Project ကိစ္စကြောင့် စစ်တမ်းယူဖို့ ကျောင်းနဲ့ ချိတ်ဆက်ထားတဲ့ နေရာတွေကိုသွားရတာကြောင့် သူအပြင်ကိုရောက်ခဲ့လေတော့ မြင်ကွင်းတစ်ခုက ကြိုဆိုခဲ့လေသည်။ သူ့ကိုရှောင်နေသော ထိုလူက သူ့အစ်ကိုနှင့်တော့ ပြုံးရယ်နေခဲ့တာကို သူကိုယ်တိုင်မြင်တွေ့ရခဲ့သည်။
Wonwoo စိတ်ထဲမှာ ရှိနေသူက သူ့အစ်ကိုဆိုတာ Mingyu အစကတည်းက သိနှင့်နေပေမဲ့ စိတ်ထဲမှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်လာမိသည်။
လက်ထပ်ထားတဲ့သူကိုကျ ရှောင်ဖယ်နေကာ အချစ်ဦးနဲ့ ပြုံးနေတာကို သူလက်မခံချင်ပေ။
ချစ်လို့ယူခဲ့ကြတာမဟုတ်ပေမဲ့ ထိုသို့မြင်ရသည်က အဆင်မပြေချေ။
ကိစ္စအားလုံး ပြီးစီးတော့ Park Nabi ကိုထားခဲ့ကာ သူအိမ်သို့သာ တန်းပြန်ခဲ့သည်။
တိတ်ဆိတ်နေသော ဧည့်ခန်းကသာ သူ့ကိုစောင့်ကြိုနေလေသည်။"ဒီလူက အခုထိ မပြန်သေးဘူးပေါ့"
ထိုစဉ်မှာပဲ တံခါးဖွင့်သံကြားရလို့ လှည့်ကြည့်မိတော့ ပိန်ပါးပါးလူအရိပ်က ဝင်လာပေသည်။
သူ့ကိုတစ်ချက်ကြည့်ကာ ဘာမှမပြောပဲ အခန်းထဲသို့ ဝင်သွားလေသည်။'ဒီလူက ဘာအချိုးလဲ ငါတစ်ယောက်လုံး ရပ်နေတာတောင် ပြန်လာပြီလား မနှုတ်ဆက်ဘူး။ သူမနှုတ်ဆက်လဲနေပေါ့ ငါလဲ ပြောစရာအကြောင်းမရှိဘူး'
မျက်မှောင်တစ်ချက်ကြုံကာ သူလဲ အခန်းထဲသို့သာ ဝင်လာခဲ့သည်။
ထိုနေ့ကစ၍ Wonwoo နှင့် Mingyu ကြား စစ်အေးတိုက်ပွဲ စတင်ခြင်းဖြစ်ပေသည်။
မနက်အစောကြီး ထကာ အလုပ်သွား၍ နောက်ကျမှ ပြန်တတ်သော Wonwoo ကိုအရွဲ့တိုက်ကာ Mingyu တစ်ယောက် မနက်နောက်ကျမှထကာ ညစဉ် Bar နှင့် Club အလှည့်ကျသွားလေသည်။နာမည်ကြီးစည်ကားလှသော Club တစ်ခုတွင် Mingyu တစ်ယောက် အရက်ကိုသာ ဖိသောက်နေသည်။
"Mingyu ၊ မင်းတစ်ခုခုဖြစ်နေတာလား? အခုတလော မင်းအရမ်းသောက်နေတယ်"
တုံ့ပြန်မှုမရှိသော Mingyu ကြောင့် Seokmin တစ်ယောက် ခေါင်းယမ်းကာ Minghao ကိုကြည့်လိုက်လေသည်။ Minghao ကလဲ သူဘာမှမသိကြောင်း ပခုံးတွန့်ပြလေသည်။
"Wonwoo Hyung နဲ့ ရန်ဖြစ်ထားတာလား?"
"အဲ့ဒီလို အေးတိအေးစက်လူနဲ့ ဘယ်နားမှာ ရန်ဖြစ်ရမလဲ?"