"Wonwoo ah!"
"ဘာလဲကွာ မင်းကလဲ အချိန်ပြည့် ခေါ်နေတာပဲ"
"ငါဒီနေ့မှ ပြန်ရောက်တာလေကွာ ။ ငါ့အဖေမွေးနေ့ သွားရမှာ လန့်တယ်ကွ"
"မင်း မဟုတ်တာလုပ်ထားလို့လား ??"
"မလုပ်တော့ မလုပ်ထားဘူးပေါ့ကွာ ... ဒါပေမဲ့ ငါ့အဖေက ငါ့ကို ပွါးမှာကွ။ သူတို့ခေတ်တုန်းက အစချီပြီး အောင်မြင်မှုတွေအလည် ငါ Piano တီးတာမကြိုက်ဘူးဆိုတာနဲ့ အဆုံးသတ်မှာ... မင်းနဲ့အတူတူရင်တော့ နည်းနည်းအဆူခံရသက်သာတာပေါ့.."
ဤသို့ ညည်းညူနေခဲ့သည်ကား နာမည်ကျော် Piano ပညာရှင် Wen Junhui သာဖြစ်သည်။ Jun နှင့် Wonwoo က တက္ကသိုလ်မှာ ခင်မင်ရင်းနှီးဆုံး လူများ ဖြစ်သည့်အလျောက် အဆက်အသွယ် ရှိကြလေသည်။ အလျင်အမြန် စီစဉ်လိုက်ရသည့် Wonwoo ၏ wedding မှာလဲ Jun က အရေးကြီးသည့် ဖျော်ဖြေပွဲကြောင့် မတတ်ရောက်နိုင်ခဲ့ပေ...
"ဒါနဲ့ Wonwoo မင်းမျက်နှာက မသာမယာနဲ့ ဘာဖြစ်နေတာလဲ ?"
Wonwoo ၏ မျက်နှာအား ကြည့်ကာ Jun က မေးလေသည်။
"ဘာမှ မဖြစ်ပါဘူး"
"မညာစမ်းပါနဲ့ကွာ ငါတို့သိခဲ့တာ နှစ်တွေကြာလှပြီ.. မင်း တစ်ခုခုဖြစ်နေတာလား?"
"မဟုတ်ပါဘူးဆိုကွာ"
Wonwoo သည် သူ့စိတ်ထဲက ရှုပ်ထွေးမှုများကို သူကိုယ်တိုင် နားမလည်နိုင်ခဲ့ချေ...
"မင်း Company များ တစ်ခုခုဖြစ်လို့လား?"
"Yahhh!! Wen Junhui မင်းငါ့ကိုကျိန်ဆဲနေတာလား"
"ဒါမှမဟုတ် မင်းအဖေရဲ့ တရားမဝင်သားတွေဘာတွေများ ပေါ်လာတာလား"
"မင်းပဲပေါ်လိုက် မင်းတို့ မိသားစုပဲပေါ်လိုက်"
Junhui ၏ ပေါက်ကရ စကားများကို နားထောင်ရင်း Wonwoo သွေးတတ်လာသလို ခံစားရသည်။ ကြာကြာနေရင် သူ အသက်ထွက်သွားလောက်သည်ဟု ထင်နေမိသည်။
"အားးး ငါသိပြီ မင်းယောက်ျား ကြောင့်လား??"
အဓိကအချက်အလက်ကို ဖမ်းဆုပ်နိုင် သွားသော Junhui ကို Wonwoo ခွန်းတုန့်နပြန်ပဲ ကြည့်လိုက်မိသည်။