တေးဂီတသံများ ပျံ့လွင့်နေသော ခြံဝန်းထဲမှာ ကျင်းပနေသော မွေးနေ့ပွဲ တစ်ခုက လူငယ်အများစုနှင့်ပြည့်နှက်နေသည်။
ထိုနေရာကတော့ Shinning star group ရဲ့ ဥက္ကဌကြီး Mr. Lee Jung ရဲ့ အပန်းဖြေအိမ်တော်ကြီးသာဖြစ်သည်။
ဥက္ကဌကြီးရဲ့ သားအကြီးဆုံး Lee Jihoon သို့မဟုတ် လက်ရှိ ဂီတလောကမှာ နာမည်ကြီး music producer ဖြစ်သော Woozi ရဲ့ မွေးနေ့ပွဲသာဖြစ်သည်။
Jihoon ကအေးအေးဆေးဆေးနေတတ်သူ ဖြစ်သောကြောင့် ထိုသို့သော ပွဲမျိုးများကို မနှစ်သက်သော်လည်း မိဘများကပြုလုပ်ပေးသောကြောင့် ရင်းနှီးသည့် လူများနှင့်သာကျင်းပခြင်းပင်ဖြစ်သည်။
Shinninh star company နှင့် မိတ်ဆက်ဖြစ်သော company များမှ လည်း မိမိတို့ သားသမီးများကိုသာစေလွှတ်ကြသည်။
ခြံအကျယ်ကြီး ဖြစ်သလို အိမ်တော်မှာလဲ အခန်းပေါင်းများစွာနှင့် ဖွဲ့စည်းထားသော ကြောင့်ရင်းနှီးသော သူငယ်ချင်းများနှင့် ညီအစ်ကို ဝမ်းကွဲများက အိမ်တော်မှာ ပင်အိပ်စက်ကြမည်ဖြစ်သည်။
မြက်ခင်းပေါ်မှာ စားပွဲခုံတွေချ မီးရောင်စုံများနှင့် ဆိုသော ပွဲမျိုးမဟုတ်ချေ။
လူငယ်များသာ ပျော်ပါးမည့်နေရာဖြစ်သောကြောင့် Mini bar လေးတစ်ခု နှင့် Dancing floor ပါပါလေသည်။ Woozi ရဲ့ အနုပညာ လောကက အသိများလဲ လာရောက်ကြမည်ဖြစ်သောကြောင်က လုံခြုံရေးကို သေချာစွာတင်းကြပ်ထားကြသည်။ ဖိတ်စာမပါပဲ ဝင်ခွင့်မရချေ။
Bar မှာ သောက်ပြီး Dancing floor မှာ ကနိုင်သလို မောပန်းလာလျှင် အနားယူဖို့ သို့မဟုတ် Buffet အေးအေးဆေးဆေး ထိုင်စားချင်သူများအတွက် စားပွဲဝိုင်းနှင့် ထိုင်ခုံများပါ စီစဥ်ပေးထားသည်။
Five star အဆင့် Hotel မှ chef များရဲ့ လက်ရာက လဲ စားချင်စဖွယ်မွှေးပျံ့နေလေသည်။
အနီရောင်ပြိုင်ကားလေး တစ်စီးက Parking မှာ ရပ်သွားပြီး ကားပေါ်မှာ ခပ်မိုက်မိုက်ကောင်လေးသုံးယောက်ဆင်းလာတာကြောင့် မိန်းကလေး အချို့ တင်မက ယောက်ျားလေးချို့၏ အာရုံက ထိုလူသုံးယောက်စီမှာသာပင်....
သို့သော် ထိုကောင်လေးသုံးယောက်မှာ ကြိတ်ကာ ရန်ဖြစ်နေကြသည်။"Lee Seokmin မင်းပြောတော့ မင်းအစ်ကို Lee Jihoon မွေးနေ့ဆို "
"အေးလေ ငါ့အစ်ကို Lee Jihoon ပဲလေ "
"ဟေ့ကောင် အဲ့ဒါ နာမည်ကြီးအဆိုတော်Woozi ကွ"
"အေး Woozi ကငါ့အစ်ကိုပဲလေ "