ယောရောဘွန်းတို့ရေ
မနေ့ညက moment ကြောင့် အခုထိတောင်မအိပ်နိုင်သေးဘူး။ စစမြင်ချင်းတုန်းက လက်တွေတုန်ပြီးမျက်ရည်ပါကျလာတာ။ ဘယ်လောက်တောင်ကြာနေခဲ့ပြီလဲ နှစ်ယောက်ထဲ အတူတူ Live မလုပ်တာ။ အိမ်ပြောင်းနေကြတာလဲ Bittersweet ကတည်းက အများကြီးမမျှော်လင့်ဘူး Selca လေးတစ်ပုံလောက်ရရင်ကိုကျေနပ်တာ။ ခနခနတောင်းဆိုရင် စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ (သူတို့ကတော့ ကိုယ့် Wvs postကိုမမြင်ပေမဲ့ပေါ့လေ) မရေးဖြစ်ခဲ့ဘူး။
မမျှော်လင့်ထားပဲရလိုက်တာလေးက Heng:garae era မှာ Wonwoo ဘက်ကရော Mingyu ဘက်ကပါ Selca တင်ပေးခဲ့တဲ့ ခံစားချက်လို Bittersweet ထွက်မယ်ဆိုပြီး ကြေငြာခဲ့တုန်းကလိုပဲ။ တကယ်ကို အများကြီး ဘာမှမလိုပါဘူး ဘေးချင်းယှဉ်ရပ်နေရင်တောင်ကျေနပ်တတ်တဲ့သူမလို့ မနေ့ညက ရူးပြီကိုထင်တာ။
Oct 13,14,15 က မအားလို့ရယ် Follow အတွက် ကိုယ်လိုချင်တဲ့ Zone လေးရရခဲ့ရင် Oct 16 ကနေစပြီး cb အထိ နေ့တိုင်းမပြတ်တင်ပေးပါမယ်။ (Ticket မရရင်က စိတ်ဓါတ်ကကျဦးမှာလေ😅)
ချစ်တဲ့
🐈☕️