You mean to me what I mean to you
And together, baby, there is nothing we won't do
'Cause if I got you, I don't need money, I don't need cars
Girl, you're my allChris brown ရဲ့ With you ဆိုတဲ့ သီချင်းသံလေးက ခပ်ငြိမ့်ငြိမ့်ပျံ့လွင့်နေတဲ့ Bar လေးထဲမှာ ကောင်လေးတစ်ယောက် တိတ်တဆိတ်ပဲ ထိုင်နေခဲ့ပြီး သီချင်းသံနှင့်အတူတူမျောလွင့်နေခဲ့သည်။
ငွေတွေ ကားတွေ ပစ္စည်းဥစ္စာတွေထက် ပိုပြီးလိုအပ်မဲ့ အချစ်စစ်တစ်ခုက Mingyu ဘဝမှာ မတွေ့ကြုံခဲ့ရဖူးပေ။
တကယ်ပဲ ဒီအတိုင်းပဲ ပြီးသွားမဲ့ဘဝကြီးလားဟုပင်တွေးထင်မိသည်။
ရင်ခုန်စိတ်လှုပ်ရှားမှု မရှိဘူးလားဆိုတော့လဲ မိမိသည်လဲ ပုထုဇဥ်လူသားမဟုတ်ပေလား အထက်တန်းကျောင်းသားဘဝမှာတော့ ကောင်မလေးချောချောမြင်ရင် ရင်တုန်တာလို ရင်ခုန်တာလို ဖြစ်ဖူးသော်လည်း ခနတာပင်ဖြစ်သည်။ တွဲဖြစ်ကြသည်ဆိုလျှင်တောင် ခနတာအတွက် သာဖြစ်ခဲ့သည်။
ဖူးစာရှင်ဆိုတာမျိုး ရင်ထဲမှာ သံစုံမြည်တီးဝိုင်းလိုဖြစ်နေတဲ့ အရာမျိုးက ဘယ်သောအခါများမှကြုံတွေ့လိမ့်မည်မသိ......
ပုံမှန်ဆိုလျှင် ဆူညံသောBar တွေ club တွေသာရောက်နေတတ်ပေမဲ့ ယခုတော့ စဥ်းစားစရာများလွန်းသောကြောင့် အေးအေးဆေးဆေး ရှိမဲ့ Bar မျိုးမှာ လာထိုင်နေခြင်းပင် ဖြစ်သည်။"Mingyu ! "
ရင်းနှီးနေတဲ့ အသံခပ်နက်နက်နှင့်အတူတူ လူရိပ်တစ်ခု ကမိမိရှေ့ကိုရောက်လာသောကြောင့် ဖြတ်ခနဲကြည့်မိတော့ ခပ်နက်နက်မျက်ဝန်းတစ်စုံနဲ့ ကြည့်နေသော Jeon Wonwoo အားတွေ့လိုက်ရသည်။
"မင်း ကိုဒီလိုနေရာမှာ တွေ့ရလိမ့်မယ်မထင်ထားဘူး "
"ကျွန်တော်လဲ ခင်ဗျားကို ဒီလိုနေရာမှာတွေ့ရလိမ့်မယ်မထင်ထားဘူး... "
"ဒီနေရာက ငါမလာအပ်တဲ့နေရာကြီးများလား "
"ခင်ဗျားလို လူရိုးလူလိမ္မာလေးက Bar တွေဘာတွေလာလိမ့်မယ် ဘယ်သူကထင်မှာလဲ ? "
ပုံမှန်ဆိုရင်တော့ မသိသလိုအရေးမစိုက်သလို ပြောမိမှာဆိုပေမဲ့ ဒီလူက မိမိ အစ်ကိုနှင့်ပတ်သတ်နေသူဖြစ်တာကြောင့် အထိုက်အလျောက်တော့ ကောင်းကောင်းမွန်မွန်ဆက်ဆံမိသည်။ ဆွေမျိုးတော်လာရမည် ဆိုတာထက် Seungcheol hyung မျက်နှာ ကရှိသေးသည်မဟုတ်လား.....