Unicode
တီ...တီ..တီ
ကားဟွန်းသံကြောင့် ယသော် ကိုကိုရောက်နေပြီမှန်းသိလိုက်သည်။
"မေမေ့ ယသော်သွားပြီနော်..."
"အေးအေး သမီး နောက်ကျမနေနဲ့.."
"ဟုတ်"
ယသော် ပိုက်ဆံအိတ်လေးယူကာ ခြံရှေ့ထွက်လိုက်တော့ ကားကိုမှီရင်း စောင့်နေသော သမု...။
သမု အကြည့်တွေက ယသော့်ကို သိပ်စွဲဆောင်နေတာ ..။ သမုက အိမ်ထောင်ရှိမှန်း ယသော်သိနေတယ် ဒါ့ကြောင့်လည်း လမ်းခွဲဖို့လည်းပြောခဲ့ဖူးတယ်။
ဒါပေမယ့် သမုက " ကိုကို အဆင်ပြေတယ် ဆက်တွဲကြမယ် " ပြောလို့ ယသော်တို့ ဆက်တွဲဖြစ်ခဲ့ကြတယ်..။ ဒီလူသားကို ချစ်လွန်းလို့ ယသော်ရဲ့သိက္ခာတွေတောင် စတေးထားခဲ့ရတာ.....
ယသော်ဆိုတာ သမုအတွက်သာဆို သိက္ခာပါမက တစ်သက်မှာ တစ်ကြိမ်သာရှိတဲ့ အသက်ကိုလျှင် ပေးဖို့ ဝန်မလေးတဲ့ လူမျိုး....!!!
"ဟီး...ကိုကို "
"ကဲ ..ဘယ်သွားမှာလဲ..."
ယသော် လက်ညိုးလေးထိပ်လေးကို အသာကိုက်ကာ စဉ်းစားရင်း....!
"အမ်....ကိုကို meetingရှိလား..? မရှိရင် ယသော်နဲ့ shoppingထွက်ရအောင်နော်..."
မျက်ဝန်းတွင် အရည်ကြည်လေးများရစ်ဝိုင်းလို့ အပူကပ်နေသော ယသော်။ ကျွန်တော်က ဒီကောင်မလေး သဘောကို ဘယ်နှယ့်လွန်ဆန်နိုင်ပါ့မလဲ...။
"Meeting ကအရေးမကြီးပါဘူး ကိုကိုလိုက်ပို့မယ်နော် ပြီးရင် မာလာရှမ်းကောလည်းလိုက်ဝယ်ကျွေးမယ် နော် အချစ်လေး.."
သမု ယသော့်ပါးကို ရွှတ်ခနဲ နမ်းလိုက်ပြီး ပြောလိုက်တော့
"ဟာ ကိုကိုကလည်း ဘာအချစ်လေးလည်း "
ယသော် သမုကို မျက်စောင်းထိုးပြီး ရှက်ကာ ကားပေါ်တက်သွား လိုက်သည်။
သမု ပြုံးကာ ကားပေါ်အမြန်တက်သွားတော့သည်။
~~~~~~~~~~~
" သွေးသစ် ... သွေးသစ် ..ကိုယ်ရောက်ပြီနော်...! "
"ဟုတ် ကိုဝဠာဘုန်းမြတ်သွင် ခနနော် ကျွန်တော်လာခဲ့မယ်.."
ESTÁS LEYENDO
Before time Passes (အချိန်မလွန်ခင်)[Complete]
Ficción General" အချစ် " ဆိုတဲ့ အရာဟာ သိမ်မွှေ့ပြီး အန္တရာယ်ရှိတယ်..... (ဤဇာတ်လမ်းပါ အချို့အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသည်....) Start date End date
![Before time Passes (အချိန်မလွန်ခင်)[Complete]](https://img.wattpad.com/cover/287350752-64-k415379.jpg)