Unicode font
ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]
အပိုင်း ( ၂၇ )အခန်း ( ၆၉ )
ဒီနေ့ မေမိုးရဲ့တိုက်ခန်းသို့ ဘယ်သူမှ မရောက်ကြသေး။ ဦးဆုံးရောက်လာသော သင်္ကြန်သည် တိုက်ခန်းတံခါး ဖွင့်ဝင်ပြီးနောက် ဝရန်တာကနေ အောက်သို့ အမှတ်တမဲ့ ကြည့်လိုက်မိရာ သူမရှိရာသို့ ခိုးကြည့်သွားသော ဝေမွန်တို့သားအမိကို တွေ့လိုက်ရသည်။ သူတို့ကို ကိုရန်နိုင် လိုက်ပို့ပေးပုံပင်။ ကိုရန်နိုင်ကတော့ ကားမောင်းနေရလို့ သင်္ကြန်ကို မတွေ့လောက်။ ဝေမွန်သည် သူ့ယောကျာ်းပါလာလို့ ဒီတိုက်ခန်းရှေ့ ရောက်တာတောင် မဆင်းနိုင်ပဲ မေမိုးအိမ်အထိ သွားနေရသေးသည်။
သူမတို့ရဲ့ နားခိုရာ ဤတိုက်ခန်းလေးကို မည်သူကိုမှ အသိမပေးချင်တော့လည်း မြို့ပတ်ပြီး သွားဦးပေါ့ မဝေမွန်ရယ်။ သင်္ကြန် ကိုယ့်အတွေးနဲ့ကိုယ် ပြုံးစိစိဖြစ်လာကာ အခန်းထဲဝင်ပြီး စောင့်နေလိုက်သည်။ သူတို့ရောက်လာဖို့ အနည်းဆုံး နာရီဝက်လောက်တော့ ကြာဦးမှာပါ။
လက်မှာ ကိုင်ထားတဲ့ အထုပ်တွေ၊ အိတ်တွေ စားပွဲပေါ်ချကာ မိန်းတင်ပြီး Air-con ဖွင့်ပြီးချိန်တွင် ဖုန်းဝင်လာခဲ့သည်။
"ဟယ်လို… မောင်"
"မ… မဝေမွန်တို့နဲ့ တွေ့နေပြီလား"
"အင်း… သူတို့ မရောက်သေးဘူး၊ ဘာဖြစ်လို့လဲ"
"စောစောပြန်လို့ မရဘူးလား၊ မောင်တစ်ယောက်တည်း ပျင်းလို့"နယုန်စုတ်ဟာ ဒီနေ့ သူ့အိမ်က လူကြီးတွေကို ဘယ်မှလိုက်ပို့စရာ မရှိဘူးလား မသိ။ လူကို လာချွဲနေပြန်ပြီ။ သင်္ကြန် အသံတိတ်ပြုံးလိုက်မိသည်။
"အင်း ပြန်လာမယ်လေ"
"ဒါဆို မောင် လာကြိုမယ်၊ တစ်ခုခုဝင်စားပြီးမှ လိုက်ပို့ပေးမယ်"
"ရပါတယ်၊ လာမကြိုနဲ့၊ ငါ့ဘာသာ လာခဲ့မယ်"နယုန် မျက်မှောင်ကုပ်သွားရသည်။ ဘာကိစ္စတွေ လျှို့ဝှက်ချင်လို့များ လာမကြိုစေချင်ရတာလည်း နားမလည်နိုင်။
"မ… တက္ကစီနဲ့ သွားတာမလား၊ မောင်လာကြိုတော့ ပိုကောင်းတာပေါ့"
"အင်း… လာကြိုနေရင် အချိန်ပုပ်မှာ စိုးလို့လေ၊ မေမိုးကို လိုက်ပို့ခိုင်းလိုက်မယ်"
"ပြီးရောလေ… ထွက်လာရင် ဖုန်းဆက်ခဲ့၊ မောင် လာခဲ့မယ်၊ အခု ကိုရန်နိုင်တို့ သူငယ်ချင်းတွေ တွေ့ကြမယ်လို့ ချိန်းထားကြတာ၊ အဲ့ဒီကို သွားလိုက်မယ်နော်"
"ဟုတ်ကဲ့ပါရှင်"
"မ… မောင်တို့ကလေးကို ဂရုစိုက်နော်"
"အင်းပါ အတော်အကဲပိုနေ"
"အချဉ်အစပ်တွေ သိပ်မစားနဲ့"
"…"
"ကော်ဖီလည်း မသောက်နဲ့နော်"
"နယုန်… "
"အင်း အင်း မပြောတော့ဘူး၊ မောင်က စိတ်ပူလို့ ပြောတာကို၊ ဒေါသထွက်နေပြီမလား၊ စိတ်လျော့နော်၊ စိတ်ပဲဆိုးနေရင် ကလေးက သင်္ကြန်လို ပြူးပြူးထော်ထော်လေး ဖြစ်နေဦးမယ်"
"ဘာ… "
YOU ARE READING
🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]
Romanceအချစ်ဆိုတာကြီးက ခက်သားကွယ် မဖြစ်နိုင်ဘူး၊ မဖြစ်သင့်ဘူးဆိုတာ သိသိရက်နဲ့ အကျိုးနဲ့အကြောင်းကိုလည်း ဆက်စပ်နိုင်ခဲ့သားနဲ့ ရှေ့ဆက်တိုးရင်မှားမယ်မှန်း ကြိုမြင်နေခဲ့သားနဲ့ ချစ်ရသူရဲ့ဖျားယောင်းမှုကနေ မလွတ်မြောက်နိုင်ပဲ မိုက်မဲမိခဲ့တဲ့ မိန်းမသားတစ်ယောက်ဟာ ကျွ...