"ဟေ့ကောင်တွေချကွာ""သတ္တိရှိတဲ့ကောင် တတ်စမ်းကွာ "
ဖုန်း ဒိုင်း ခွမ်း ဒိုင်း ဆိုတဲ့ အသံများနဲ့ အတူတူ လူရိပ်တွေကလဲ လရောင်ထဲမှာ လှုပ်ရှားလို့နေကြသည်။
ရန်ပွဲတစ်ခု.....
နောက်ထပ် အဓိပ္ပါယ် ဖွင့်ဆိုရမည်ဆိုလျှင် အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်နဲ့ ရိုက်နှက်နေကြခြင်းသာဖြစ်သည်။
ထိုလူများထဲမှာ ခေါင်းဆောင်ဖြစ်ဟန်တူသည့် ကောင်လေး ကိုသာ အဓိကထားတိုက်ခိုက်နေကြသော်လည်း ထိုကောင်လေးရဲ့ မြင့်မားသောအရပ် ကြံ့ခိုင်သော ကိုယ်နေအထားကြောင့် အနည်းငယ်ထိခိုက်မိရုံကလွဲ၍ ကြီးမားသော ဒဏ်ရာ ဒဏ်ချက်များ မရှိပါ။
ဝီးးးးးးးး ဝီးးးးးး ဝီးးးးးးးး
ဆူညံပွက်လောရိုက်နေသော အသံများနှင့်အတူရဲကားများရောက်လာသောကြောင့် ပြေးခွင့်မသာပဲ အကုန်လုံး အနိစ္စသဘောနဲ့ ကိစ္စချောကာ စခန်း ကိုရောက်သွားကြရလေတော့သည်။"မင်းတို့ကောင်တွေ လူလေးက လက်တောက်လောက်လေးနဲ့ ရန်ဖြစ်နေတတ်လိုက်ကြတာ ။ မင်းတို့ကိုယ် မင်းတို့ ဘာထင်နေကြလဲ ? ဟမ် ? မင်းတို့ အားပေမဲ့ ငါတို့ မအားဘူးကွ ။ မင်းတို့ရဲ့သောက်ရေးမပါတဲ့ ရန်ပွဲတွေကိုဖြေရှင်းပေးနေရတာ တစ်ပတ်တစ်ခါ ။ "
အမှုစစ်ရဲ ရဲ့ ဆူပူကြိမ်းမောင်းသံက ကြားနေကြလိုဖြစ်နေသဖြင့် ပျင်းဖို့တောင်ကောင်းနေပြီ။
ဒီလူကြီး မမောမပန်း ဆူနိုင်ပြောနိုင်လွန်းလို့ သူပြောသမျှစကားကို အလွတ်တွေတောင်ရနေကြသူများဆိုတာ သူမေ့လျော့နေသလားပဲ...." ဆန်ကုန်မြေလေးတွေ ။ မျက်နှာက အခုထိ အချိုးတွေမပြင်ကြသေးဘူး။ ဟေ့ကောင်တွေ ဒါရဲစခန်းကွ ရဲစခန်း ။ မင်းတို့ကောင်တွေ ကောင်မလေးပတ်ရမဲ့နေရာမဟုတ်ဘူး ကွ "
"လာဝိုက်ရအောင် ခင်ဗျားစခန်းက လူတွေက မိန်းကလေးရှုံးအောင်ချောနေတာလဲမဟုတ် "
ခေါင်းဆောင်ဖြစ်ဟန်တူသည့် ကောင်လေးရဲ့ ပက်ခနဲ ပြန်ပြောလိုက်သော စကားသံကြောင့် သူ့အဖွဲ့တင်သာမက တစ်ဖက်အဖွဲ့ပါ လိုက်ရယ်ကြလေသဖြင့် ရဲအရာရှိ မျက်နှာ မှာ လငပုပ်ဖမ်းသလိုမဲမှောင်သွားလေ သည်။