Sunday ဟာလျင်မြန်စွာပဲရောက်လာခဲ့လေသည်။
Mingyu နဲ့ Wonwoo က Choi အိမ်တော်သို့ပြန်ကာ ညစားစားကြမှာမလို့ Wonwoo တစ်ယောက် အနည်းငယ်စိုးရိမ်နေမိသည်။
အန်တီက သူတစ်ပါးအပေါ် ကောင်းသလောက် Mingyu အပေါ်တွင်ခါးခါးသီးသီးဖြစ်နေပေသည်။
လက်ထပ်ပြီးကတည်းက ယခုလိုသီးသန့်ပြန်တာက ပထမဆုံးမလို့ Wonwoo က လက်ဗလာနှင့် မသွားချင်ပေ။"သူတို့မှာ ဘာမှ ပြတ်လတ်မနေဘူး။ အလကား ယူသွားမနေနဲ့ သယ်ရတာလေးတာပဲ အဖတ်တင််မယ်"
အေးတိအေးစက်ပြောသော ကောင်လေးကြောင့် Wonwoo ရင်မောရပြန်သည်။
သာမန်ညစာစားတာ မဟုတ်ပဲ တိုက်ပွဲဖြစ််မှာကို သူအင်မတန် စိုးရိမ်မိသည်။"Mingyu ah ကိုယ်က အငယ်ပဲလေ ။ သူဘာပြောပြော ပြန်မပြောပဲ မကြားချင်ယောင်ဆောင်ထားလို့်မရဘူးလား?"
ဤသည်က အကောင်းဆုံးနည်းသာ ဖြစ်ပေလိမ့်မည်။ Mingyu ဘာမှ ပြန်မပြောသ၍ တော့ တစ်ဖက်လူက မောတာသာ အဖတ်တင်လိမ့်မည်။
"အဲ့ဒီ စုန်းမကြီးက လွယ်တယ််များထင်နေလား?"
စုန်းမကြီးဆိုသော စကားကြောင့် Wonwoo တစ်ယောက် ရယ်ရမလို ငိုရမလို ဖြစ်နေတော့သည်။
အန်တီ Choi ကြားလျှင် စွေ့စွေ့ခုန်နေပေလိမ့်မည်။"မင်း.... အဲ့ဒီလိုမပြောရဘူးလေ"
"ပြောမှာပဲ... သူကြားတာမှ မဟုတ်တာ။ ခင်ဗျားက အရမ်းချစ်ပြီး ပြန်တိုင်ရင်တော့ တစ်မျိုးပေါ့"
Mingyu က စိတ်မကြည်ရင် တကယ်ကို ဂျစ်တိုက်တတ်သော ကလေးလေးနဲ့ တူလေသည်။ ယုတ္တိမရှိသော စကားများကို ပြောကာ ဂျစ်ကန်ကန်ကြည့်နေသော ကောင်လေးက အင်မတန်အသဲယားဖို့ကောင်းလေသည်။
"ဘာပဲဖြစ်ဖြစ် ငါပါနေတော့ ပြဿနာမဖြစ်စေချင်ဘူး"
"ရတယ်လေ ... အပေးအယူတော့ ရှိရမှာပေါ့"
ညစ်တစ်တစ်နဲ့ ပြုံးနေသော ထိုကောင်လေးကိုကြည့်ကာအံ့ဩမိရလေသည်။ ပြဿနာတတ်လျှင် စိတ်တိုဒေါသဖြစ်ရတာက သူမဟုတ်ဘူးလေ Mingyu လေ! ဒါကိုဘာကြောင့်သူက အပေးအယူလုပ်ရမှာတုန်း??
"မင်းနည်းနည်းတော့ မဟုတ်သေးဘူးလားလို့"
"ရတယ်လေ တိုက်ပွဲတွေပြင်းထန်တာကြည့်ချင်ရင်လဲ သဘောပဲ.."