☕️4🍫

1.3K 153 12
                                    

ဆေးရုံရောက်တော့ အရေးပေါ်ခန်း သို့ အလျင်အမြန်ပို့ဆောင်ကြရပြန်သည်။

"လူနာက သွေးထွက်လွန်နေလို့ သွေးသွင်းဖို့လိုပါတယ်။ Blood type B က လဲ အခုကုန်နေလို့ ဒီကလိုက်ပို့တဲ့သူတွေထဲမှာ B များပါသလားရှင် "

သူနာပြုဆရာမလေးရဲ့ ပြောစကားကြောင့် Wonwoo တစ်ယောက် သက်ပြင်းသာ ချမိပြီး ..

"ကျွန်တော် က B သွေးပါ ဆရာမ ကျွန်တော်ပေးပါမယ် "

[AN : Wonwoo က blood type A ပါ Mingyu က B ပါ Fic မှာမလို့ တူပေးထားတာပါ]

"ဟုတ်ကဲ့ စစ်ဆေးပြီး သွေးဖောက်ဖို့ လိုက်ခဲ့ပါနော် "

ထွက်သွားတဲ့ ဆရာဖြစ်သူရဲ့ ကျောပြင်ကိုကြည့်ရင်း....

"ကျွန်တော်လဲ B သွေးပါဆိုတာ​တောင်မပြောလိုက်ရပါလားဆရာရယ် "

နာမည်ကြီးဆေးရုံကြီးမဟုတ်သော်လည်း သာမန်လူတန်းစားများ လက်လှမ်းမှီသော ဆေးရုံတစ်ခုဖြစ်သောကြောင့် လူအဝင်အထွက်များကာ စည်ကားလှပြန်သည်။
ဒဏ်ရာကချုပ် ရုံပဲဖြစ်ပြီး အဓိကအစိပ်အပိုင်းများကို မထိခိုက်သွားခဲ့ချေ။ သွေးထွက်များပြီး သွေးတွေဆုံးရှုံထားသောကြောင့်သာ Mingyu အတွက် အရေးပေါ်သွေးလိုအပ်ခြင်းသာ ဖြစ်သည်။ ကောင်းကျိုးမပေးတဲ့ ထိုကောင်လေးကြောင့် မိမိ မှာ အလုပ်လဲ ပျက်ရ သွေးလဲကုန်ရသေးသည်။
Seungcheol hyung ကို ဖုန်းဆက်ဖို့ နံပါတ်များကိုရိုက်နှိပ်ပြီး

"Hello ! "

"Wonwoo ပြော "

"အစ်ကို ကျွန်တော် ဆေးရုံမှာ "

"ဟင် ! ဘာဖြစ်တာလဲ? ဘယ်လိုဖြစ်တာလဲ ဘယ်ဆေးရုံလဲ အခုအစ်ကိုလာရမလား "

"အစ်ကိုမေးတာတွေ ပြီးမှဖြေပေးမယ်။လာမှ ဖြစ်မယ်အစ်ကိုရေ အစ်ကို့ညီ Kim Mingyu ကိုတင်ထားရတာ မြို့ထဲအဝင် "Health Care " ဆေးရုံမှာ "

ပြောပြီးသည်နှင့် ဖုန်းအမြန်ချရသည် ။ Seungcheol hyung ရဲ့ မေးခွန်းတွေကိုဖြေနေရလျှင် ညအထိသူရောက်လာမည်မထင်။
Kim Mingyu လဲ မနိုးလာသေးတဲ့ အတူတူ Wonwooလဲ Reception နားက ထိုင်ခုံတွေပေါ်မှာသာထွက်စောင့်နေမိသည်။
နှစ်နာရီခန့်အကြာမှာတော့ ရေးကြီး သုတ်ပြာနဲ့ လူလိုက်ရှာနေတဲ့ Seungcheol hyung ကိုမြင်ရတာကြောင့် လက်လှမ်းပြမိသည်။
ရုံးဆင်းချိန်မှာ နှစ်နာရီနဲ့ ဒီနေရာအထိ ရောက်အောင် မောင်းလာနိုင်တာ တော်ရုံမဟုတ်ချေ။ Seungcheol hyung ကထိုကောင်လေးအတွက်ဆိုလျှင် အင်မတန် စိတ်ပူတတ်လွန်းသည်။
ရုံးဆင်းချိန်ဆိုမှ မိမိမှာလည်းရုံးသို့မပြန်ဖြစ် လက်ထောက်ကိုသာ ပြန်လွှတ်ပြီး site အတွက် လိုအပ်သော ပစ္စည်းတွေကို စာရင်းနှင့်တကွထုတ်ပေးဖို့ ပြောလိုက်ရသည်။
Seungcheol လာသည်အထိ မစောင့်ပဲ ပြန်သွားလျှင် မိမိက လူမှုရေးမသိတတ်ရာကျဦးမည်။

If our love is true Where stories live. Discover now