နောက်တစ်နေ့ တွင်တော့ Mingyu ရော Wonwoo ပါ သက်ဆိုင်ရာ ကျောင်းနှင့် လုပ်ငန်းခွင်ကို ဝင်ကြရတော့သည်။
Mingyu ဟာ နောက်ဆုံးနှစ်ကိုရောက်ရှိနေသလို Wonwoo ရဲ့ အားပေးမှုကြောင့် MBA ကိုပါ ထပ်မံတတ်ရောက်နေသည်။
Wonwoo ၏ လုပ်ငန်းကလဲ တိုးတတ်လာသည်နှင့်အမျှ နေ့စဉ်ဆိုသလို အစည်းအဝေးများ ဆက်နေလေသည်။
တစ်ပတ်လုံးလိုလို နှစ်ယောက်လုံးအလုပ််များနေခဲ့ကြသည်။
နေ့လည်ခင်းအားချိန်လေးခနတွင် ရုံးခန်းထဲ၌ အနားယူနေစဉ် လက်ထောက်လေးက
"Boss , Director Choi ရောက်လာပါတယ်"အသိပေးပြီးသည်နှင့် Seungcheol ကဝင်လာလေသည်။
"အလုပ်တွေများလှချည်လား သူဌေး Jeon ရဲ့"
Seungcheol ရဲ့ စနောက်သံကြောင့် Wonwoo ရယ်မောမိသွားသည်။
နှာခေါင်းလေး ရှုံ့ကာရယ်တတ်သော ပုံစံလေးက Wonwoo ကိုအသက်ဝင်စေလေသည်။"Hyung ကရော ဘယ်လိုများ အချိန်အားတွေရှိလာပြီး ဒီအထိရောက်လာရတာလဲ?"
"အဖေက Mingyu ကိုတွေ့ချင်နေတာလေ ။ ဒီတစ်ပတ် Sunday ကို အိမ်မှာ ညစာ လာစားစေချင်တာ။ ဖုန်းဆက်တော့လဲ ကောင်စုတ်လေးက မကိုင်ဘူးတဲ့"
"အစ်ကိုရော ဆက်ကြည့်ပြီးပြီလား?"
"အစ်ကိုဆက်တာကိုင်တယ် ဒါပေအဲ့ အဖေပြောခိုင်းတာကို စကားစရုံ ရှိသေးတယ်။ ကိုယ်တော်ချောက အတင်းဖုန်းချသွားတာ"
ပြောရင်း Seungcheol တစ်ယောက် သက်ပြင်းမောလေး ချမိလေသည်။ တစ်ယောက်တည်းသောရှိတဲ့ ဒီညီလေးကို သူ အမှန်တကယ်ချစ်လေသည်။ သို့သော် သူ၏မိခင်ကတော့ ဆန့်ကျင်ဖက်ပင်။
မိခင်ဖြစ်သူ၏ ခံစားချက်ကို နားလည်ပေးနိုင်သော်လည်း သူ မမြင်ဖူးခဲ့သော Mingyu ၏ အမေက မည်သည့် အရှုပ်အထွေးကိုမှ မဖြစ်ပေါ်စေခဲ့သောကြောင့် တတိယလူဟုဆိုကာ မုန်း၍ မရပေ။
၅နှစ်တောင် မပြည့်သေးတဲ့ Mingyu ကို ဖခင်ဖြစ်သူ လက်ဆွဲခေါ်လာကတည်းက မောင်နှ ရင်းချာမပြောနှင့် သွေးဝေးသော ဝမ်းကွဲ လက်ချိုးရေလို့ရသည့် Seungcheol က ချစ်ခင်မိခဲ့လေသည်။
အမေဖြစ်သူ၏ ညီမဟာ မိဘသဘောမတူတဲ့ သူနဲ့ ယူခဲ့သောကြောင့် အမွေဖြတ်ထားသဖြင့် သူ့တွင် ရင်းနှီးသော တစ်ဝမ်းကွဲဆိုသည််မှာရှားလေသည်။ Wonwoo တို့ Jihoon တို့လို ညီငယ်တွေကိုသာ ငယ်စဉ်ကတည်းက ခင််မင်ခဲ့ရသဖြင့် ဖခင်ဖြစ်သူ အပြင််မှာမွေးလာသော ထိုကလေးကို သူ ညီအရင်းလိုချစ််မိလေသည်။