☕️10🍫

1.5K 137 16
                                    

Flash back

Kim Mingyu တစ်ယောက် မူးမူးနှင့် ဒုတိယထပ်အိပ်ခန်းရှိရာစီသို့ တတ်လာခဲ့သည်။ ညာဘက် အခန်း ကိုဝင်လာပြီး အိပ်ချင်စိတ်ကြောင့်မျက်စိမဖွင့်နိုင်ပဲ အိပ်ယာထဲကိုသာထိုးဝင်လိုက်တော့ အိစက်စက်နဲ့ အထိအတွေ့လေးကိုတွေ့လိုက်ရသည်။
"အိုး...... ကိုက်ချင်စရာလေးပဲ "

မျက်စိမဖွင့်နိုင်ပေမဲ့ ကိုက်ချင်စရာကောင်းနေတာကြောင့် တတိတိနဲ့ ကိုက်မိတော့ နူးညံ့နေတာကြောင့် ခပ်ဖွဖွ လေးထပ်မံ ကိုက်လိုက်မိပြန်သည်။
အရက်အရှိန်​နဲ့ပူနေလို့ အင်္ကျီချွတ်ပြီး ဘေးကခွလုံးလေးကို မမြင်မစမ်းလှမ်းဖက်မိသည်။
Omm.....ဒီအိမ်ကခွလုံးတွေက ဖောင်းဖောင်းကြွကြွတော့မရှိပေမဲ့ ဖက်လို့ကောင်းတာကြောင့် ခြေရောလက်ပါ အားပါးတရတင်ပြီး Kim Mingyu တစ်ယောက်အိပ်စက်ခြင်းဆီလို့ ရောက်ရှိသွားပေတော့သည်~~~~

Flash back end

"Kim Mingyu !!!"

ဒေါသတကြီးနဲ့အော်ပြီးထွက်လာတဲ့ Wonwoo ကြောင့် အကုန်တစ်ချက်တော့ ကြောင်သွားပေမဲ့ Mingyu ကတော့ ခပ်တည်တည်သာ ထီနတင်ဟန်နှင့် ကြည့်နေလေသည်။

"ခွပ်"

မျက်နှာပေါ် ကို ကျလာတဲ့ လက်သီးချက်ကြောင့် ပူခနဲ ဖြစ်သွားသည်။ ဒီလူက အားရှိသားပဲ.. အဟက်~~

"မင်း... ငါ့ကို ဘာလုပ်လိုက်တာလဲ ??? "

ဘာလုပ်ရမှာလဲ ???
ညကသူလဲမူးပြီး အိပ်ပျော်နေတာလေ ကိုက်မိတာပဲရှိတာ ဒီလူကဘာတွေ ဆတ်ဆတ်ထိမခံ ဖြစ်နေရတာလဲ?
ကိုယ်သာ တကယ်လုပ်လိုက်ရင် အခုအချိန် ထော့နင်းထော့နင်းလေး ဖြစ်နေမှာများ...
အတွေးများနှင့် လုံးထွေးနေသော Mingyu ကို နောက်တစ်ချက်ထိုးဖို့လုပ်ချိန်မှာတော့ Seungcheol ကဝင်တားလိုက်သည်။

"ကျွန်တော်တို့ ဘာမှမဖြစ်ဘူး မေမေ ..ဒါကလဲ မှားယွင်းတာတစ်ခုခုပဲ ကျွန်တော် သူ့ကိုမယူနိုင်ဘူး "

ဒီလူကလုပ်နေပုံက မသိရင် ကိုယ်ကပဲသူ့ကို အရမ်းကို ယူချင်နေသလိုလိုပဲ ထပ်တူထပ်မျှပါပဲ Mr.Jeon ရေ ကျွန်တော်ကလဲ သူများရည်းစားကိုမိုချင်ဘူး...
စိတ်ထဲမှာသာ ပြောနေပေမဲ့ အပြင်မှာတော့ မည်သူ့ကိုမျှဂရုစိုက်ဟန်မပြမိပေ။

If our love is true Where stories live. Discover now