်ဖတ်လိုက်သည်။

"Why ???"
"ကျွန်တော် မနက်ဖြန်နေ့လယ် အချိန်ရတယ်နော်၊ မမ သွားချင်တဲ့နေရာ လိုက်ကူပေးမယ်"
"တကယ်နော် ဒါဆို JC (Junction City) သွားမယ်၊ တစ်နာရီအရောက် OK လား"
"OK ပါဗျာ"
"cu bb" ဆိုပြီး နုတ်ဆက်သွားတော့ နယုန်လည်း ထပ်မပြောရဲတော့။ ပိတ်သွားတာလည်း မဟုတ်ပဲ။ တစ်ယောက်ယောက်နဲ့ ပြောနေလို့များလား။ သူ့အကြည့်တွေက ကွန်ပျုတာ screen ပေါ် ရောက်နေပေမယ့် စိတ်တွေကတော့ သင်္ကြန်ဆီသို့ လွင့်ပျံသွားတော့သည်။ လွမ်းလိုက်တာ သင်္ကြန်ရယ်။ မနက်ဖြန် တွေ့ရတော့မှာပဲ။ အဲ့ဒီအချိန်မှ အတိုးချပြီး သူ မချစ်ပဲ မနေနိုင်သည့် သူမမျက်နှာလေးကို အကြာကြီး ငေးကြည့်ပစ်ပါဦးမည်။

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Tempat cerita menjadi hidup. Temukan sekarang