part -22

3.3K 172 44
                                        

Uni

"ကိုကို ....သားသားကြောက်လို့..."

ဆိုပြီး သွေးသစ်ရင်ခွင်ထဲ ပြေးဝင်လာသော သမု...!!!

သွေးသစ်မှာ မျက်‌တောင်မခတ်နိုင်အောင်ပင် မလှုပ်နိုင်
အံ့ဩမှုများနှင့် ....။ ဝဠာက ဆရာဝန်ကြီးဘက်လှည့်ကာ..

"ဒေါက်တာ ဘယ်လိုတွေ ဖြစ်သွားတာလဲ...."

"လူနာက ဦးနှောက် အပြင်းအထန်ထိထားလို့ မှတ်ဉာဏ်တွေက ကလေးသာသာလောက်ပဲရှိတော့တယ် "

"ဒါဆို သွေးသစ်နဲ့ မင်းစည်သာကိုပဲ ဘာလို့ခင်မင်နေတာလဲ..."

"အရင်က လူနာက လူသိပ်မခင်တတ်ဘူးထင်တယ် သူ့စိတ်ရင်းထဲမှာ တကယ်သဘောကျမိတဲ့သူကိုပဲ မသိစိတ်က စွဲလမ်းနေလို့ ခုလိုဖြစ်သွားတာ.... ပြီးတော့ ခုလတ်တလော ခံစားချက်ရောထွေးနိုင်တယ်နော် နှလုံးလဲထားတာဖြစ်လို့..."

ဆရာဝန်ကြီးလဲ ရှင်းပြပြီးတာနဲ့ အခန်းပြင်ထွက်သွားလိုက်သည်။

"ကိုကို...ဟင့် "

ဝဠာကပဲ

"လာ သားလာ ကုတင်ပေါ်သွားရအောင်နော်..."

"ဟင့်အင်း သားသွားရင် ဒယ်ဒီကခေါ် ပြီး ဂိုထောင်ထဲပိတ်ထားမှာ သားသားကြောက်တယ် အက်ထဲမှာက အ‌ရမ်းလည်းမှောင်တယ်သိလား ပြီးတော့ ခုနက ဒယ်ဒီသားခွေးပေါက်လေးကိုသတ်ပစ်တာ သားကိုလည်းဒယ်ဒီကသတ်မှာ...ဟင့်အင်း သားသား ကိုကိုတို့နောက်လိုက်ခဲ့မယ်နော် သားသား ဒယ်ဒီကိုကြောက်လို့ပါ..."

ပြောကာ အော်ငိုနေပြန်ပြီ....။ ဆေးရုံအဝတ်နဲ့ အရင်က အပြောင်သိမ်းထားသော ဆံပင်များကလည်း နှာဖူးပေါ်တွင် အုပ်အုပ်ကလေး မျက်ရည်တွေနဲ့ စကားပြောနေသော သမုက တကယ် သနားဖို့ကောင်းလှသည်...။

အတိတ်ကနာကျဉ်ဖူးတာတွေကို ထပ်နာကျဉ်ရတဲ့ ခံစားချက်က လောကဓံကပေးတဲ့ အပြစ်လား.....?

သမုကို ဝဠာနဲ့သွေးသစ် ချော့ပြောကာခေါ်မှ ကုတင်ပေါ်ရောက်သွားသည်....။

ဦးစေခရာဇ်ကတော့ အခန်းအပြင်မှာဒူးထောက်ကာ သမု‌ကိုတောင်းပန်ပါတယ်ကြည့်ပဲ....။
ဖအေတစ်ယောက်ဖြစ်ပြီး သားအပေါ် ဒီလိုလုပ်ခြင်းဟာ
လုံးဝလက်မခံနိုင်တဲ့ အကြောင်းအရာပဲ....။

Before time Passes (အချိန်မလွန်ခင်)[Complete]Donde viven las historias. Descúbrelo ahora