Unicode font
ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]
အပိုင်း ( ၂၉ )အခန်း ( ၇၅ )
"မိုးညို… နင် သွားတော့လေ"
"ဘယ်ကို သွားရမှာလဲ"
"ဟဲ့ အရင်လို အပြင်လေးဘာလေး ထွက်ပေါ့"မိုးညိုမှာ သူ့အိမ်သူ့ရာမှာ နေနေသော်လည်း သင်္ကြန်နဲ့ ဝေမွန်တို့သားအမိ ရောက်လာတာနဲ့ မောင်းထုတ်ခံရပါသည်။
"ငါက ဘယ်သွားရမှာလဲ"
အူကြောင်ကြောင်ရုပ်နဲ့ ပြန်မေးခဲ့လို့ ဝေမွန်ကို သူ့သားငြိမ်းငြိမ်းကို အောက်ချနေရင်း ပြန်ဖြေလိုက်သည်။
"အခုမှ အိမ်ခင်ကြီး လုပ်ပြမနေနဲ့၊ အရင်ကတော့ အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားသလား ထင်ရပြီးမှ"
"အခုက မကပ်လို့မရတော့ဘူးလေ၊ နင့် သူငယ်ချင်းက ဗိုက်ကြီးတအားပူနေပြီ၊ ဘာမှ သိပ်မလုပ်နိုင်တော့ဘူး၊ အင်္ကျီတွေ လှန်းပေးရဦးမှာ"သင်္ကြန်နဲ့ ဝေမွန်သည် မိုးညိုကို မသင်္ကာသလို ကြည့်လိုက်ကြတော့သည်။
"ဘာလဲ၊ ဘာလို့လာကြည့်နေတာလဲ"
"ရန်ဖြစ်ထားကြပြန်ပြီလား၊ နင့်ပုံစံက Abnormal ဆိုတော့… "
"ဟာ… နင်တို့ကလည်း တဆိတ်ရှိ ရန်ဖြစ်တယ်ပဲ ထင်နေကြတာ၊ ပြီးရောကွာ… အဝတ်လှန်းပြီးရင် သွားမယ်၊ ဟုတ်ပြီလား"မေမိုးက တစ်ခွန်းမှ ဝင်မပြောပဲ ခပ်တည်တည်သာ ထိုင်နေတာဆိုတော့ ရန်ဖြစ်ထားတာ သေချာပါသည်။ ဒီလင်မယားဟာ လက်ထပ်ပြီး လေးနှစ်နီးပါးအထိ ကလေးမရနိုင်ခဲ့။ ကလေးရချင်လွန်းလို့ ဆေးခန်းတွေပြ၊ ဗေဒင်ယတြာကအစ အမျိုးစုံလုပ်ခဲ့ရပြီးနောက် လေးနှစ်ကျော်ချိန်မှ ပထမဦးဆုံး ကိုယ်ဝန်ရှိလာလို့ နှစ်ယောက်သား အရမ်းပျော်ခဲ့ပြီး ရန်မဖြစ်တာ ကြာပါပြီ။ အခုမှ ဘာအကြောင်းကိစ္စကြောင့် ရန်ဖြစ်ကြလဲမသိ။
မေမိုးက မိုးညို ထွက်သွားပြီး တံခါးပိတ်ချိန်မှ အိမ်တံခါးပေါက်ကို မျက်စောင်းလှမ်းထိုးလိုက်သည်။ ထွက်သွားတဲ့လူကလည်း မျက်မှောင်ကုပ်နဲ့ ဂျစ်ကန်ကန်ရုပ်နဲ့ပါ။
"ခုနတုန်းက နင်တို့မရောက်ခင်လေးကမှ ရန်ဖြစ်ထားကြတာ၊ အစတုန်းကတော့ ဗိုက်လေးလာကိုင်ပြီး သူ့သားကို ကျီစယ်နေတာ အကောင်း၊ ဒါကို အဲ့ဒီ အကျင့်ပုတ်ကောင်က ဘာပြောနေတယ် မှတ်လဲ၊ သားရေ အခုဆို မင်းအမေက အဖေ့ကို ကလန်ကဆန် မလုပ်ရဲတော့ဘူးတဲ့၊ အရင်ကဆို တစ်ခုခုဖြစ်တာနဲ့ နင်နဲ့ပြတ်ပြီ၊ ပြတ်ပြီနဲ့ ပြောခဲ့တာ၊ အခုတော့ ပြောဦးလေ၊ အရင်လို ပြတ်ပြီလို့ ပြောလေ၊ အခု ပြတ်ဦးလေနဲ့ ဗိုက်ကြီးကို လာကိုင်ပြီး စိတ်ဆိုးအောင် လာစနေတာ၊ မုန်းဖို့ကောင်းလိုက်တာ၊ ငါလည်း စပ်ဖြဲဖြဲရုပ်ကြီးကို ငုံ့ကြည့်နေရင်း စိတ်တိုလာတာနဲ့ ဆံပင်ဆွဲလိုက်မိတာ၊ စိတ်ဆိုးသွားရော"
![](https://img.wattpad.com/cover/286685985-288-k860572.jpg)
YOU ARE READING
🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]
Romanceအချစ်ဆိုတာကြီးက ခက်သားကွယ် မဖြစ်နိုင်ဘူး၊ မဖြစ်သင့်ဘူးဆိုတာ သိသိရက်နဲ့ အကျိုးနဲ့အကြောင်းကိုလည်း ဆက်စပ်နိုင်ခဲ့သားနဲ့ ရှေ့ဆက်တိုးရင်မှားမယ်မှန်း ကြိုမြင်နေခဲ့သားနဲ့ ချစ်ရသူရဲ့ဖျားယောင်းမှုကနေ မလွတ်မြောက်နိုင်ပဲ မိုက်မဲမိခဲ့တဲ့ မိန်းမသားတစ်ယောက်ဟာ ကျွ...