နွေးထွေးတဲ့နေရောင်ခြည်အလင်းက အခန်းထဲကိုဖြာကျလာနေခဲ့သည်။
နှိုးစက််မလို အတိအကျနိုးထလာတတ်သည့်အကျင့်ကြောင့် Wonwoo တစ်ယောက်နိုးလာလေသည်။
မျက်စိကိုဖွင့်ပြီး ကြည့်မိတော့ မရင်းနှီးတဲ့နေရာ ဖြစ်တာကြောင့် အနည်းငယ်ယောင်သွားမိသည်။
"အဟက် ငါအိမ်မှာမှမဟုတ်တော့တာ ဟိုကောင်လေးနဲ့ အတူနေရတာပဲ"
ခပ်ဖွဖွ ရယ်မိရင်း အကြောအချင််များဆန့်ကာ အိပ်ရာထဖို့ပြင်လိုက်သည်။
မျက်နှာ သစ်သန့်ရှင်းရေးလုပ်ပြီး အဝတ်အစားလဲကာ မနက်စာစားရန် မီးဖိုချောင်ထဲ ဝင်လာကာမှ သူ့အိမ်မဟုတ်သလို အိမ်အကူမရှိတာကို သတိရသွားမိသည်။ မိဘများက အိမ်အကူထားရန်ပြောသော်လည်း သူတို့ နှစ်ယောက်လုံးလက််မခံသောကြောင့် ချက်ပြုတ် သန့်ရှင်းရေးလုပ်ရန် အဒေါ်ကြီးတစ်ယောက် ခေါ်ဖို့နှင့် အဆုံးသတ်သွားသည်။
နာရီဝက်ခန့်လောက် ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေသော်လည်း အကြံထွက်မလာပေ~~
သူလုပ်တတ်တာက ခေါက်ဆွဲပြုတ်တာသာ ဖြစ်သောကြောင့် နံနက်ခင်းမှာ အသင့်စားခေါက်ဆွဲက မသင့်တော်ပေမဲ့ ခေါက်ဆွဲဗူးစားရန်သာ Wonwoo ဆုံးဖြတ်လိုက်သည်။
Kitchen ဗီရိုထဲက ခေါက်ဆွဲဗူးထုတ်နေတုန်း"မနက်အစောကြီး ခေါက်ဆွဲဗူးစားမလို့လား"
ဩရှရှ အသံကြောင့်နောက်လှည့်ကြည့်မိတော့ ဆံပင်ဖွာဖွာ အိပ်ချင််းမူးတူး ကောင်လေး ကို မြင်လိူကခရသည်။ အချိန်တိုင်း လူမိုက်ကလေးလို ဝတ်ဆင်ပြီး မထီတရီ ပြုံးတတ်တဲ့ ထိုကောင်လေးက အခုအချိိန်မှာတော့ puppy ပေါက်စလေး နှင့်တူနေလေသည်။
" ခင်ဗျား မနက်စာ မပြင်ဆင်တတ်ဘူးလား"
အိပ်ရာနိူးကာစ ဩရှရှ အသံကပင် ဆွဲဆောင်မှုရှိကာတစ်မျိုးနားထောင်၍ ကောင်းသည်ဟု တွေးမိပြီမှ Wonwoo လန့်သွားလေသည်။"ငါ ခေါက်ဆွဲပဲပြုတ်တတ်တာ"
"နာရီဝက်လောက် ခနစောင့်ပေး"
ဆိုတော့ကာ ပြင်ဆင်ပြီး အပြင်အတူတူထွက်စားမလို့လား ???
ဘာမှမလုပ်တတ်တဲ့ အတူတူ ရွေးချယ်စရာမရှိတာကြောင့် Wonwoo လက်ခံလိုက်တဲ့အခါ Mingyu အခန်းထဲပြန်ဝင်သွားလေသည်။
အလုပ်က ၃ ရက် အနားယူထားသည်ဆိုပေမဲ့ အလုပ်ကို စွဲလမ်းနေသော Wonwoo တစ်ယောက် သူ့လက်ထောက်ကို Project အခြေအနေများ mail ပို့ ခိုင်းထားသည့်အတွက် စစ်ဆေးရန် အခန်းထဲဝင်လာခဲ့လေသည်။
Laptop ကိုစာကြည့် စားပွဲပေါ်တင်ပြီး စတင်အလုပ်လုပ်သည်နှင့်တပြိုင်နက် ဗိုက်ဆာတာပါ သတိမရတော့ချေ။