Basketball ပွဲအပြီး သူတို့်နှစ်ယောက် အိမ်သို့ပြန်လာကာ ညစားစားသောက်ခဲ့ကြသည်။
Mingyu ရဲ့ အဖြေကြောင့် Wonwoo တစ်ယောက် ကုသရာဆေးရရှိသလို ခံစားချက်များက ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။
နှစ်ယောက်သား ဧည့်ခန်းထဲမှာ ရုပ်ရှင်ကြည့်နေရင်း Wonwoo ရဲ့ Phone မှာ Reminder Alarm တတ်လာခဲ့သည်။
ဒီနေ့ April 5 ဆိုတာ Wonwoo မေ့တော့မလို့ ပင် ..
'မနက်ဖန် ကောင်စုတ်လေးရဲ့ မွေးနေ့ပဲ'
ဘာမွေးနေ့လက်ဆောင်ပေးရမလဲဆိုတော့ မေးခွန်းက Wonwoo ခေါင်းထဲမှာတစ်ဝဲလည်လည်ဖြစ်နေလေသည်။
ရုပ်ရှင်ကိုလဲ အာရုံမစိုက်နိုင်ပဲ သူ့ခေါင်းထဲမှာ ပစ္စည်းများစွာ ရွေးချယ်နေမိသည်။
Mingyu က စက်ဘီးစီးရတာ ကိုသဘောကျတော့ biker တွေကြိုက်တဲ့ bicycle ပေးရမလား??
Watch တွေလဲ ကြိုက်တတ်တော့ Watch ကောင်းကောင်းပဲဝယ်ပေးရမလား?
Gym ဆော့ရတာကို ကြိုက်နှစ်သက်တဲ့သူမလို့ GYM နဲ့ပတ်သတ်တာပဲ ဝယ်ပေးရမလား?
ဓါတ်ပုံရိုက်ရတာ ဝါသနာပါတော့ Camera ကောင်းတာပဲဝယ်ပေးရမလား??
အကုန်ဝယ်ပေးရမလား ဆိုပြီး အတွေးတွေများနေလေသည်။
Seungcheol Hyung ကိုမေးလိုက်ရမလား?
ရုပ်ရှင် အတူတူကြည့်နေပေမဲ့ အာရုံကတစ်ခြားရောက်နေသော Wonwoo ကိုကြည့်ကာ Mingyu တစ်ယောက် မျက်ခုံးတွေက တွန့်ချိုးနေပြီဖြစ်သည်။
သူနဲ့ အတူတူထိုင်နေတာတောင်မှ တခြား ဘယ်သူ့အကြောင်းများစဉ်းစားနေရတာလဲ ဒီလူက!!!
Seungcheol Hyung ???
ဖြစ်နိုင်ပေသည်။ အချစ်ဦးကို မြေးဦး ရတဲ့ အထိ မမေ့ဘူးဆိုတဲ့ စကားကိုလဲ Mingyu ကြားဖူးလေသည်။
ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့ ယခုအချိန်တွင် ဒီလူက သူ့အပိုင်ဖြစ်နေလေပြီ။ တခြားသူအကြောင်း စဉ်းစားတာကို သူခွင့်မပြုနိုင်ပေ....
သဝန်တိုတာမဟုတ်ပေမဲ့ Jeon Wonwoo က အခြားသူအကြောင်းတွေးနေသည် ဟူသော ခံစားချက်ကို သူလုံးဝ မကြိုက်ပေ....
သူပိုင်ဆိုင်တဲ့ လူရဲ့ အတွေးတွေဟာ သူနဲ့ပဲ သက်ဆိုင်နေသင့်သည်။
"Wonwoo Hyung !"Mingyu က ငြင်ငြင်သာသာလေး ခေါ်လိုက်သည် ။ သို့သေည် တုံ့ပြန်မှုမရှိခဲ့။
"Wonwoo Hyung"
အခုထိမကြားနိုင်သော ထိုလူကြောင့် Mingyu တစ်ယောက် မျက်နှာကမဲမှောင်လာပြီ ဖြစ်သည်။
"Jeon Wonwoo"
"Seungcheol Hyung ကိုမေးလိုက်ရမလား"
Seungcheol Hyung ကိုမေးဖို့ စဉ်းစားနေတုန်း ရုတ်တရက်လှမ်းခေါ်သောကြောင့် Wonwoo လန့်သွားပြီး ယောင်ခနဲ ထွက်သွားသော စကားကြောင့် သူ့အတွေးတွေကို Mingyu များသိသွားမလားဟု မလုံမလဲ ဖြစ်သွားရသည်။
တစ်ဖက်လူမှာတော့ သူထင်နေတဲ့ အတိုင်းပဲ ဒီလူက အချစ်ဦး အကြောင်းကို စဉ်းစားနေတာပဲ။ လုံးဝ အဓိပ္ပါယ်မရှိဘူးနော်။ မဖြစ်သင့်ဘူးနော်။
သူအမှန်တကယ်ပင်ဒေါသ ထွက်လာမိလေသည်။