အိမ်ထဲကိုဝင်လိုက်တာနဲ့ Mingyu တစ်ယောက် ဧည့်ခန်းမှာ အလုပ်ထိုင်လုပ်နေသော ထိုလူကိုမြင်လိုက်ရလေသည်။
ထိုခံစားချက်က အနည်းငယ် ဆန်းသစ်လေသည်။
ပုံမှန် အိမ်ပြန်လာတိုင်း လူသူကင်းမဲ့စွာ ခြောက်ကပ်နေသော တိတ်ဆိတ်မှုတွေအစား လူတစ်ယောက်ရှိနေခဲ့လေသည်။
အာရုံစူးစိုက်စွာ အလုပ်လုပ်နေရာမှ တံခါးဖွင့်သံကြောင့် လှမ်းကြည့်သော ထိုလူသည် စကားတစ်ခွန်းမဆို အသာအယာ ခေါင်းညိတ်ပြလေသည်။
Mingyu လဲ အခန်းထဲခန သွားရန်ကြံပြီးမှ ထိုလူရှေ့က အသင့်စား ခေါက်ဆွဲ ဗူးကိုမြင်တော့ သက်ပြင်း အသာအယာ ချကာ မီးဖိုခန်းကိုသာ သွားလိုက်လေသည်။
ဒီလူက သူ့ကိုမယူသင့်ဘူး ခေါက်ဆွဲဗူး company ပိုင်ရှင်ကို ယူသင့်တာ... ဒါမှ တစ်ဘဝလုံး အလကား စားရမှာ ~~
ရေခဲသေတ္တာထဲ မှ အသားအချို့နှင့် အသီးအရွက် အချို့ကိုထုတ်လိုက်ပြီး စတင်ချက်ပြုတ်ဖို့ လက်ဆေးကာ Apron ကို ဝတ်ဆင်လိုက်သည်။ တစ်စုံတစ်ခုကို သတိရသောကြောင့် ဧည့်ခန်းထဲ သွားပြီး"မစားတဲ့ အသားရှိလား ?"
ထိုလူ့ရဲ့ ပြန်ဖြေသံကို မကြားရခင်..."ဟယ် .... အမလေး Boss ရဲ့ ခင်ပွန်းက ဟင်းလဲချက်တတ်တာလား "
"အားးး Apron ဝတ်ထားရင် ဘယ်လိုနေမလဲ? "
"လက်ရာကောင်းလား မသိဘူး"
အစရှိသော အသံများက Wonwoo ရှေ့ရှိ Laptop စီိမှ စီကာတန်းကာ ထွက်လာသောကြောင့် Mingyu ကြောင်သွားရသည်။
"အဟမ်းးး Meeting 15 မိနစ် Break မယ် ခနနေပြန်စမယ်"
"အိုက်စ်စ်စ် Boss က သူ့ခင်ပွန်းနဲ့ ချစ်ကြည်နူး တစ်တီတူးတော့မှာထင်တယ်"
"အားးးး ငါမတွေးရဲဘူး ... သူတို့ အနမ်း...."
ပြောချင်ရာပြောနေကြသော ထိုအမျိုးသမီး ဝန်ထမ်းတစ်စုကြောင့် Wonwoo တစ်ယောက် laptop ကိုအမြန်ပိတ်ပြီး
"Sorry , ငါတို့ project က ပြသနာနည်းနည်းရှိနေလို့ Meeting လုပ်နေတာ "
သူ့ကို မကြည့်ပဲ မျက်နှာကြီးရဲနေသော ထိုလူကို ကြည့်ကာ Mingyu တစ်ယောက် စ နောက် ချင်လာလေသည်။
"ဒါဆို ၁၅ မိနစ် နားတာ ကျွန်တော်နဲ့ ချစ်ကြည်နူးဖို့ပေါ့"
မင်း ဘိုးအေကြီးကိုပဲ ချစ်ကြည်နူးလိုက်..
"မင်း ပေါက်ကရတွေပြော မနေနဲ့"
"ဟာ သူတို့ ပြောသွားတာလေ ဘာတဲ့ အနမ်းဆိုလား"
"မင်း ..... မင်း...."
ရှူးရှူးရှားရှားနဲ့ စိတ်တိုနေသော ထိုလူ့ကိုကြည့်ကာ Mingyu ရယ်မောမိသည်။ ထိုလူနဲ့နေရတာ မပျင်းတော့ မပျင်းရဘူး နည်းနည်းလောက် စလိုက်တာနဲ့ မျက်နှာကြီးရဲလာကာ စကားတွေထွက်မလာတော့ချေ။ ဆက်စနေရင် လက်တွေပါပါလာမှာမလို့
"ချစ်ကြည်နူးတာက ညမှ ချစ်ကြည်နူးလို့ရတယ် အခုတော့ မစားတဲ့ အသားရှိလားပြော"
"စားတယ် အကုန်စားတယ် ကုတင်ကလွဲပြီး ခြေလေးချောင်း အကုန်စားတယ်ရပြီလား"
"ကုတင်တော့ မစားချင်ပါနဲ့လေ ချစ်ကြည်နူးရဦးမှာ ဟားဟား ..."
ဒီ ကောင်........
ရယ်မောကာ ပြေးထွက်သွားသော Mingyu ကိုကြည့်ရင်း ထိုအမျိုးသမီး တစ်စုကို ဒဏ်ပေးဖို့ဆုံးဖြတ်လိုက်သည်။
သူ ထိုမိန်းကလေးများကို အမှန်တကယ် မနိူင်ပေ .. ယနေ့ခေတ်က တိုးတတ်လာလိုက်ပုံများ ယောက်ျားလေး နှစ်ယောက်ကို ship ကြသတဲ့ ~ အစကတော့ Boss ဆိုပြီး ကြိတ်ကာ crush ကြသော ထို အမျိုးသမီးများက သူအိမ်ထောင်ပြုမယ်ဆိုတော့ တစ်ရုံးလုံး မှိုင်တွေကာ အသည်းကွဲကြလေသည်တဲ့ ...
သူယူတာက အမျိုးသား တစ်ယောက်လို့လဲ ကြားရော မျက်နှာကြီးတွေ ဖြီးကာ ပုံစံပြောင်းကြလေသည်။ Wedding လာတဲ့ သူတွေစီက ပုံတွေ အတင်းတောင်းကြပြီး Mingyu ကိုမြင်တော့ ပြောကြသည်က
"အဆင်လေးတွေ ကိုငါတို့ မရနိူင်ရင် အဆင်အချင်းချင်းရတာ ပိုကောင်းတယ်" တဲ့
ဘယ်နားကို သွားဆင်တာတုန်း လို့မေးခွန်း ထုတ်ချင်လာသည်။
အစက စားဖို့ လုပ်ထားတဲ့ ခေါက်ဆွဲဗူးကို ဘေးဖယ်လိုက်မိသည်။
မနက်စာတုန်းက အရသာ ကောင်းသောကြောင့် ထိုကောင်လေး ညစာလဲ ကောင်းကောင်းချက်နိုင််မှာပဲ~~
မဆိုးဘူး မဆိုးဘူး အနည်းဆုံးတော့ ညစာ ကောင်းကောင်းစားရတာပဲ။
Wonwoo မသိလိုက်သည်က ၁၅ မိနစ် ပြည့်လို့ သူ zoom ကိုပြန်ဖွင့်ထားတာကို သတိမေ့နေသည် ဆိုတာပင်