"Paper ! Scissors ! Stone"
Paper ချည်းနှစ်ယောက်လုံးတူသွားပြန်ပြီ..
နောက်တစ်ကြိမ်
"Paper ! Scissors ! Stone"
Stone အဖြစ်တူသွားပြန်သည်။
"Paper ! Scissors ! Stone"
ဒီတစ်ကြိမ်မှာတော့ Wonwoo အနိုင်ရသွားသည်မလို့ Mingyu မျက်နှာကစူပုတ်သွားသည်။ ကြီးတောင်ကြီးမားနဲ့ ကလေးလို မျက်နှာပျက်သွားသော ထိုကောင်လေးကြောင့် Wonwoo ရယ်ချင်မိသွားသည်။
Mingyu ကသတိထားမိပြီး...
"ခင်ဗျားမရယ်နဲ့နော် ဒါက ကံတရားနဲ့လဲဆိုင်တယ် "ရယ်ကျဲကျဲလုပ်နေတဲ့ မျက်နှာက အင်မတန်မခံချိမခံသာဖြစ်ရသည်။ အကြီးမို့လို့ ညှာပြီး အရှုံးခံပေးလိုက်တာ ကိုများ .....
"ငါကတော့ ငါတာဝန်ကျေအောင် လုပ်ရမှာပဲ Seungcheol hyung ကဆူလိမ့်မယ်"
ဒီအသက်ဒီအရွယ်ရောက်နေတာတောင် အဆူခံရမှာကြောက်နေပြန်သည်တဲ့လား....
ပြီးတော့ Seungcheol ကသူ့အစ်ကိုလဲ မဟုတ် မိမိ အစ်ကိုသာဖြစ်သည်။
လမ်းမထက်မှာ တရွေ့ရွေ့သွားနေတဲ့ ကားက traffic တွေကြောင့် ချက်ချင်းတော့အိမ်ကိုပြန်မရောက်နိုင်ပေ။
Point မှာ ရပ်နေရင်း Mingyu တစ်ယောက်ဘေးက လူကို မသိမသာကြည့်မိသည်။
မျက်လုံးက မကျဥ်းမကျယ် မြေခွေးတစ်ကောင်ရဲ့ မျက်လုံးပုံစံ က ဒီလူ့ရဲ့ မျက်နှာနဲ့ လိုက်ဖက်သည်။ နှာတံ ခပ်ချွန်ချွန်က ပိုကြည့်ကောင်းစေသလို အပေါ်နှုတ်ခမ်း ခပ်ပါးပါးနှင့်တွဲဖက်ကာ ယောက်ျားဆန်သော မျက်နှာကျနှင့် ပေါင်းတော့ ဒီလူနှင့်လိုက်ဖက်လွန်းလှသည်။
သေချာကြည့်တော့မှ ဒီလူက ကြည့်ကောင်းသည့်အထဲမှာပါသည်။
မဟုတ်ဘူး.....
ချောတယ်လို့ ပြောရင်ပိုမှန်လိမ့်မည်။
Mingyu လို ခန္ဓာကိုယ် တောင့်တာမျိုးလဲ မဟုတ် ၆ပေခန့်ရှိသော အရပ်နှင့်စာလျှင်တော့ Wonwoo ဆိုတဲ့လူက ပိန်သည်ဟုဆိုရမည်။ Work out လုပ်ထားမှန်းသိသာသော ရင်ဘတ်များနှင့် လက်မောင်းက အမျိုးသမီးများ အကြိုက်ဆိုသော ပုံစံမျိုးသာဖြစ်သည်။ အခုလိုယောက်ျားလေးတစ်ယောက်ကို ဝေဖန်တာကခက်ခဲသော အလုပ်တော့မဟုတ်ချေ ။ ဝေဖန်ပိုင်းခြားခြင်းသာဖြစ်ပြီး ကြည့်ကောင်း၍ ချီးကျူးချင်းသက်သက်သာပင်