သံယောဇဉ်ဆိုသည့်အရာကား ငြိတွယ်မိလျှင် ဖြတ်ရခက်လှပေသည်။
ထိုအချင်းအရာသည်ကား တစ်နေ့တည်း တစ်ညတည်း ဖြစ်ပေါ်လာခြင်း မဟုတ်ပေ~~~~~~~Mingyu တစ်ယောက်ပြန်မလာသေးသောကြောင့် ညစာစားဖို့ထိုင်စောင့်နေမိတဲ့ မိမိအဖြစ်ကိုတွေးရင်း Wonwoo တစ်ယောက် အတွေးတွေများနေမိသည်။
ညစာ အတူတူစားရမယ်ဆိုတဲ့ စိတ်က ဘယ်အချိန်ကစပြီး ဖြစ်သွားခဲ့တာလဲ?
မိမိကိုယ်ကို မေးခွန်းထုတ်နေခြင်းက သေချာရေရာတဲ့ အချိန်ကာလက ပေါ်မလာပေမဲ့ သူဟာ ဒါကို အသားကျနေပြီ ဆိုတာကို Wonwoo ကောင်းကောင်း သဘောပေါက်လေသည်။
အတူတူနေတာကြာလာတဲ့ အခါ Kim Mingyu ကိုကောင်းကောင်းသဘောပေါက်နားလည်လာသည်ဟု ခံစားရလေသည်။
ကြီးကျယ်ခမ်းနားတဲ့ Condo ခန်းထဲမှာ တစ်ယောက်ထဲ ထိုင်နေရသည်က အနည်းငယ် ပျင်းခြောက်ခြောက်နိုင်လှသည်ဟု ခံစားရတာ ဘယ်လောက်ရှိပြီလဲမသိပေ
အကျင့်ဆိုသည့်အရာကား ပြင်ရခက်လှပေသည်။
တီ တီ တီ
တံခါးမှ password နှိပ်သံကိုကြားလိုက်ရတော့ Mingyu ပြန်လာပြီမှန်းသိသာလေသည်။
ယိုင်နဲ့သော ခြေလှမ်းများက ဒီကောင်လေး ဘယ်လောက်တောင်မူးလာသလဲဆိုတာ သိသာစေသည်။
"Mingyu!!""Ahh Wonwoo Hyung ပြန်ရောက်နေပြီပဲ "
ခေါင်းတောင်မထောင်နိုင်အောင်မူးနေသော ထိုကောင်လေးကြောင့် Wonwoo ရေတစ်ခွက်သွား ယူပေးရသည်။
ဧည့်ခန်းဆိုဖာပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်နေသော Mingyu ကအသိစိတ် ရှိနေပုံမပေါ်ပေ။ Wonwoo က Mingyu ဘေးမှာဝင်ထိုင်လိုက်ကာ"ဘာလို့ ဒီလောက်တောင်သောက်လာရတာလဲ? ကားကိုရော ဘယ်လိုမောင်းပြန်လာတာလဲ? အရမ်းမူးနေရင် ဖုန်းဆက်လိုက်ပါလား~ လာခေါ်မှာပေါ့"
"Wonwoo Hyung "
"ဟင်"
"Wonwoo Hyung"
"အင်း"
"Wonwoo Hyung "
"Kim Mingyu ငါ့နာမည်က ခေါ်လို့ကောင်းနေတာလား?"
"ကျွန်တော့်အနားမှာ တစ်စုံတစ်ယောက် ရှိနေသေးတယ်ဆိုတဲ့ အသိလေးက ကျွန်တော့်ကို အထီးမကျန်စေဘူး"
"Mingyu ah ဘာတွေဖြစ်လာတာလဲ?"
"Hyung ကရော ကျွန်တော့်ကို ထားသွားမှာပဲလား?"