Uni
"လူကြီး..ဟော့ပေါ့စားမယ်လာလာ"
ဟော့ပေါ့ဆိုင်တွေ့တာနဲ့ အတင်းကို ခေါ်သွားတော့တာပါပဲ....။ ရောင်စဉ်သွေးသစ်က ဒီလိုလဲ ဂျစ်တစ်တစ်နိုင်ပါသေးတယ်.....။
ဆိုင်ထဲရောက်တော့ စားချင်တဲ့ ရေဘဝဲ၊ ကင်းမွန်၊ ပြည်ကြီးငါး၊ ဝက်သုံးထပ်သား၊ ဝက်နံရိုးနဲ့ ၊ အရွက်တစ်ချို့နဲ့ မှိုကိုပဲ ယူခဲ့လိုက်သည်...။ ပုဇွန်နဲ့ ဂဏန်းကတော့ နှစ်ယောက်လုံး မစားပေ။
အချိုပွဲအဖြစ် ဆူရှီလေးရယ်၊ ကျောက်ကျောရယ်၊ အသီးတစ်ချို့နဲ့ ရေခဲမုန့်ကို ယူခဲ့လိုက်တယ်....။ ဒိုင်ခံသွားယူတဲ့သူကတော့ ဝဠာပေါ့.....။ အမောင်သွေးသစ်ကတော့ ဝက်သားထိုင်ကင်နေပါရဲ့......။
ရေဘဝဲစားလိုက် ဝက်သားကင်စားလိုက်နဲ့ အနိုးက သူ့ရှေ့က ချစ်သူတစ်ယောက်လုံးကိုတောင် ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မထင်ပါ......။
အစားနဲ့ပတ်သတ်ရင် သွေးသစ်ဆိုတာ အကုန်မေ့ ကြာတော့ ဝဠာလည်း တင်းလာပြီ....။
"အနိုး...."
ဝဠာ မျက်မှောက်ကျုံ့.. ကြည့်ရင်းခေါ်လိုက်တော့ စပ်ဖြီးဖြီးနဲ့ ပန်းကန်ထဲကို ဝက်သားကင် လာထည့်ပေးပါတယ်... စားပါဆိုတဲ့စကားနဲ့အတူ.....။
ဝဠာလည်း သက်ပြင်းချကာ စားမည်ပြုနေတုန်း ဘေးနားမှာ လာရပ်တဲ့ အမျိုးသမီးတစ်ယောက်.....။
"ဒီမှာရှင့်...."
ဝဠာက တစ်ချက်ကြည့်ပြီး စားစရာရှိတာ ဆက်စားလိုက်သည်...အနိုးကိုထည့်ပေးဖို့လည်းမမေ့...
"ဒီက ဒေါက်တာ ဝဠာဘုန်းမြတ်သွင်လားမသိဘူးနော်..."
သွေးသစ် ထိုမိန်းမကိုကြည့်လိုက်တော့ ပုံစံက ထောင့်မကျိုး သူ့လူကြီးကိုလည်း နှိုက်မြည်းချင်နေတဲ့ပုံနဲ့ လူကြီးကိုကြည့်လိုက်တော့ အစားကိုပင်အေးဆေးစားနေသည်....။
သွေးသစ် တူကိုချကာ ပါးစပ်ကို တစ်ရှူးဖြင့်သုတ်လိုက်ပြီး....
"ဟုတ်တော့ ခင်ဗျားက ဘာလုပ်မလို့လဲ..."
ဝဠာကတော့ ကင်ပြီးသား အသားတွေကို အနိုးကို ခွံ့ကျွေးလို့ ဘေးက အမျိုးသမီးကို ရှိတယ်လို့တောင် မထင်....။
YOU ARE READING
Before time Passes (အချိန်မလွန်ခင်)[Complete]
General Fiction" အချစ် " ဆိုတဲ့ အရာဟာ သိမ်မွှေ့ပြီး အန္တရာယ်ရှိတယ်..... (ဤဇာတ်လမ်းပါ အချို့အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသည်....) Start date End date
![Before time Passes (အချိန်မလွန်ခင်)[Complete]](https://img.wattpad.com/cover/287350752-64-k415379.jpg)