Uni
ညဉ့်အမှောင်ယံက တစ်ဖြည်းဖြည်း ကြီးစိုးလာလေပြီ.....အဝေးပြေးလမ်းမတစ်လျှောက် အသွားအလာကင်းမဲ့လို့....ဝဠာတို့ကားတစ်စီးသာ...သွားလာနေသည်...။
ဝဠာ ကားကိုလမ်းဘေးခနရပ်လိုက်သည်......။ သွေးသစ်ကိုဆေးထည့်ပေးရမည်မလား.....။ ကားရပ်လိုက်သည်နှင့် ဝဠာကို စိုးရိမ်စွာကြည့်လာသော သွေးသစ်....
"ကိုမြတ်သွင်....ကားကဘာလို့..."
ဝိုင်းဆက်နေသော မျက်ဝန်းလေးဖြင့် ကြည့်ကာ မေးလာသော သွေးသစ်ကို ...ဝဠာ ပြုံးပြကာ....
"ကိုယ်ဆေးထည့်ပေးမလို့ပါ....စိတ်မပူနဲ့နော်....ကိုယ်ကလေ အနိုးကို....ဘာမှမထိခိုက်အောင်ကာကွယ်ပေးသွားမှာ...."
သွေးသစ်က တစ်ခုခုကို နားမလည်သလိုစဉ်းစားပြီး ပါးစပ်မှလည်း.....
"အနိုး..."
ဝဠာ သွေးသစ်ဆံပင်လေးတွေကို အသာဖွကာ....
"အွန်း......ဟုတ်တယ် အနိုး......ကိုယ်အနိုးကို မြတ်နိုးလွန်းလို့ အနိုးလို့ခေါ် မိတာ....."
သွေးသစ်က ခေါင်းလည်းမညိမ့်သလို ခေါင်းလည်းမခါ ... ဝဠာကပဲ ကားနောက်ခန်းထဲက ဆေးသေတ္တာကို လှမ်းယူလိုက်သည်...။ ပြီးနောက် ...အနိုးလက်လေးကိုဆွဲမကာ....ဒဏ်ရာတွေပေါ် အသာယာဆေးလိမ်းပေးလိုက်သည်....။
သွေးသစ်က ကိုယ်လေးအနည်းငယ် တွန့်သွားသည်.....ဆေးကြောင့် စပ်သွားလို့ထင်ပါရဲ့...။ ဝဠာ....သွေးသစ်ဒဏ်ရာတွေကို လေလေးမှုတ်လို့ အသာဆေးလိမ်းပေးလိုက်သည်.....။
"အနိုး.....ခြေထောက်"
"ရပါတယ် ကိုမြတ်သွင် ကျွန်တော့ဘာသာ လိမ်းလိုက်ပါမယ်...."
"အနိုးက ကိုယ့်ကို အားနာနေတယ်ထင်တယ်... အားမနာပါနဲ့ပေးပါ...."
ဝဠာ သုံးခါလောက် ပြောမှ အင်တင်တင်နဲ့ ခြေထောက်လေး ဝဠာဘက်လှည့်လာသည်....။ ဒီကောင်လေး အတော်အားနာနေသည်..ထင်ပါရဲ့....။
ဝဠာ.....ဆေးလိမ်းပေးပြီး....သွေးသစ်ကို အကိုက်ခဲပျောက်ဆေး တစ်လုံးတိုက်လိုက်သည်....။ ပြီးနောက် သွေးသစ်ဘက်ကို လှည့်ကြည့်ကာ.....
ВЫ ЧИТАЕТЕ
Before time Passes (အချိန်မလွန်ခင်)[Complete]
Художественная проза" အချစ် " ဆိုတဲ့ အရာဟာ သိမ်မွှေ့ပြီး အန္တရာယ်ရှိတယ်..... (ဤဇာတ်လမ်းပါ အချို့အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသည်....) Start date End date
![Before time Passes (အချိန်မလွန်ခင်)[Complete]](https://img.wattpad.com/cover/287350752-64-k415379.jpg)