part-2

5.7K 398 12
                                        

Unicode

ဝဠာ တစ်ယောက် ကားကို မိုင်ကုန်မောင်းနှင်လာရင်းပါးစပ်မှလည်း အနိုး ဘာမှမဖြစ်ပါစေနဲ့ ဆုတောင်းရင်းသာ.......။

"အနိုး..."

ဝဠာ အိမ်ပေါ်အမြန်တက်လာပြီး သွေးသစ်အခန်းတံခါးအားဖွင့်လိုက်သောအခါ စိုးရိမ်စိတ်ကထိတ်ခနဲ....! အမြန်ပဲ လက်ကဒဏ်ရာကြည့်လိုက်တော့ သွေးများက အနဲငယ်ခြောက်နေသယောင် ကြည့်ရတာ ဒီကောင်လေး စိတ်လိုက်မာန်ပါလုပ်လိုက်ပြီထင်ပါရဲ့...!!

သွေးသစ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင်လုပ်ပြီး ဂရုမစိုက်တတ်တဲ့ နေရာမှာ ဆရာတစ်ဆူ...!!!

ဝဠာ အမြန်ပဲ ဆေးသေတ္တာကိုဖွင့်ကာ ဒဏ်ရာကို အရက်ပြန်နဲ့ သေချာဆေးကြောပြီး ဆေးထည့် ပတ်တီးစည်း ပေးထားလိုက်သည်။ ဒီကောင်လေးက သိပ်ခေါင်းမာတာ ကိုယ့်ကိုယ် ဘယ်တော့မှဂရုမစိုက်ဘူး ။

ဝဠာခေါင်းခါကာ မခြောက်သေး‌ပုံရသည့် သွေးသစ်ဆံပင်တွေကို သေချာသုတ်ပေးလိုက်သည် ။ သောက်ထားပုံရသည့် အနိုးက တုတ်တုတ်ပင်မလှုပ် မဖျားအောင်လည်းဆေးထပ်ထိုးပေးရအုံးမည်။

ဝဠာ ကုတင်ပေါ် ဘေးတစောင်းထိုင်လိုက်ကာ သွေးသစ်ဆံပင်လေးတွေကို သပ်တင်ရင်း.....

" အနိုး ....ကိုယ့်စကားကိုနားမထောင်ဘူးကွာ ဘာလို့အဲ့လောက်ဆိုးရတာလဲ ဂရုစိုက်ပါလို့ မှာထားရဲ့သားနဲ့ကွာ..!! မင်းကိုမချစ်တဲ့သူကိုမှ ဘာလို့ အဲ့လောက်ချစ်နေတာလဲ ၊ ဟိုကဖြင့် သိရဲ့သားနဲ့ အဖတ်တောင်မလုပ်တာကို အနိုးရာ မင်းသိပ်တုံးတယ်ကွာ...!!"

ဝဠာပြောရင်း မျက်ရည်များကြလာရပြန်သည်။ ကျွန်တော့် အဖြစ်က ဘယ်လိုပြောရလဲ..? သူငယ်ချင်းရဲ့ ယောကျာ်းကို မြင်မြင်ချင်းမိသွား‌တော့ ခက်သားဗျာ ။ နာကျဉ်ရလားဆို နာကျဉ်ရတာပေါ့ ဘယ်လိုမေးလိုက်ပါလိမ့် ကိုယ်ချစ်မိတဲ့သူက ကိုယ့်သူငယ်ချင်းကို သိပ်ချစ်တယ်တဲ့ ။

ကျွန်တော်ကတော့ အနိုးကို သိပ်မြတ်နိုးတယ် အာ့ကြောင့်လည်း မဝံ့မရဲ ကွယ်ရာမှာ အနိုးလို့ တိတ်တဆိတ်ခေါ်နေမိတာ ....။ အနိုးက သမုကို ချစ်တယ်လို့ မဖွင့်ပြောသလို ကျွန်တော်လည်း အနိုးကို ချစ်တယ်လို့ မဖွင့်ပြောမိပါဘူး...

Before time Passes (အချိန်မလွန်ခင်)[Complete]Место, где живут истории. Откройте их для себя