Mingyu က သူ့စကားအတိုင်းပဲ Company တစ်ခုကို စတင် run နေခဲ့လေသည်။ Company ဆိုတာထက် လူအနည်းငယ်နဲ့ စတင်တာမလို့ အလုပ်များရှုပ်နေတော့သည်။ US ဘက်နဲ့ ချိတ်ဆက်ရန် Company မှတ်ပုံတင်ခြင်း လုပ်ငန်းမှစတင်ကာ အလုပ်သမားခေါ်ယူခြင်းများ Company နေရာကအစ သူကိုယ်တိုင် ပါဝင်နေရတယ်။ Mingyu ၏ ရည်ရွယ်ချက်က Luxury Car များသာမက Branded Sport Cars များကိုပါ တင်သွင်းချင်သောကြောင့် သူသွားရမည့်လမ်းက ခရီးရှည်သေးသည်။ Choi group ၏ အကူအညီကို ရယူလျှင် မြန်ဆန်ချောမွေ့မည်ကို သိသော်လည်း သူ၏ မာနကား သူ့ကိုခွင့်မပြုခဲ့ချေ။
"ကိုယ် ကူညီပေးစရာရှိလား?"
"ရပါတယ်ဗျာ သူများ သားကို ယူထားပြီး ကိုယ်တိုင်ရှာဖွေ ကျွေးမွေးရမှာပေါ့ ကျွန်တော့်တို့ မိသားစုက Wonwoo လေူကို တင့်တောင့်တင့်တယ်ထားရမှာပေါ့"
"Kim Mingyu !! ငါကရော မင်းကို ယူမထားဘူးလား?"
Mingyu တစ်ယောက် ကျောင်းပြီးခါနီး အင်မတန်အလုပ်ရှုပ်နေသည်ကို တွေ့ရသောအခါ Wonwoo ကြည့်မနေနိုင်တော့ပေ..
ထီမတင်တဲ့ မျက်နှာထားနဲ့ ဘာကိုမှ အာရုံမစိုက်ပဲ ပြိုင်ကားပေါ်မှာသာ အချိန်ဖြုန်းတတ်သော လူငယ်လေးက ရုံးကိစ္စများအတွင် Suit ကိုကျကျနနဝတ်ဆင်ကာ အပြောအဆို အပြုအမူကအစ ပြောင်းလဲ သွားသည်ကို မြင်ရသောအခါ ဝမ်းသာရပြန်လေသည်။"Hyung ကျွန်တော်က အိပ်မက်တွေ အများကြီး ရှိတယ်.... ဒါကခြေလှမ်းအစပဲရှိသေးတယ်။ ကျွန်တော်အများကြီး ကြိုးစားရဦးမယ်"
"အရမ်း အပင်ပန်းမခံပါနဲ့လား...."
ကိုယ်ချစ်တဲ့သူ ပင်ပန်းနေရတာမြင်လျှင် မိမိပါ နာကျင်ရသော လူသားများ၏ သဘာဝ အလျှောက် Wonwoo လဲ Mingyu ပင်ပန်းတာကို မကြည့်ရက်နိုင်ပေ..
"ကျွန်တော် ယောက်ျားပါဗျ။ ဒီလောက်လေး ပင်ပန်းတာကို စာမဖွဲ့ပါဘူး။ ရန်ဖြစ်တုန်းက အချုပ်ထဲ ခနခန ဝင်ရတာ လောက်တောင် မပင်ပန်းဘူး"
"လူရှုပ်လေး"
လူငယ်လေးရဲ့ စကားတွေကြောင့် ရယ်မောမိကာ လေထုက သာယာနာပျော်ဖွယ်ဖြစ်သွားရပြန်သည်။
"Min ah......"
"အင်း....."
"ချစ်တယ်"