မနက် 8:00 နာရီ
Choi ဥက္ကဌကြီးနှင့် ဇနီးမှာ မနက်စာ စားနေကြပြီး ဘေးမှာ ဥက္ကဌကြီးရဲ့ ကိုယ်ရေးအရာရှိက အသင့်စောင့်နေသည်။
Ting
မနက်စောစော Message သံကြောင့် ဥက္ကဌကြီး မျက်နှာမှာ အလိုမကျရိပ်တွေဖြတ်ပေးသွားသည်။
ကိုယ်ရေးအရာရှိမှာလဲ ဝင်လာသောစာကို အမြန်ဖတ်ပြီးမျက်လုံးများပင်ပြူးသွားရသည်။
"ဥက္ကဌ.... ဥက္ကဌကြီး ""ဘာလဲပြော "
တိကျပြတ်သားသည့် မိမိသူဌေးကို ဒီmessage အကြောင်း ရှင်းပြဖို့ အကြံထုတ်နေရသည်။
"ဟို .message က... ဟို "
"ဘာလဲ အခုဖတ်ပြစမ်း "
"ဟို.... ဟို ...."
"ထစ်အ ထစ်အ လုပ်မနေနဲ့ ဖတ်စမ်း "
"ဥက္ကဌကြီးရဲ့သား ကဘာတွေလုပ်နေလဲဆိုတာ သိချင်ရင် Lee မိသားစုစီကို ဥက္ကဌကြီးပါလိုက်ခဲ့ပါ။ ဒုတိယထပ် ဧည့်ခန်းကနေကျော်ရင် ထောင့်ဆုံး အခန်းကို ဖွင့်ကြည့်လိုက် သိလိမ့်မယ် "
Mr.Choi ရဲ့ ကိုယ်ရေးအရာရှိမှာ ဖတ်ပြလိုက်ရပေမဲ့ စိုးရိမ်ထိတ်လန့်မှုတွေကအပြည့်ပင်ဖြစ်သည်။
ဥက္ကဌကြီးက လေးလေးနက်နက်စဥ်းစားနေပုံရသည်။
Choi ဥက္ကဌ၏ personal ဖုန်းကို ပို့လာသောစာက နောက်ပြောင်နေဟန်မပေါ်ပေ။"ယောက်ျား .... "
ဥက္ကဌ ကတော်မှာလဲ အခြေအနေကိုအကဲခတ်နေရပေမဲ့ ရင်ထဲမှာတော့ မိမိသား တစ်ခုခုဖြစ်နေမှာကိုစိုးရိမ်မိနေသည်။ သားဖြစ်သူက လိမ္မာသော သားတစ်ယောက်ဖြစ်တာကြောင့် မဟုတ်တာ လုပ်မည်မဟုတ်သည်ကို ယုံကြည်မိပေမဲ့ ကံတရားက ပြော၍ ရသည်မဟုတ်။
မိမိညီမ အငယ်ဆုံးလေးတုန်းကလဲ လိမ္မာပြီးအေးဆေးတဲ့ကောင်မလေးက အချစ်ကြောင့်မိဘရင်ကိုစုန်ကန်ထွက်သွားခဲ့ပြီး ပြန်မတွေ့ရတော့သည့် ဥပမာက ဥက္ကဌ ကတော်ကြီးကို ခြောက်လှန့်နေပြန်သည်။"အတွင်းရေးမှူး Jung , Lee ဥက္ကဌရဲ့ အပန်းဖြေ Villa ကိုသွားဖို့ အသင့်ပြင်ထားလိုက်"
"ဟုတ်ကဲ့ ဥက္ကဌကြီး "
ဥက္ကဌ ကြီးစီမှ ညွှန်ကြားချက်ရသည်နှင့် ကိုယ်ရေးအရာရှိသည်လည်း အခန်းထဲကချက်ချင်းထွက်ခွါသွားသည်။