Kim Mingyu ရဲ့ အနမ်းကြောင့် ကြောင်အနေသော Wonwoo တစ်ယောက် ဘာလုပ်ရမလဲမသိဖြစ်နေလေသည်။
အတင်းတွန်းထုတ်ရင်လဲ လူပုံအလည်မှာ မသင့်တော်တာကြောင့် မသိမသာ တွန်းထုတ်တော့ တစ်ဖက်လူက နှုတ်ခမ်းကိုခပ်ထေ့ထေ့ ပြုံးကာ လက်တစ်ဖက်က သူ့ခါးကိုဆွဲပွေ့ကာ ခန္ဓာ ကိုယ်နှစ်ခုကို နီးကပ်စေသည်။ သူရုန်းမရအောင် ထိုကောင်လေးက အားသန်လှသည်။
အောက်က အားပေးသံတွေ ကြားလေ Wonwoo ပိုရှက်လာကာ တွင်းတူးကာသာ ပုန်းနေလိုက်ချင်တာ့သည်။
တစ်ဖက်ထဲနမ်းနေတာလေ သူ့ပါးစပ်ကြီး ပိတ်ထားတာပါဆိုတာ လူတွေကို စိတ်ထဲကနေ အော်ပြောနေမိသည်။
အချိိန်ခန ကြာတော့မှ လွှတ်ပေးပြီး မထိတထိ ပြုံးကာ နားနားကို ကပ်ပြီး"ပါးစပ် ပိတ်ထားလဲ ခင်ဗျား နှုတ်ခမ်းလေးက ချိုတယ်"
မျက်မှောင်ကြုတ်ကာသာ ကြည့်နိုင်သော Wonwoo တစ်ယောက်
'လူတစ်ယောက်ကို ရိုက်နှက် တယ်ဆိုတာ မကောင်းဘူး၊ အထူးသဖြင့် ဒီနေ့မှ သူလက်ထပ်လိုက်တယ်ဆိုတဲ့ သူကို မရိုက်သင့်ဘူး။'
အစရှိ သဖြင့် စိတ်ထဲမှာ တရားချနေရတော့ သည်။ညပိုင်း Dinner က လူငယ်များချည်းသာမလို့ လွတ်လပ်ပေသည်။ သိုသိုသိပ်သိပ် လုပ်သည့်ပွဲမလို့ ဆွေမျိုး များအပြင် Wonwoo ရဲ့ ရုံးက အရေးပါသော ရာထူးရှိသူ အနည်းငယ်နှင့် Mingyu ရဲ့ ရင်းနှီးသော သူငယ်ချင်းများသာရှိလေသည်။
ဧည့်ခံပွဲမှာ ရှိသောလေထုထက် ဒီအချိိန်က ပိုမိုပေါ့ပါးလေသည်။ သောက်ထားသူများ ထုံးစံအတိုင်း စကားပြော ရွှင်ပျ နေကြသည်။"Congratulations ကွာ ငါ့သူငယ်ချင်းကြီး "
"မင်း ဒါကိုပြောတာ အခါ ၅၀ လောက်ရှိနေပြီ တော်တော့ကွ"
Mingyu ကိုမြင်တာနဲ့ ရယ်စပ်စပ်လုပ်ပြီး congratulations လုပ်နေသော Seokmin ကို Minghao တစ်ယောက််မနည်းထိန်းနေရသည်။ ဘယ်အချိန် ထထိုးခံရမလဲ ရင်တမမဖြင့်ပေါ့
Kim Mingyu ရဲ့ mood ကတော်တော်ကောင်း နေပုံရလို့သာ တော်သေးသည်။
"အလှည့်ဆိုတာ ရှိတယ် ငါ့ကောင်ရ မင်းအလှည့် ကျန်သေးတယ်လေ"Mingyu တို့စကားပြောနေတုန်း Seungcheol ရောက်လာပြီး
"Congratulations Mingyu"
"အစ်ကိုလဲ Seokmin လိုပဲ မူးနေတာလား မနက်ကလဲပြောပြီးပြီ"
Mingyu စကားကြောင့် Seungcheol ပြုံးလိုက်ပြီး