ပြိုင်ကားအနီရောင်လေးက တက္ကသိုလ်ဝင်းထဲကို ဝင်လာသည်နှင့်အားလုံး အာရုံက ထိုကားစီမှာရောက်နေကြသည်။
Parking မှာ ထိုးလိုက်ပြီး ယာဥ်မောင်းသူနေရာကထွက်လာတာက Kim Mingyu...
Jean ဘောင်းဘီ ခပ်ပြဲပြဲနှင့် အနက်ရောင်တီရှပ် လိုက်ဖက်စွာဝတ်ဆင်ထားပြီး အညိုရောင် Leather jacket က သူ့ရဲ့ မိမိုက်နေမှုကို ပံ့ပိုးပေးနေလေသည်။
ကျောင်းသားတစ်ယောက်ဆိုတာထက် Model တစ်ယောက်အလားထင်မှား ရလောက်အောင် အထောက်အကူပြုသည်က သူ၏ မြင့်မားလှသောအရပ်ပင်ဖြစ်သည်။
Style ကျကျ ဆင်းလာသည့် သူ့နောက်တွင်တော့ ကျောင်းရဲ့ Fashion Icon ဟုတင်စားရသည့် Xu Minghao နှင့် Handsome boy with sunshine smile ဟု ပြောကြသည့် Lee Seokmin တို့သာဖြစ်သည်။
ဘာကြောင့် လူတွေက အထူးတဆန်း ဝိုင်းကြည့်နေကြသလဲဆိုတော့ ဤလူ၃ယောက်မှာ ပုံမှန်ကျောင်းတတ်လေ့ ရှိသူများမဟုတ်ချေ။ အရေးကြီးသော အတန်းချိန်မရှိလျှင် ကျောင်းဘက်ကို ခြေဦးမလှည့် သလို ချောသလောက် ဆိုးသွမ်းသော ကောင်လေးများဟု လည်းခေါ်ကြပြန်လေသည်။"Mingyu.... နင်သက်သာပြီလား "
ကောင်မလေးတစ်ယောက်....
တိတိပပဆိုရလျှင် ဤလူသုံးယောက်နှင့်မလိုက်ဖက်စွာ ဆန့်ကျင်ဘက်အသွင်ဆောင်သော မိန်းကလေးတစ်ယောက်ဟု ဆိုလျှင်ပိုမှန်မည်။
Blouse အဖြူလေးကို ဒူးအတိ skirt အပြာလေးနဲ့တွဲဖက်ဝတ်ဆင်ထားပြီး ဆံပင်အနက်ရှည်ရှည်လေးတွေကိုဖြောင့်ဆင်းစွာချထားသည်။ သဘာဝဆန်ဆန်လိမ်းခြယ်ထားသည့် မိတ်ကပ်လေးနှင့် သူမဟာ တကယ့်ဖြူစင်လွန်းလှသည်။
ထိုသို့သောကောင်မလေးမှာ တခြားသူမဟုတ် Mingyu တို့သုံးယောက်နှင့် အထက်တန်းကတည်းက ခင်မင်လာသည့်ကောင်မလေး SeoJin သာဖြစ်သည်။ Mingyu ကသက်သာကြောင်းခေါင်းငြိတ်ပြလိုက်မိလေသည်။ ချုပ်ရိုးလဲဖြည်ပြီးပြီဆိုတော့ စိတ်သိပ်ပူစရာမလို Choi အိမ်မှာ ၃ ရက်ခန့်သာ နေပြီး မိမိ Condo ကိုသာ ပြန်ပြောင်းခဲ့လေသည်။"နင်တို့ မျက်နှာတွေကို ဖူးတွေ့ဖို့ကလဲ ခက်ခဲလိုက်တာဟာ ..... "
"အပိုတွေ ပြောနေပြန်ပါပြီ Seojin ရယ် နင်ဖုန်းဆက်ရင် မကိုင်တာရှိဖူးလား ? နင်တွေ့ချင်တယ်ဆို မလာတာရှိဖူးလား ? "