နေ့ရက်များက ကောင်းမွန်စွာဖြတ်သန်းနေသည်ဟု ယူဆရသည်။ Park Nabi နှင့်ပတ်သတ်လို့ မကြိုက်ပေမဲ့လည်း သူမက စည်းကျော်တာ လာရောက်ပတ်သတ်တာမျိုးမရှိချေ...
Mingyu ကဘွဲ့ယူဖို့သာ ကျန်တော့ပေမဲ့ သူရဲ့ လုပ်ငန်းက အရှိန်အဟုန်နှင့်တိုးတတ်လာခဲ့လေသည်။ ထို့ကြောင့် သူ၏ Company အတွက် များစွာ အချိန်ပေးရလေသည်။ ထက်မြက်သော လူငယ်စီးပွါးရေး လုပ်ငန်းရှင် ဖြစ်သည့်အတွက် လက်တွဲလုပ်ကိုင်လိုသူများလဲ များပြားလာလေသည်။ တိုးတတ်လာသည့် အလျှောက် လုပ်ဆောင်ရမည့် တာဝန်များမှာ ဆထက်တပိုးတိုးလာခဲ့သည်။ စီးပွါးရေး မိတ်ဖက်များညစာ စားပွဲများ ဧည့်ခံပွဲများက နေ့စဉ်ရက်ဆက် လိုလိုဖြစ်နေလေသည်။ တစ်ဖက်တွင်လည်း Wonwoo ၏ လုပ်ငန်းများက ပုံမှန်လည်ပတ်နေလေသည်။"Boss ဒါက ဒီလထဲ တင်သွင်းမဲ့ ကားတွေပါ ပြီးတော့ ဒါက ဒီနှစ်ထဲ order စာရင်းတွေပါ"
ချမ်းသာသည့် လူငယ်တွေအကြား ရေပန်းစားသည်မှာက အသစ်ထွက်သော ကားများကလည် အပါအဝင်ပင်ဖြစ်သည်။ ဆန်းသစ်တဲ့ design များနဲ့ တောက်ပဝင့်ကြွားသော Sport Car များက လူငယ်တွေကို ဆွဲဆောင်နိုင်လေသည်။ ကိုယ်တိုင်ကလဲ အသိုင်းအဝိုင်းကြီးထဲကမလို့ Mingyu ရဲ့ Company က Sports car နှစ်သက်သူ ချမ်းသာသည့် လူငယ်များကြားတွင် အပြောများလာလေသည်။ ထို့အပြင် နောက်ဆုံးပေါ် luxury car များကလဲ လူကြီးများအကြိုက်ဖြစ်သောကြောင့် နောက်ဆုံးပေါ်ကားများကို လွယ်ကူလျင်မြန်စွာ မှာယူနိုင်သော Mingyu ၏ Company ကိုလူကြီးများကပါ ကြိုက်နှစ်သက်ကြလေသည်။
ယခုလဲ Mingyu နှင့် သူ၏ ဝန်ထမ်းများက အချိန်ပိုဆင်းကာ meeting ပြုလုပ်နေကြရသည်။"ဒါဆို latest accessories တွေနဲ့ spare parts တွေ အတွက် show room ပြင်ဆင်မှုကရော ဘယ်လောက်ထိရောက်ပြီလဲ?"
Boos ဖြစ်သူရဲ့ မေးခွန်းကြောင့် HR Manager က
"Boss အဲ့ဒါကပြီးစီးလုနီးပါးပါ။ Boss လိုချင်တဲ့ Decoration က အကုန်ပြီးပါပြီ Boss အနေနဲ့ final check လုပ်ဖို့ပဲ လိုပါတော့တယ်"
"တင်သွင်းလာတဲ့ ပစ္စည်းတွေကရော??"
Mingyu ကမေးလာတော့ Sale & Marketing Manager က
"အဲ့ဒါတွေကလဲ ဆိပ်ကမ်းမှာရောက်နေပါပြီ"
"ဒါဆို ငါပြောထားတဲ့ အတိုင်း သေချာ နေရာချပါ။ luxury showroom ရော normal user တွေအတွက်ရော သေချာ နေရာချပါ"