တိမ်ပြာပြာနေ့လေး တစ်နေ့~~~~
နေရောင်ခြည်ကလဲ လှပစွာ ထောက်ပံ့ပေးနေတယ်။
မင်္ဂလာပွဲတစ်ခုကို အသက်ဝင်စေဖို့ လူတွေက လှုပ်ရှားသွားလာနေကြသည်။
ကောင်လေးနှစ်ယောက်ကတော့ ရေစက်တစ်ခုကိုဖန်တီးဖြစ်မလား မသေချာတဲ့ လက်ထက်ပွဲတစ်ခုအတွက်ပြင်ဆင်နေခဲ့၏
"Kim Mingyu ရာ Kim Mingyu နောက်ဆုံးတော့လဲ မင်းယောက်ျားရသွားတာပဲ ဟီးဟီး""Lee Seokmin မင်း စကားမပြောရင်လူတွေက အနေတာလို့ထင်မှာစိုးလို့လား"
"ငါ ဝမ်းသာလို့ပါကွာ"
Waiting Room မှာ စောင့်နေတဲ့ Mingyu စိတ်အခြေအနေက ကောင်းမနေခဲ့ချေ။ ငြင်းခုန်မှုများစွာနဲ့ ရောက်လာတဲ့ လက်ထပ်ပွဲနေ့မှာ ထိုလူက အခုထိရောက််မလာသေး။
လက်မထပ်ဖြစ်လဲကောင်းတာပဲ ဘယ်သူကရော လက်ထပ်ချင်နေလို့လဲ.......
Kim Mingyu တစ်ကိုယ်တည်း တွေးနေတုန်း ပုံရိပ်တစ်ခုက မျက်စိထဲဝင်လာသည်။ မျက်မှန်တပ်ထားပြီး ဘာမှမပြင်ဆင်ထားသော ထိုလူက သာမန်ထသွားထလာလိုပင် ပြင်ဆင်ပြီးစောင့်နေတဲ့သူက အရမ်းလက်ထပ်ချင်တဲ့ပုံများပေါက်နေလား??"ခင်ဗျား လက်ထပ်ပွဲဆိုတာရော သိရဲ့လား?"
"သိတယ်လေ သိလို့ အခုလာနေတာပဲ"
"အချိန်က ကပ်နေပြီလေ ခင်ဗျား ဘာမှမပြင်ဆင်ရသေးဘူး"
"ဘာ အထူးတလည်လိုလို့လဲ အဝတ်အစားပဲလဲရမှာ"
"ခင်ဗျား...."
ပွစိပွစိပြောနေတဲ့ ထိုကောင်လေးကြောင့် Wonwoo ခေါင်းများကိုက်လာရသည်။
"ငါပြောတာမှားနေလို့လား ယောက်ျားတွေပဲ ဘာတွေ အသေးစိပ်ပြင်ဆင်နေရမှာလဲ""အနည်းဆုံးတော့ လူမြင်တင့်တယ်ဖို့လိုတယ်ဗျ"
"ငါကတော့ အိပ်ရာက ထလာတောင် လူမြင်တင့်တယ်တယ်"
"ခင်ဗျား....."
ထိုကောင်လေးရဲ့ ပုံစံကြောင့်ရယ်ချင်မိသွားသည်။ လူဆိုးတစ်ယောက်လိုလုပ်နေတဲ့ ကောင်လေးမှာလဲ ဒီလိုပုံစံရှိသားပဲ.....
"ဒါနဲ့လေ ဘယ်သူက စောင့်နေပြီး ဘယ်သူက လမ်းလျှောက်လာမှာလဲဟင်"
"ငါစောင့်မှာ"
ပြိုင်တူထွက်လာသော စကားကြောင့် Seokmin တစ်ယောက် လန့်သွားသည်။