☕️2🍫

1.7K 158 3
                                    

Dragon Group လို့ စာတန်းထိုးထားသော အထပ်မြင့်အဆောက်အဦးရှေ့တွင် အနက်ရောက် ကားတစ်စီးထိုးရပ်လာခဲ့သည်။
ထိုးကားပေါ်တွင် ဆင်းလာသော အမျိုးသားတစ်ယောက် ...
အသေးစိပ် ပြောပြရမည်ဆိုလျှင် အရပ်ခြောက်ပေခန့်ရှိပြီး ရင်အုပ်ကျယ်ကျယ် ပိန်းပါးတာလဲ ကြည့်ကောင်းတဲ့ ကိုယ်နေဟန်ထားက မီးခိုးရောင် Suit နဲ့ လိုက်ဖက်နေသည်။ Rolex နာရီကသူရဲ့ တောက်ပမှုကို ပိုပြီးထောက်ပံ့ပေးနေပြန်သည်။
ထိုလူသား၏ ရုပ်ရည်သွင်ပြင်ကို စာဖွဲ့ဆိုရမည်ဆိုလျှင် အေးစက်သော မျက်ဝန်း.....
ဖြောင့်စင်းနေသောနှာတံ အပေါ်နှုတ်ခမ်းပါးပါးလေးကို အထောက်အကူပြုထားတဲ့ အောက်နှုတ်ခမ်းထူထူလေး က ပနံသင့်လှလွန်းသည်။
ဆံပင်တွေကို သေသပ်စွာဖြီးသင်ထားပြီး သူ့မျက်နှာကိုပေါ်လွင်စေပြန်သည်။
Dragon group ကဝန်ထမ်း အမျိုးသမီး အကြီးအငယ်မရွေး နှစ်ခါပြန်ကြည့်မိကြမည်မှာ မလွဲမသွေပင် အကယ်၍ ပြန်မကြည့်မိရင်တော့သေချာပါသည် အမြင်အာရုံ အားနည်းသူသာဖြစ်လိမ့်မည်။
မန်နေဂျာချုပ် Choi ရဲ့ အရင်းနှီးဆုံးမိတ်ဆွေလို့ Dragon ကဝန်ထမ်းတွေ အကုန်သိထားကြတဲ့ ထိုလူသားကတော့ Power House Company ရဲ့ သူဌေးလေး Jeon Wonwoo သာဖြစ်သည်။
Dragon က Export / Import နယ်ပယ်မှာ ဆရာတစ်ဆူဖြစ်သည့်အပြင် Hotel များ Supermarket များကိုပါ ဖွင့်လှစ်ထား သည်။ Power House ကတော့ ဆောက်လုပ်ရေးကို အဓိက ထားသည့် Company တစ်ခုသာဖြစ်သည်။
လုပ်ငန်းချင်း ဆက်စပ်နေသလို Wonwoo နဲ့ Seungcheol ကလဲ အင်မတန်ရင်းနှီးသော ဆက်ဆံရေးရှိတာကြောင့် မကြာခနဆိုသလို Dragon ဘက်ကို Wonwoo ရောက်ဖြစ်သည်။
အတွင်းရေးမှူးမလေးက အကြောင်းကြားပေးထားသောကြောင့် Seungcheol ရဲ့ ရုံးခန်းရှိရာကိုပဲ တန်းဝင်လာလိုက်သည်။

"အစ်ကို ကျွန်တော် ဝင်လာပြီနော် "

"Wonwoo လာ လာ မတွေ့တာတောင်ကြာနေပြီ "

"အရင်တစ်ပတ်ကမှ Royal group က ဒုတိယသမီး မင်္ဂလာဆောင်မှာ တွေ့ပါသေးတယ်ဗျာ "

"အေးပါကွာ "

လုပ်ငန်း အနေအထားနဲ့ မိမိတို့ရဲ့ရာထူးတွေကြောင့် လုပ်ငန်းခွင်မှာ စီးပွားဘက်တွေရှေ့မှာ အားပြင်းတဲ့ အသွင်ကိုဆောင်ထားရပေမဲ့ နှစ်ယောက်တည်းသာရှိသည့်အချိန်တွင်တော့ လွတ်လပ်စွာပဲ စကားပြောဖြစ်ကြသည်။

If our love is true Where stories live. Discover now