"Hello!"
"Hello ဟုတ်ကဲ့ Kim Mingyu ရဲ့ အုပ်ထိန်းသူများလား မသိဘူး?"
ကြားလိုက်ရသည့်စကားက ကောင်းသော နမိတ်မဟုတ်ဟုခံစားနေရလေသည်။
"ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲ မသိဘူး?"
"Kim Mingyu ရန်ဖြစ်လို့ ကျွန်တော်တို့ ရဲစခန်းမှာရောက်နေပါတယ်။ ဆက်သွယ်စရာ ဖုန်းကိုမေးတော့ ဒါကိုပေးလို့ပါ"
ရဲစခန်းနဲ့ Kim Mingyu ဆိုတာ မစိမ်းတဲ့နေရာဆိုပေမဲ့ သူနဲ့ လက်ထပ်ပြီးမှ ထိုသို့သော အရာများကိုမကြားရသည်မှာ ကြာလှပြီဖြစ်သည်။ Wonwoo လဲ ဖုန်းချပြီးတာနဲ့ ရဲ စခန်းကို ချက်ချင်းပြေးရတော့သည်။
အမောတကောနဲ့ လိုက်သွားပြီး တွေ့လိုက်ရသည်က ထီမတင်သော မျက်နှာထားနှင့် သူလုံးဝ မမှား ဟု ရေးချိတ်ထားသည်ဟု ခံစားရသော Kim Mingyu ၏ မျက်နှာပင်ဖြစ်သည်။" အလကား အလုပ်ရှုပ်အောင်လိုက်လာနေသေးတယ်။ ကျွန်တော်က သူတို့အတင်းတောင်းလို့ Seungcheol Hyung ဖုန်းမပေးချင်လို့ ခင်ဗျားဖုန်းပေးလိုက်တာ"
ဘယ်သူကရော ရဲစခန်းကို လာချင်မှာတုန်း ~
" မင်းသာ အေးအေးဆေးဆေးနေရင် ငါ လိုက်လာစရာ အကြောင်းမရှိဘူး"
"မလိုက်လာလဲ ဘာမှမဖြစ်ဘူး မှားတာက ကျွန်တော်မဟုတ်လို့ သူတို့ ပြန်လွှတ်ရမှာပဲ နော့ ဦးလေးကြီးရာ"
ပြောပုံကိုက ရဲစခန်းက သူ့အိမ်သူ့ရာလိုပင်.
ရဲအရာရှိကလဲ ရယ်မောကာ..."မင်းမမှားပေမဲ့ နောက်တစ်ခါ ရန်မဖြစ်ဖို့ အသိပေးရမဲ့လူလိုတယ်လေ။ ဒါက အစ်ကိုနောက်တစ်ယောက်လား?"
Wonwoo က လူကြားထဲမှာမလို့ Mingyu ရှက်မှာစိုး၍ ဟုတ်တယ် ဟုဖြေမည် လို့တွေးနေတုန်းမှာပင်
"ဒါ ကျွန်တော့်ယောက်ျားဗျ ဘယ်က အစ်ကိုရမှာလဲ ။ ဦးလေးလို ထာဝရ အဖော်မဲ့ လို့ထင်နေတာလား"
Mingyu ရဲ့ စကားကြောင့် Wonwoo မျက်နှာ အနည်းငယ်ပူနွေးသွားရသည်။
ဒီကောင်လေးက တကယ်ကိုပဲ ထိန်းမနိုင်သိမ်းမရလေး .