နေ့သစ်တစ်နေ့အစကို ခေါင်းကိုက် ခြင်းနှင့်အစပြုလာသော Kim Mingyu တစ်ယောက် အိပ်ရာမှနိုးလာသော်လည်း မထပဲ နေနေသေးသည်။
မနေ့ညက သူမူးနေသော်လည်း အချို့အရာများကိုမှတ်မိနေသေးသည်။ အိပ်ရာကထဖို့ အနည်းငယ်တွန့်ဆုတ်နေမိပြန်သည်။"Mingyu ?"
"အင်းးး"
အတွေးတွေနဲ့ နစ်မြောနေတဲ့ သူ့ကို တိုးဖွပေမဲ့ ခပ်နက်နက်ရှိသော အသံတစ်ခုက အသိဝင်လာစေသည်။
"နိုးပြီလား? အမူးပြေ ဟင်းရည်လုပ်ထားပေးတယ်"
"အင်း"
"ထလာပြီး ရေချိုးပြီး မနက်စာစားတော့"
"အင်း"
မိခင်ဖြစ်သူ မရှိတော့တဲ့နောက် ဝေးကွာနေသော နွေးထွေးမှုလေး တစ်ခုကို သူဖမ်းဆုပ်မိလိုက်တယ်လို့ ခံစားရသည်။
Mingyu တစ်ယောက် ရေချိုး သန့်စင်ပြီး အနည်းငယ်လန်းဆန်းလာသည်ဟုခံစားရသည်။ အနက်ရောင်ဘောင်းဘီအပွနှင့် အဖြူရောင် တီရှပ်တစ်ထည်ကို အလွယ်တကူ ဝတ်ဆင်ကာ ထမင်းစားခန်းထဲကို ထွက်လာခဲ့သည်။
မီးဖိုပေါ်မှာ ဟင်းရည်အိုးက ဆူပွက်စပြုနေသည်ကို အာရုံစိုက်နေသော Wonwoo ၏ နောက်ကျောကိုမြင်လိုက်ရသည်။
'ဒီလူက ငါ့ထက်ပိန်ပေမဲ့ ပခုံးတွေက ငါ့ထက်ကျယ်တယ်ထင်ရတယ်'
မီးခိုးနုရောင်ဆွယ်တာကို ဝတ်ဆင်ထားပြီး အသားရောင်ချည်သားဘောင်းဘီနဲ့ ထိုလူက လိုက်ဖက်လေသည်။
ထိုလူကအိမ်မှာဆို ဆံပင်တွေကို ပုံသွင်းထားခြင်းမရှိပဲ ခပ်ပွပွလေးနေပုံက ခေါင်းကိုပွတ်ပေးချင်စရာ ကြောင်ပေါက်လေးအလားပင်~~~
သူ့အတွက် တစ်စုံတစ်ယောက်က ဂရုတစိုက် အမူးပြေ မနက်စာပြင်ပေးတဲ့ ခံစားချက်က ရင်းနှီးနေသော ခံစားချက်မဟုတ်ပေမဲ့ နွေးထွေးစေသည်။
သို့သော် ထိုလူဟာ သူမဟုတ်တဲ့ တခြားသူတစ်ယောက်ကို ရင်ထဲမှာ ရှိနေတာသိရတော့ ဘာကြောင့်ရယ်မသိ သူအနည်းငယ်စိတ်မပျော်မရွှင်ဖြစ်မိလေသည်။"ရေချိုးပြီးပြီးလား?? လာထိုင် မနက်စာစားတော့"
"ခင်ဗျားက ဒီနေ့ Company မသွားဘူးလား?"
"အင်း နေ့လည်မှာ စာချုပ်ကိစ္စဆွေးနွေးစရာ ရှိလို့ အဲ့ဒီကိုပဲသွားတော့မှာ"